ဓညဝတီ ရက္ခိုင်ပြည်မှ စတုတ္ထသင်္ဂါယနာ အကြောင်း အာနန္ဒစန္ဒြကျောက်စာ သက်သေတည်။

ရခိုင် စတုတ္ထသင်္ဂါယနာ အကြောင်း အာနန္ဒစန္ဒြကျောက်စာမှ သက်သေတည် ®®®®®®®®®®®®®®®®®®®®®®®® ရခိုင်ဝေသာလီ နှင့် သီရိလင်္ကာ သာသနာဆက်နွယ်မှု သီရိလင်္ကာနှင့် ရှေးခေတ်ရခိုင်ပြည်သည် ထေရ၀ါဒသာသနာ ထွန်းကားပြန့်ပွားရေးအတွက် အပြန်အလှန်ကူးလူးဆက်ဆံမှု ရှိခဲ့ကြသည်ကို အောက်ပါအတိုင်းတွေ့ရှိရပါသည်။ ၁။ သီဟိုဠ်မှ သံဃာတော်အရှင်မြတ်တို့သည် ထိုခေတ်ကာလက ဝေသာလီတိုင်းပြည် ပိုင်နက် နယ်မြေဖြစ် ခဲ့သည့် ဘင်္ဂနယ်သို့ ကြွရောက် သာသနာပြုခဲ့ကြောင်းကို (AD-3ရာစု) အိန္ဒိယနိုင်ငံတောင်ပိုင်း အန္ဒြ နယ် ရှိ နာဂဂျူနီဂွန်ဒါကျောက်စာတွင်ရေးထိုးပါရှိသည်ဟု ဆိုကြပေသည်။ ရခိုဝေသာလီခေတ် အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာအမှတ် (၆၁) တွင်လည်း သံဃာတော်တစ်ချို့နှင့် တရားဟောပလ္လင်၊တောက်ပသော ပိုးသင်္ကန်းများနှင့် ဆင်မယဉ်သာတစ်ကောင်ကို သီလာမေဃ ခေါ် သီဟိုဠ်ပြည်၏မင်းထံသို့ သာသနာပြုရန်စေလွှတ်ကြောင်းကို ရေးထိုးဖေါ်ပြထားပေသည်။ ကျောက်လှေကား ဝေသာလီခေတ်တွင် ရာဇ၀င်လာ သီရိစန္ဒြားမင်း၊ ကျောက်စာအလို သီရိဓမ္မ စန္ဒြမင်း (သာသနာနှစ် -၁၁၈၂-၁၁၈၄)(AD 624-640) နှစ်တွင် သီရိလကာင်္မှ ၀ိပသနာဓူရ သံဃာ(၅၀၀) ဂန္ဓာဓူရ သံဃာ(၅၀၀)ပါးတို့သည် ၀ါဒချင်းတူညီသည့် ကျောက်လှေကား ဝေသာလီသို့ စတုတ္ထသင်္ဂါ ယနာ တင်ရ...