ရခိုင်သူမြတ်ရဲ့ လောကသာရပျို့ ပုရပိုက်မူ
ရခိုင်သူမြတ်ရဲ့ လောကသာရပျို့ ပုရပိုက်မူ ................................................ ဒီကျမ်းဟာ လေးမြို့ခေတ်မှာ ရခိုင်သူမြတ်လို့ ကျော်ကြားခဲ့တဲ့ အရှင်အဂ္ဂါဓိပတိက ဘုန်းကြီး ကျောင်းသားလေး စော်ကဲတို့ကို သင်ပေးခဲ့တဲ့ ဆုံးမစာ ပျို့လင်္ကာ ကျမ်းငယ်တကျမ်း ဖြစ်တယ်။ မရည်မှန်းပဲ စော်ကဲဟာ ဗမာပြည်မှာ မင်းဖြစ်သွားတော့ အရှင်သူမြတ်ကို ဗမာပြည်ထိ ပင့်လို့ မင်းဆရာ အဖြစ်နဲ့ ကန်တော် မင်းကျောင်းကို ဆောက်လုပ်လှူဒါန်း ကိုးကွယ်ပူဇော်ခဲ့တယ်။ (ကျမ်းကိုး။။ ဆရာကြီးမင်သုဝဏ်၏ လောကသာရနိဒါန်း၊ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ၊ အခြားဆောင်ပါးများ၊ နှုတ်ဟြေရာဇဝင်များ၊ မှန်နန်း၊ ရခိုင့်ရာဇဝင်သစ်၊ တို့မှညှိရေးလိုက်သည်) 😃 Ssပုံထဲက ကျမ်းဟာ စော်ကဲတို့ သင်ကြားခဲ့တဲ့ လောကသာရ၊ ရာဇသာရ ပျို့မှ ကူးယူထားတဲ့ မူတခု ဖြစ်တယ်။ ၁၂ကြောင်း ရေးထားတယ်။ ပေရွက်တွေ ပုံစံက ဇာတာ(ရက်ချုပ်)နဲ့ တူနေတယ်...