ရခိုင်ပြည်လေးမြို့ခေတ် ပဉ္စမ သင်္ဂါယနာ နှင့် ဧကဒဿမ သင်္ဂါယနာ

ရခိုင်ပြည်လေးမြို့ခေတ် ပဉ္စမ သင်္ဂါယနာ နှင့် ဧကဒဿမ သင်္ဂါယနာ =========================================== လေးမြို့ခေတ် ပဉ္စာမြို့၌ စန္ဒသင်မင်း၏သားတော် ရခိုင်ဘုရင်မင်းရင်ဖြူ သည် ကောဇာသက္ကရာဇ် (၂၀၅-၂၃၅ )ခုနှစ် AD (843 )ခုနှစ် သာသနာနှစ်(၁၃၇၄ )ခုနှစ်တွင် နန်းတက်၍ နန်းစံ ၄ နှစ်မြောက် သာသနာနှစ် (၁၃၇၈) ခုနှစ်တွင် ထိုမင်း၏ ပစ္စည်းလေးပါးချီးမြှောက်ခြင်းကို ခံယူလျှက် ရဟန္တာ အသျှင်နန္ဒယ ၊ အသျှင်ဘဒ္ဒိယ တို့ ဦးဆောင်သော သံဃာတော်အရှင်မြတ် (၈၀၀)ပါး တို့သည် ရှေးဝေသာလီသင်္ဂါယနာမူကို အခြေခံ၍ ရက္ခ၀ဏ္ဏအက္ခရာဖြင့် ရွှေပြားပေါ်တွင် ပိဋကတ်တော်များကို ဒုတိယအကြိမ် သင်္ဂါယနာတင်ကြပြန်သည်ဟု ဆိုပါသည်။ တင်ရခြင်းအကြောင်းရင်းမှာ ဝေသာလီခေတ်ရာဇ၀င်အလို (327 A.D To 816 A.D ) ပျက်စီးပြီးနောက် နှစ်ပေါင်း(၂၀၀) ကျော် ကြာညောင်းနေသည်ကတစ်ကြောင်း ၊ဝေသာလီပြည်တွင် တင်ခဲ့သော စတုတ္ထသင်္ဂါယနာ ကြိုးတန်းပိဋကတ်တော် ပေမူများ မပျက်စီး မပျောက်ဆုံးခင် သင်္ဂါယနာတင်ထားလိုသည့် ဆန္ဒရှိနေသည် ကတစ်ကြောင်း ၊ဝေသာလီခေတ် သင်္ဂါယနာမူတွင် ရေးသားခဲ့သည့် အက္ခရာနှင့် သူ့လက်ထက်တွင် ရေးသားနေသော စာပေအက္ခရာတို့အား နိုင်းယ...