Posts

Showing posts from December, 2018

ရခိုင် စတုတ္ထသင်္ဂါယနာတင် သက်သေပစ္စည်းတစ်ခု

Image
အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာအမှတ်(၅၃) ****************************** ရခိုင် စတုတ္ထသင်္ဂါယနာတင် သက်သေပစ္စည်းတစ်ခု ============================ လောဟပါတြာဏျ နေကာနိ သန္နေတြ စီဝရာဏိစ၊ နာနာဒေဂါ ဂတာနာံစ ဘိက္ပူဏာံ ဂေါ်ရ၀ါဒ္ဒဒေါ်။ ---------------------------------------------------- ဂါထာ(၅၃) အဓိပ္ပါယ် * ဂါထာအမှတ် ၅၃ သည် အာနန္ဒစန္ဒြမင်းကျောက်စာ ကြောင်းရေ ၅၄-၅၅ တွင် ရှိပါသည်။ အာနန္ဒစန္ဒြ မင်းကြီးသည် သင်္ဂါယနာတင်ရန်အတွက် အနယ်နယ် အရပ်ရပ်မှ ရဟန်းသံဃာ တော်များ ပင့်ဆောင်ေ ကြာင်း၊ ကြွရောက်လာသော ရဟန်းသံဃာတော်များသည် သင်္ဂါယနာတင် ရန် အတွက် ဝေသာလီ နေပြည်ေ တာ်၌ ကာလရှည်စွာ သီတင်း သုံးနေ ထိုင် ရမည်ဖြစ်သောကြောင့် သင်္ကန်း၊သပိတ်များ အခက်အခဲမဖြစ် ရအောင် ကောင်းမြတ်သော သင်္ကန်းများနှင့် ကြေးသပိတ် ခွက်တို့ကို အလွန်ရိုသေ လေးမြတ်စွာဖြင့် ကပ်လှူပူဇော်သည်ကို ရေးထိုးထားခြင်းဖြစ်သည်။ ** အာနန္ဒစန္ဒြမင်းကျောက်စာအလိုအရဆိုလျှင် သင်္ဂါယနာတင်ရန် အနယ်နယ် အရပ်ရပ် ပြည်တွင်း ပြည်ပမှ ကြွရောက်လာသော ရဟန်း သံဃာတော်များ သီတင်းသုံးရန် ကြိုတင်ဆောက်လုပ်ထားသော အာနန္ဒော ဒယေ ကျာင်းေ တ်ာကြီးများတွင် နေရာချထားပေးပြီး ထိုကျောင်းတိုက်များ၌ သီတင်းသုံးကြေ သာ ရဟန်းသ...

ကျန်စစ်သား၏ မယ်တော် ရခိုင်ဝေသာလီ မင်းသမီး ပဉ္စကလျာဏီ ဟုတ်မဟုတ် စစ်ဆေးခြင်း

Image
ကျန်စစ်သား၏မယ်တော် ရခိုင်ဝေသာလီ မင်းသမီး ပဉ္စကလျာဏီ ဟုတ်မဟုတ် စစ်ဆေးခြင်း ။ Credit Daw Cho Maw ပုံများနှိပ်၍ ဖတ်ပါ ������������ ``ကျန်စစ်သား၊ပဉ္စကလျာဏီနှင့် ဝေသာလီ ´´ ( ၁ ) ••••••••••••••••••••••••••••••••••••••••••• မြန်မာ့ရာဇ၀င်တွင် ပုဂံပြည် ကျန်စစ်သားမင်း၏ အခန်းကဏ္ဍသည် အလွန်ပင် လွမ်းမောဘွယ်၊ထိတ်လန့်ဘွယ်၊ကြည်နူးဘွယ်၊အံ့အားသင့်ဘွယ်တို့နှင့် ဒဏ္ဍာရီဆန်လွန်းလှသည်။ ကျန်စစ်သားမင်းကြီး၏ အကြောင်းသာ မဟုတ်သေး။၎င်း၏ မိခင်ဖြစ်သော ပဉ္စကလျာဏီ၏ ဇာတိသည်လည်း အငြင်းပွားစရာ ပဟေဠိတစ်ပုဒ်လိုပင် ဖြစ်လျှက် ရှိပါသည်။ ဟံသာဝတီ ဦးဘရင်၏ ``မြန်မာ့ရာဇ၀င်မှတ်တမ်း´´တွင်..... - ထိုမင်း၏ မယ်တော်မှာ ရခိုင်ဝေသာလီမင်းက ဆက်သော ဥသျှစ်ပင် ဥသျှစ်သီးမှ သန္ဓေရရှိသည့် ရုစိယပဘ၀တီတွင် မြင်သည့် ပဉ္စကလျာဏီ မင်းသမီးဖြစ်လေသည်။ ဟု ဖော်ပြထားသည်။ ထိုသို့ဖော်ပြရခြင်းမှာ ဒုတိယန၀ဒေး၏ ဣသျှံဂူ မော်ကွန်းတွင်... ``နော်ရထာစော၊မုနောစည်းစိမ် နတ်ရွာငြိမ်သော်၊ရွှေအိမ်နန်းမြင့် စောလူးပွင့်၏၊ထိုမင်းနောင်ရင်း ကျန်စစ်မင်းတည့်၊ကြောင်းခြင်းတော်မှာ နော်ရထာလျှင်၊နောင်လာမင်းဖြစ် စိစစ်ပယ်ချေ၊ဟောတိုင်းမွှေသော် သန္ဓေ,၀မ်းနက်၊ပုခက်တွင...

