Arakanese Canons at Mandalay Palace ( East ) မန္တလေး နန်းတော် အရှေ့ဖက်မှ ရခိုင် အမြောက်ကြီး (၃)လုံး။
Arakanese Canons at Mandalay Palace ( East )
မန္တလေး နန်းတော် အရှေ့ဖက်မှ ရခိုင် အမြောက်ကြီး(၃)လုံး။
ရိုက်ကူးသည့်နေ့ ။ ၂၅၊၉၊၂၀၁၇
သွန်းသံဖြင့် သွန်းလုပ်ထားပါသည်။
အလယ်က အမြောက်ကြီး၏ နောက်ဖက်တွင် ရခိုင်စာဖြင့်ရေးသားထားပါသည်။
==========================================
ရခိုင် သက္ကရာဇ် ၉၃၀။ ၀ဆိုဝ်လဆုတ် ၆ ရက် ပတုဟုနိ (ဗုဒ္ဓဟူးနေ့)
ဟု အမြောက်တွင်ရေးထိုးထားပါသည်။
မင်းဖလောင်းလက်ထက်က အမြောက်ဖြစ်ပါသည်။
အမြောက်စာတွင် စာကြောင်း ၁၄ ကြောင်းပါရှိပါသည်။
စာကြောင်းရေ ၁၊၂၊၄၊၆၊၁၂၊၁၄ တို့ကို ဖတ်ရှု၍ ရသည်။
အခြားစာကြောင်းများမှာ သံချေးကြောင့် အသေအချာ မဖတ်နှိုင်။
စာကြောင်း ၁။
သကြစ် ၉၃၀။ ၀ဆိုဝ် လဆုတ်
စာကြောင်း ၂။
၆ ရက် ပတုဟုနိ
စာကြောင်း ၄။
ဖရင် တန်ခိုဝ်း ဘုန်းတော်ကြီးလှစွာသော
စာကြောင်း ၆။
စိုင် ရွှေနန်း သခင်ဘ၀ရှင် မင်းတြား
စာကြောင်း ၁၂။
သိန== မီးပေါက် ရာက
စာကြောင်း ၁၄။
ရှင်တော်ပြု၍ ပြီးမြောက်စင်၏။
=============================
ပတုဟုနိ= ဗုဒ္ဓဟူးနေ့
ဖရင်= ဘုရင်
မင်းတြား=မင်းတရား
မီးပေါက်= အမြောက်
အဖိုးတန်သော အမြောက်စာများ မပျက်စီးအောင် အမိုးအကာအောက်တွင်ထားရှိသင့်ပါသည်။
ယခုအခါ မန္တလေး မဟာမုနိရှိ ရခိုင်ကြေးရုပ်များကို လူများကိုင်တွယ် မရအောင် လုပ်ဆောင်နေသည်ကို
တွေ့ခဲ့ရပါသည်။ ၀မ်းသာစရာပါ။
ယခု အမြောက်ကြီးများကိုလည်း ရေရှည်ခံအောင် ရှေးဟောင်း
သုတေသနဌာနက ထိမ်းသိမ်းသင့်ပါသည်။
မှုရင်း ဆရာအား အထူး Credit
Credit >>
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။