Featured
- Get link
- X
- Other Apps
အလွန်ရှေးကျသော မုနိတစ်ဆူ
အလွန်ရှေးကျတဲ့ မုနိတဆူ
:::::::::::::::::::::::::::::::::::::::
AD.၇၆၉.မှာ သိင်္ဂစန္ဒြားနဲ့ သုဝဏ္ဏဒေဝီစောပြည့်ညိုရဲ့သား စူဠစန္ဒြား နတ်ရွာစံတော့ ဝေသာလီပြည်ကြီး တခုလုံး တစစီပျက်စီးသွားပါတယ်။
အမြကူတို့ ၃ယောက်က နိုင်ငံ့အာဏာကို သိမ်းယူဖို့ အဆင့်ဆင့် ကြိုးစားလာကြတယ်။
နန်းတွင်း ပညာရှိတွေက တော်ဝင်မိသားစုနဲ့ သူတို့၃ယောက်ကြားမှာ နိုင်ငံတော် ပျက်စီး မသွားရအောင် ထိမ်းဖို့ ကြိုးစားကြတယ်။ အမြကူ သား ပဲဖြူကို စူလစန္ဒြားမိဖုရားနဲ့ လက်ဆက်ပြီး နန်းတင်ကြတယ်။ ငြိမ်းချမ်းရေး တခု ပြုလုပ်လိုက်တဲ့ သဘောပေါ့။
ဒါပေမယ့် ကံကြမ္မာက မျက်နှာသာ မပေး။ နိုင်ငံကို ၁၇နှစ်ပဲ ထိမ်းနိုင်ခဲ့တယ်။ ပဲဖြူ နတ်ရွာ စံသွားတော့ ဝေသာလီဟာ အိမ်ထောင်ဦးစီး မရှိတဲ့ မုဆိုးမ အိမ်လို ဖြစ်သွားခဲ့တယ်။ ဒါကို အခွင့်ကောင်းယူပြီး
* မေတ္တယျ ရုပ်တု၊
ရွှေဆင်းတု ပြောင်ပြောင်၊
အတောင် ရှစ်ဆယ်၊
ကြီးကျယ် နှင့်နှင့်၊
လွှားလွှား မြင့်ကို၊
ဖိုကျင့် ထိုး၍၊
ရသေ့မြို့ အားလုံး၊
ယူကြသုံးသဖြင့်၊ သုဉ်းဖူးသည် တဝ...
(ရာဇောဝါဒကျမ်း)
(ဦးဖိုးကျားခေတ်မီရာဇဝင် pdf၌လည်းကြည့်)
* အောက်သားနဲ့ သျှမ်းတွေ ဝင်ရောက်ကျူးကျော်လာကြတယ်။ (မြို့တည်ခန်း၊ပေမူ၊ ဝါချပ်)
* သျှမ်း(နန်ကျောင်း)တွေက ရမ်းဗြဲကို လာသိမ်းတယ်၊ လူတွေကို စစ်ကိုင်းသို့ ဖမ်းယူသွားတယ်။
*သံတွဲကို မွန်တွေ လာသိမ်းတယ်၊ (ရခိုင်ရာဇဝင်သစ်၊ပ၊၃၀၄)
ဓားပြ ဝင်တိုက်သလိုပေါ့။ ရခိုင်ကို ကျွန်ပြုဖို့ ကြိုးစားကြပေမယ့် ရခိုင်ရိုးမကြောင့် တာရှည် ချုပ်ကိုင်လို့ မရကြဘူး။
ရခိုင်ကလည်း နောက်မင်းဆက် တခုကို ထူထောင်ဖို့ ကြိုးစားတယ်။
* အနော်ရထာ ရောက်လာတယ်။ မဟာမုနိသိမ်ကို ဖျက်ပြီး ဘုရားကို ပင့်ယူဖို့ ကြိုးစားကြတယ်။ မရဘူး။ ဖိုထိုးပြီး ဖျက်ဆီးတယ်။ ပေါင်သားတော်၊ ကြောသားတော်တွေ ပျော်ကျသွားတယ်။( မဟာမုနိသမိုင်း၊မောက်တော်ဧခြင်း.၁၇)
ပြီးတော့.. နဖူးသင်းကျစ်တော်ဓာတ်ကို ဖောက်ကြတယ်။ ရခိုင်က သင်းကျစ်တော်ဓာတ်အတု တဆူ ပေးလိုက်ရတယ်။ ထိုသင်းကျစ်တော်ဓာတ်ကို ပုဂံရွှေစည်းခုံမှာ ဌာပနာ တည်ပြီး ကိုးကွယ်ကြတယ်။(ရခိုင်ရာဇဝင်သစ်၊ပ၊၃၁၃/မှန်နန်း/
ပုဂံမင်းဆက်၊၂၅၇)
* ရခိုင်မှာ နန်းတွင်း အာဏာ လုမှုဖြစ်လာတယ်။ မင်းသား မင်းရဲဘယက ပုဂံကို ထွက်ပြေးသွားတယ်။ အလောင်းစည်သူကြီးက မင်းရဲဘယရဲ့သားတော် လက်ျာမင်းနန်ကို နန်းတင်ပေးဖို့လာစဉ် မဟာမုနိဘုရားကို ဒုတိယအကြိမ် ဖိုထိုးပြီး ဖျက်ဆီးပစ်လို့ မဟာမုနိအစစ်မှာ အစအန ရှာမရအောင်ထိ ပျောက်ကွယ်သွားခဲ့ရပါတယ်။(မဟာမုနိသမိုင်း/ ရခိုင်ရာဇဝင်သစ်၊ပ၊၃၃၉)။
* ဘိုးတော်ဘုရားတို့ ပင့်သွားတဲ့ မဟာမုနိမှာ...
