Posts

Showing posts with the label ရခိုင်ဘုရင် မင်းရာဇာကြီး နန့် သီဟိုဠ်ဘုရင် ပထမ ဝိမလဓမ္မ သူရီယ

ရခိုင်ဘုရင် မင်းရာဇာကြီး နန့် သီဟိုဠ်ဘုရင် ပထမ ဝိမလဓမ္မ သူရီယ,မင်းတို့ သာသနာပြု မှတ်တမ်း

Image
ရခိုင်ဘုရင် မင်းရာဇာကြီး နန့် သီဟိုဠ်ဘုရင် ပထမ ဝိမလဓမ္မ သူရီယ,မင်းတို့ သာသနာပြု မှတ်တမ်း =-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-= သီဟိုဠ်နိုင်ငံမှ သာသနာပြုစေလွှတ်ရန် တောင်းပန် လား၍ ရခိုင်နိုင်ငံတော် ရခိုင်ပြည် မြောက်ဦးမြို့ တော် ရခိုင်ဘုရင် မင်းရာဇာကြီးလက်ထက် အေဒီ (1593-ခု မှ 1612)ခု ၊ ကောဇာသက္ကရာဇ်( ၉၅၅-ခု မှ ၉၇၄ )ခု ၊ မြောက်တန်ဆောင် ဆရာတော် စန္ဒဝိလာသ,သည် အရံသံဃာတော် (၂၀)နန့်တကွ သီဟိုဠ်ကျွန်းသို့ သာသနာပြု ကြွရောက်ရန် မင်းရာ ဇာကြီး လျှောက်ထားတောင်းပန်ချက်-အရ (၉၆၈)ခု တန်ဆောင်မုန်းလတွင် သီဟိုဠ်သို့ ကြွတော်မူ၍ သီဟိုဠ်နိုင်ငံသူ/သားတို့အား ရဟန်း/ပဉ္ဇင်းခံစေ တော်မူ၍ သာသနာပြုတော်မူသည်။ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးသောဘန,ရဲ့   မဟာဒွါရ နိကာယ သာသနဝံသဒီပနီတွင် ------------------------------------------------------------------ သာသနာတော်နှစ် ၂၁၃၅-ခုနှစ် နန်းထက်လာသော ပထမ ဝိမလဓမ္မ သူရိယမင်း,လက်ထက် ရဟန်းတို့ ပင် လျင်းမရှိခြင်းကြောင့် ရခိုင်တိုင်းမှ ရဟန်းတို့ကို ပင့်ဆောင်၍ သီရိဝဎ္ဍနမြို့၌ နေစေလျက် ရိုသေစွာ လုပ်ကျွေးသည်။ သာသနာတော်(၂၁၄၀)ပြည့်နှစ်၌ မဟာဝါဠုကမြစ်က ကာဒမ္ဗမည်သောဆိပ်၌ နှလုံး မွေ့လျော်ဖ...