ရက္ခပူရတိုင်း ဓညဝတီမြို့၌ဗုဒ္ဓကိုယ်တော်တိုင် ရောက်လာပြီး ဗုဒ္ဓကိုယ်ပွားတော် သွန်းခဲ့ကြောင်း သက်သေ သာဓကများ ။

Image
ရက္ခပူရတိုင်း ဓညဝတီမြို့၌ ဗုဒ္ဓကိုယ်တော်တိုင် ရောက်လာပြီး ဗုဒ္ဓကိုယ်ပွားတော် သွန်းခဲ့ကြောင်း သက်သေ သာဓကများ ။ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★  #၁။တောင်ပေါက်ကြီးကျောက်စာ သက်သေပြု ==================== တောင်ပေါက်ကြီးကျောက်စာကို တတိယဓည၀တီခေတ်တွင် သူရိယစက္ကမင်းကြီး (ဘီစီ ၃၁၅-၂ရ၁) က ရေးထိုးခဲ့သည်ဟု သမိုင်းနှင့်ကျောက်စာပညာရှင်များက သုတေသနပြုမှတ်ချက်ချခဲ့ကြပါသည်။ ဤကျောက်စာကို ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့မှ မဟာမြတ်မုနိ ဘုရားသို့ သွားရာလမ်းရှိ တောင်ပေါက်ကြီးကျေးရွာအနီး သဘာဝကျောက်တောင်ပေါ်၌ ရေးထိုးထားခဲ့သဖြင့် တောင်ပေါက်ကြီး ကျောက်စာဟု ခေါ်ဆိုကြသည်။ ၁၉၃၂ - ၃၃ ခုနှစ် ဧပြီလတွင်းက ဂုဏ်ထူးဆောင် ကျောက်စာဝန် ဦးစံရွှေဘု နှင့် ရခိုင်-မြန်မာ ပဏ္ဍိတ် ဦးဦးသာထွန်း တို့က တွေ့ရှိ၍ ကူးယူမှတ်တမ်းတင်ခဲ့ကြခြင်းဖြစ်သည်။ ထိုကျောက်စာကို ကူးယူမှတ်တမ်းတင်စဉ်ကာလက စာကြောင်းရေ ၂၅ ကြောင်းကျော်ရေးထိုးထားသည်ကို တွေ့ရှိရသော်လည်း၊ ၅ ကြောင်းကိုသာ ထင်ရှားစွာပေါ်လွင်သဖြင့် ကူးယူမှတ်တမ်းတင်နိုင်ခဲ့ပြီး၊ ကျန်စာကြောင်းများ၏ စာလုံးများမှာ ပျက်စီးနေခဲ့လည်ပြီ တောင်ပေါက်ကြီးကျောက်စာတွင် ရေးထိုးထားသော အက္ခရာစာလုံးများသည် ဗြဟ္မီအက္ခ...

