မဟာပညာကျော် အုတ်ဂူရဲ့ အဖြစ်အပျက် တစ်ချို့
ဧရာဝတီတိုင်း > မော်တင်စွန်းရှိ ရခိုင်ပညာရှိအမတ် မဟာပညာကျော် အုတ်ဂူရဲ့ အဖြစ်အပျက် တစ်ချို့ မှတ်တမ်းတင်ခြင်း။ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ရခိုင်အမျိုးသားတွေ မော်တင်စွန်းဘုရားကို ရောက်ရှိလာခဲ့လေတိုင်း ဘုရားဖူးပြီးရင် အများစုက အနေနဲ့ မေးမြန်းရှာဖွေလိမ့်ရှိနေခဲ့တာက ရခိုင်ပညာရှိအမတ်ကြီး မဟာပညာကျော် ရဲ့ အုတ်ဂူ ဘယ်နေရာမှာ ရှိနေခဲ့ပါသလဲ ဆိုတဲ့အမေးပါဘဲ ကျွန်တော်လဲ မော်တင်စွန်းဘုရားရင်ပြင်တဝိုက်မှာ ရှာဖွေခဲ့ပြီး မတွေ့နှိုင်တဲ့ အဆုံးမှာတော့ ဆံတော်ရှင်ဘုရား ရင်ပြင်ရဲ့ အရှေ့တောင်အရပ် မှာ ရှိနေတဲ့ ဝိသာခါကျောင်းဆောင်ထဲမှာ တွေ့ရှိရတဲ့ ဆရာတော်တွေ ကိုမေးမြန်းလျောက်ထားခဲ့ရပါတော့တယ် ဒကာကြီး ရေ ဟိုစေတီကာ အမတ်ကြီးရဲ့အုတ်ဂူ ပါဘဲလို့ စေတီရင်ပြင်ရဲ့ အောက်မှာ တဆူတည်းသာရှိနေခဲ့တဲ့ စေတီငယ်တဆူ ကို လက်ညိုးညွှန်ပြ ပြောဆိုပါတော့တယ် ကျွန်တော်လဲ အလင်းရောင် ရှိနေခိုက်မှာ စေတီကို မှတ်တမ်းတင်ဓါတ်ပုံရိုက်ကာ စေတီရဲ...