ဗိုလ်ချုပ်ခိုင်ရာဇာနှင့် ခေါင်းဆောင် ၅ ဦးအိန္ဒိယအန်ဒမန်

ဗိုလ်ချုပ်ခိုင်ရာဇာနှင့် ခေါင်းဆောင် ၅ ဦးအိန္ဒိယအန်ဒမန်& နီကိုဘာကျွန်းတွင်သတ်ဖြတ်ခံရမှုဖြစ်ရပ်မှန်။ "စစ်တပ်အာဏာပိုင်များက တမင်နောက်နေးအောင်လုပ်နေကြသည်။" ထိုဖြစ်စဉ်ဖြစ်ပွါးပြီး ငါးလကြာသည့်တိုင်အောင်လက်နက်များကိုCBI ထံ သို့လွှဲပြောင်းပေးရန်တောင်ဆိုသော်လည်း လွှဲပြောင်းမပေးခဲ့ပေ။ စစ် ဆင်ရေးတွင်ပါဝင်ခဲ့သောစစ်တပ်အရာရှိများအား စစ်ဆေးရန်ကြိုးပန်း သော်လည်း ထပ်ခါထပ်ခါ တားမြစ်ခံခဲ့ရသည်။ သက်ဆိုင်သောမှတ်တမ်း စာအုပ်များနှင့် စာရွက်စာတမ်းများမှာလည်း စုံစမ်းစစ်ဆေးသူများလက် ထဲသို့မရောက်သေးပေ။စစ်တပ်အာဏာပိင်ြများကတမင်နောင့်နေးအောင်လုပ်နေကြသည်ဟုCBI အရင်းမြစ်များကညီးတွားကြသည်။ ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေသည့် ထိုကစ္စများကိုအိန္ဒိယဝန် ကြီးချုပ်အားတင်ပြထားသော်လည်း ဤအမှုတွဲ၏ အခြေအနေအကြောင်းထဲထဲဝင်ဝင်စုံစမ်းစစ်ဆေးခွင့်ရရှိမည်မဟုတ်ဟုသံသယဖြစ်ကြကြောင်း CBI အရာရှိများကပြောသည်။ ထိုအမှုတွဲ၏ထိလွယ်ရှလွယ်နိုင်ပုံကို ဖမ်းဆီးခံထားရသောနိုင်ငံခြားသားများထံမှ စုံစမ်းရရှိသောအချက်အလက်များအရဆုံးဖြတ်နိုင်မည်ဖြစ်သည်။ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်ဖြစ် ပွားခဲ့သောဖြစ်စဉ်အားသူတို့ပြောပြပုံမှာ စစ်တပ်၏ FIR မှာရေးသားထားတာနှင...