ရက္ခိုင် ပြည်ဗုဒ္ဓသာသနာ မြန်​မာနိုင်​ငံကို လွမ်းခြုံထား

Image
ရက္ခိုင်ပြည်ဗုဒ္ဓသာသနာ မြန်​မာနိုင်​ငံကို လွမ်းခြုံထား ®®®®®®®®®®®®®®®®®®®®®®®®® မြတ်ကိုးပါး ဘုရား သမိုင်း အကျဉ်းချုပ် ၁။ မြတ်စွာဘုရား ပွင့်တော်မမူမီ နှစ်ပေါင်း(၃၀၀) ခန့် လောက်က တကောင်းပြည်ကြီးဍ် အဘိရာဇာမင်း မင်းပြု၏။ ထိုမင်းနတ်ရွာစံသောအခါ သားတော်ကံရာဇာကြီး ကံရာဇာငယ်တို့  ကုသိုလ်စစ်ထိုးကြရာဍ် ကံရာဇာကြီးစစ်ရှုးံ၍ ရခိုင်ပြည်နယ် ဓညဝတီမြို့ ကို တည်ထောင်၍ မင်းပြုတော်မူ၏။ ကံရာဇာကြီး မင်းမှစ၍ မင်းပေါင်း(၂၈)မြောက်သော အခါ သီရိ ရာဇာမင်း ပေါ်ထွန်းကာ ဝိမလဒေဝီ မိဘုရားနှင့် ထီးနန်းအုပ်ချုပ်မင်းလုပ်ခဲ့ရာ ဝိမလဒေဝီမိဘုရားမှ စန္ဒသူရိယမင်း ဥဒုမ္ဗရဒေဝီ သားတော်၊ သမီးတော်နှစ်ပါးဖွားမြင်တော်မူ၏ ။စန္ဒသူရိယမင်းသည် စန္ဒမာလာ မင်းသမီးအား မိဖုရားမြှောက်၍ မင်းပြု၏။ ၂။ ထိုအခါကာလ မဇ္မိုမဒေသ ဣန္ဒြိယပြည်တွင် မြတ်စွာဘုရား ပွင့်ကြောင်း သတင်းကောင်းကြားရ၍ စန္ဒသူရိယမင်းသည် မြတ်စွာဘုရားအားဖူးမြင်လိုသော ဆန္ဒပြင်းပြလှသဖြင့် နှမတော်ဥဒုမ္ဗရဒေဝီအား ပြောကြားရာဍ် မောင်တော် မြတ်စွာဘုရားတို့ မည်သည် ဖူးမြင်လို၍ ပင့်လျောက်ပါက ကြွတော်မူလေ့မယ်၊ သို့ အတွက် ရည်မှန်း၍ ပင့်လျောက်တော်မူပါဘုရားဟု လျောက်၏ နှမတော်လျောက်ထားချက်အရ စန္ဒသူရိယမင်းသည် (၇) ရက်ပ...

ဓညဝတီ ရက္ခိုင်ပြည်မှ စတုတ္ထသင်္ဂါယနာ အကြောင်း အာနန္ဒစန္ဒြကျောက်စာ သက်သေတည်။

Image
ရခိုင်​ စတုတ္ထသင်္ဂါယနာ အကြောင်း အာနန္ဒစန္ဒြကျောက်စာမှ သက်သေတည်  ®®®®®®®®®®®®®®®®®®®®®®®® ရခိုင်ဝေသာလီ နှင့် သီရိလင်္ကာ သာသနာဆက်နွယ်မှု သီရိလင်္ကာနှင့် ရှေးခေတ်ရခိုင်ပြည်သည် ထေရ၀ါဒသာသနာ ထွန်းကားပြန့်ပွားရေးအတွက် အပြန်အလှန်ကူးလူးဆက်ဆံမှု ရှိခဲ့ကြသည်ကို အောက်ပါအတိုင်းတွေ့ရှိရပါသည်။ ၁။ သီဟိုဠ်မှ သံဃာတော်အရှင်မြတ်တို့သည် ထိုခေတ်ကာလက ဝေသာလီတိုင်းပြည် ပိုင်နက် နယ်မြေဖြစ် ခဲ့သည့် ဘင်္ဂနယ်သို့ ကြွရောက် သာသနာပြုခဲ့ကြောင်းကို (AD-3ရာစု) အိန္ဒိယနိုင်ငံတောင်ပိုင်း အန္ဒြ နယ် ရှိ နာဂဂျူနီဂွန်ဒါကျောက်စာတွင်ရေးထိုးပါရှိသည်ဟု ဆိုကြပေသည်။ ရခိုဝေသာလီခေတ် အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာအမှတ် (၆၁) တွင်လည်း သံဃာတော်တစ်ချို့နှင့် တရားဟောပလ္လင်၊တောက်ပသော ပိုးသင်္ကန်းများနှင့် ဆင်မယဉ်သာတစ်ကောင်ကို သီလာမေဃ ခေါ် သီဟိုဠ်ပြည်၏မင်းထံသို့ သာသနာပြုရန်စေလွှတ်ကြောင်းကို ရေးထိုးဖေါ်ပြထားပေသည်။ ကျောက်လှေကား ဝေသာလီခေတ်တွင် ရာဇ၀င်လာ သီရိစန္ဒြားမင်း၊ ကျောက်စာအလို သီရိဓမ္မ စန္ဒြမင်း (သာသနာနှစ် -၁၁၈၂-၁၁၈၄)(AD 624-640) နှစ်တွင် သီရိလကာင်္မှ ၀ိပသနာဓူရ သံဃာ(၅၀၀) ဂန္ဓာဓူရ သံဃာ(၅၀၀)ပါးတို့သည် ၀ါဒချင်းတူညီသည့် ကျောက်လှေကား ဝေသာလီသို့ စတုတ္ထသင်္ဂါ ယနာ တင်ရ...