လက်ျာမင်းနန်နောက် ၇ဆက်မြောက် ဒဿရာဇာမင်းက ချောင်းထဲမှ ပင့်ဆောင်ပြီး ကိုးကွယ်ခဲ့တဲ့ ဘုရားသာ ဖြစ်တယ်။
အစစ်လည်း ဖြစ်နိုင်သလို..
နောက်တဆူလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
*ရခိုင်ကို ဘိုးတော် ဘုရားတို့ လာသိမ်းချိန်မှားလည်း ဘုရားဆင်းတုတော်တွေ မြောက်များစွာ ဖျက်ဆီးခံခဲ့ရတယ်။ ပင့်ယူသွားတာ ခံခဲ့ရတယ်။
အင်္ဂလိပ်တွေလည်း အမြောက်လုပ်ဖို့ ဖျက်ဆီး ခဲ့ကြပါတယ်။
* ပုံမှာ မြင်ရတဲ့ ဆင်းတုတော်က ထို ဖျက်ဆီးခံခဲ့ရတဲ့ ဆင်းတုတော်ပေါင်း များစွာထဲမှ တစ်ဆူ ဖြစ်ပါတယ်။ မသာမာသူတွေရဲ့ လက်ချက်ကြောင့် ဦးတော် တလုံးသာ ကျန်ရစ်ခဲ့ပါတယ်။
ထိုဦးတော်(ခေါင်း)အပိုင်းရဲ့ ခန္ဓာအောက်ပိုင်းကို လက်ကောက်ဈေး ဆရာတော်ကြီးက အသစ်သွန်းလုပ်ကာ ဓမ္မာရုံ တခုဖြင့် တည်ထား ပူဇော်ထားတာ ဖြစ်တယ်။
ဉာဏ်တော် အမြင့် ၅တောင်ခန့် ရှိပါလိမ့်မယ်။
အလွန်ထူးဆန်းပါတယ်။
နား ၂ပေါက်နဲ့ နှာခေါင်း ၂ပေါက်ကို ထုတ်ချင်းဖောက်ကာ သွန်းလုပ်ထားတဲ့ ဆင်းတု ဖြစ်ပါတယ်။
ပြီးတော့... မျက်နှာတော် တခုလုံး အိန္ဒိယသွေးသားတွေ ဖုံးလွှမ်းနေတယ်။ မန္တလေး မဟာမုနိထက်တောင် ပို့လို့ အိန္ဒိယဆန်တယ်။ အလွန်ရှေးကျတဲ့ လက်ရာ တခု ဆိုတာကို သမိုင်းရုပ်ကြွင်းကို လေ့လာဖူးသူတိုင် သိနိုင်ပါတယ်၊ အလွန့်အလွန်လည်း အံ့သြစရာ ကောင်းလှပါတယ်။
ဗန္ဓုလ(စန္ဒမုနိဘုရားကြီး)ကျောင်က စန္ဒမုနိဘုရားထက်တောင် ရှေးကျတဲ့ လက်ရာ တခုဖြစ်ပါတယ်။
မဟာမုနိ အစစ်မဟုတ်တောင်မှ
ရှင်ကျော်၊ ရှင်ချေ၊
သို့မဟုတ်
သူရိယစက္ကမင်းကြီးရဲ့ မုနိ ၅ဆူမှ တဆူ ဖြစ်ကောင်း ဖြစ်နိုင်ပါကြောင်း.....
မှတ်ချက်။
Credit, kaung san wai
ဓာတ်ပုံ,သျှင်ထွီးညို ပို့ပေးသည်။
အပြင်မှာနှင့် ဓာတ်ပုံ အမြင် နည်းနည်း ကွာခြားသည်။
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။