Arakanese Canons at Mandalay Palace ( East ) မန္တလေး နန်းတော် အရှေ့ဖက်မှ ရခိုင် အမြောက်ကြီး (၃)လုံး။

Arakanese Canons at Mandalay Palace ( East ) မန္တလေး နန်းတော် အရှေ့ဖက်မှ ရခိုင် အမြောက်ကြီး(၃)လုံး။ ရိုက်ကူးသည့်နေ့ ။ ၂၅၊၉၊၂၀၁၇ သွန်းသံဖြင့် သွန်းလုပ်ထားပါသည်။ အလယ်က အမြောက်ကြီး၏ နောက်ဖက်တွင် ရခိုင်စာဖြင့်ရေးသားထားပါသည်။ ========================================== ရခိုင် သက္ကရာဇ် ၉၃၀။ ၀ဆိုဝ်လဆုတ် ၆ ရက် ပတုဟုနိ (ဗုဒ္ဓဟူးနေ့) ဟု အမြောက်တွင်ရေးထိုးထားပါသည်။ မင်းဖလောင်းလက်ထက်က အမြောက်ဖြစ်ပါသည်။ အမြောက်စာတွင် စာကြောင်း ၁၄ ကြောင်းပါရှိပါသည်။ စာကြောင်းရေ ၁၊၂၊၄၊၆၊၁၂၊၁၄ တို့ကို ဖတ်ရှု၍ ရသည်။ အခြားစာကြောင်းများမှာ သံချေးကြောင့် အသေအချာ မဖတ်နှိုင်။ စာကြောင်း ၁။ သကြစ် ၉၃၀။ ၀ဆိုဝ် လဆုတ် စာကြောင်း ၂။ ၆ ရက် ပတုဟုနိ စာကြောင်း ၄။ ဖရင် တန်ခိုဝ်း ဘုန်းတော်ကြီးလှစွာသော စာကြောင်း ၆။ စိုင် ရွှေနန်း သခင်ဘ၀ရှင် မင်းတြား စာကြောင်း ၁၂။ သိန== မီးပေါက် ရာက စာကြောင်း ၁၄။ ရှင်တော်ပြု၍ ပြီးမြောက်စင်၏။ ============================= ပတုဟုနိ= ဗုဒ္ဓဟူးနေ့ ဖရင်= ဘုရင် မင်းတြား=မင်းတရား မီးပေါက်= အမြောက် အဖိုးတန်သော အမြောက်စာများ မပျက်စီးအောင် အမိုးအကာအောက်တွင်ထားရှိသင့်ပါသည်။ ယခုအခါ မန္တလေး မဟာမုနိရှိ ရခိုင်ကြေးရုပ်မ...