Posts

Showing posts from July, 2021

မြောက်ဦးခေတ် သဇာတမင်း ဒင်္ဂါး။ ( 1515 -1521 A D)

Image
မြောက်ဦးခေတ် သဇာတမင်း ဒင်္ဂါး။ ( 1515 -1521 A D)  ======================= သဇာတမင်း၏ ဒင်္ဂါး၌ နှစ်ဘက်စလုံးတွင် ပါရှန်အက္ခရာဖြင့် ရေးထိုးထားသည်။  အချင်း- ၂၉ မီလီမီတာမှ ၃၀ မီလီမီတာထိရှိကြပြီး၊ အလေးချိန်-၈ ၈၉ / ၉.၈၅/ ၁၀.၁၇ ဂရမ် ထိရှိကြသည်။ သဇာတမင်း ဒင်္ဂါး မျက်နှာဘက်၌ရေးထိုးထားသော ပါရှန်စာကို ဒင်္ဂါးသုတေသီ မီချီနာစာက “La ilah ala/ Allah Mohammed/rasul Allah/ khalad Allah/mulkahu”=(  လာအီလာဟ်အလာ/အလ္လာဟ်မိုဟမ္မဒ်/ရဆူလ်အလ္လာဟ်/ ခါလဒ် အလ္လာဟ်/မူလ်ကာဟူ) ဟူ၍လည်းကောင်း၊  ကျောဘက်ပါ ပါရှန်စာကို “Al – Sultan/ I- rahman abu/ al-muzaffar alishah/al-sultan khalad/ allah mulkahu”=(အလ်ဆူလတန် /အိုင် ရဟ်မန် အဘူ/ရဟ်မန်အဘူ/အလ်မူဇာဖား အလီသျာ/ အလ်ဆူလ်တန်ခါလဒ်/ အလ္လာဟ် မူလ်ကာဟူ)  ဟူ၍လည်းကောင်း ဖတ်ရှုဖော်ပြထားသည်။  ဒင်္ဂါးသုတေသီ ရောဘင်ဆင်-အလ်အေရှောတို့ ရေးသားသော “The Coins and Banknote of Burma” မြန်မာ့ဒင်္ဂါးနှင့် ငွေစက္ကူများအကြောင်း စာအုပ်တွင် သဇာတမင်းဒင်္ဂါးပါ ရှေ့ဘက်စာကို“La ilah alla/ Allah Mohammed/rasul Allah/ khallad Allah/al mulkahu”=(  လာအီလာဟ်အလာ/အလ္လာဟ်မိုဟမ္မဒ်/ရဆူ...

ရက္ခပူရ သာသနာရေးရာ အဖြာဖြာ

Image
ရက္ခပူရ သာသနာရေးရာ အဖြာဖြာ  ================== ရခိုင်ပြည်တွင် ရှေးရခိုင်ဘုရင်များလက်ထက်က ဗဟုစာရဂိုဏ်း (ဂါမဝသီ) နှင့် အရညဝါသီသံဃာ ဧကစာရဂိုဏ်း (အရညဝါသီ) ဟူ၍ နှစ်မျိုးသာ သတ်မှတ်ကြောင်း သိရ၏။ ထိုသံဃာတော်များ ကိုလည်း မဟာသုဓမ္မာနိကာယာ (ကံဂိုဏ်း) ဝင် သံဃာတော်များဟုသာ ခေါ်ဝေါ်ကြသည်ဟု ဆို၏။သို့ရာတွင် သံဃာဂိုဏ်းမှာမူ တစ်ခုတည်းသာ ဖြစ်သည်ဟု သက်တော်ရှည် မဟာထေရ်များ၏ မိန့်ကြားချက်အရ သိရပါသည်။   ထိုသို့ သမိုင်းအစဉ်အလာကြီးမားသော ရက္ခပူရ မဟာသုဓမ္မာဂိုဏ်းသည် ၁၁၄၆ ခုနှစ် အထိ အစဉ်အဆက် တည်ရှိခဲ့ပါသည်။ ကောဇာ ၁၁၄၆ ( အေဒီ ၁၇၈၄) ခုနှစ်တွင် ရခိုင်ပြည်ကို ဗမာဘုရင် ဗဒုံမင်းက တိုက်ခိုက်သိမ်းပိုက်လေ သည်။ ထို့နောက်တွင် ဗဒုံမင်း၏ စီမံချက်အရ ဗမာတိုင်းရင်းသား ရဟန်းတော်များသည် ရခိုင်ပြည်သို့ကြွရောက်၍ သာသနာရေးရာ ကိစ္စများကို စီမံဆောင်ရွက်ခဲ့ကြသည်ဟု သိရပါသည်။  မြို့ဝန်ခေတ် ရက္ခပူရ သာသနာရေးရာ =================  ရခိုင်ပြည်ကို ဗဒုံမင်း သိမ်းပိုက်ပြီးနောက် နှစ်ပေါင်း (၄၀) အတွင်း မြို့ဝန် (၉) ဆက် အုပ်ချုပ်ခဲ့သည်ဟု သိရသည်။ ထိုခေတ်ကို မြို့ဝန်ခေတ်ဟု ခေါ်ကြပြီး မြို့ဝန်ခေတ်တွင် ရခိုင်ပြည်သာသနာသည် ကမောက်ကမ ...

ရခိုင်စစ်ပညာကျမ်း

Image
ရခိုင်စစ်ပညာကျမ်း  @@@@@@@ ရခိုင်သျှင်ဘုရင် မင်းဖလောင်လက်ထက် ရွီးထားခဲ့သော ကာမန္တကီနိတိသာရကျမ်း ( ရခိုင်စစ်ပညာကျမ်း ) မိတ္တူမူ မှတ်ချက် --------- Ko Rakhine - ဓာတ်ပုံ အစ ယူဆောင်ခဲ့သည်။