စောရဟန်းသိမ်ကျောက်စာသည် အနောရထာမင်း မတိုင်ခင် ရေးထိုးသော ကျောက်စာ မဟုတ်ကြောင်းနှင့် ဥဇနမင်းကြီး လက်ထက် ရေးထိုးသော ကျောက်စာဖြစ်ကြောင်း သက်သေ။
စောရဟန်းသိမ်ကျောက်စာသည်
အနောရထာမင်း မတိုင်ခင် ရေးထိုးသော ကျောက်စာ မဟုတ်ကြောင်းနှင့် ဥဇနမင်းကြီး လက်ထက် ရေးထိုးသော ကျောက်စာဖြစ်ကြောင်း သက်သေ။
◆ ▬▬▬▬▬▬ ❴✪❵ ▬▬▬▬▬ ◆
ကျောက်စာကို အမည် ခေါင်းစဉ်တပ်တာမှာ အမျိုးမျိုးရှိကြတာပေါ့လည်။ ရရှိတဲ့ နေရာဒေသအမည်ကို အစွဲပြုတပ်ခြင်း၊ ကျောက်စာပါ အကြောင်းအရာကို ကြည့်၍ အမည်တပ်ခြင်း စသဖြင့် ရှိကြတာပေါ့။
ဒါပေမယ့် ဒီPost မှာ ဦးစွာပြောလိုတာက စောရဟန်းသိမ်ကျောက်စာဆိုပြီး ခေါင်းစဉ်တပ်ထားတိုင်း အနောရထာမင်း ထက်စောတဲ့ စောရဟန်းမင်း ရေးထိုးသော ကျောက်စာဟု
မထင်လိုက်ပါနဲ့ ၊ မပြောလိုက်ပါနဲ့ ။
ကျောက်စာကို သေချာဖတ် ဘာသာပြန်ပြီးမှ အနက်အဓိပ္ပာယ်နှင့် ဆိုလိုရင်းကို သိပြီး ကြည့်ပြီးမှာ ပြောပါ။ ထင်ပါ။ ခေါင်းစဉ်တပ်ပါလို့ ပြောချင်ပါတယ်။
ယခု ပုဂံလို့ ခေါ်တဲ့ အရပ်ဒေသမှာ စောရဟန်း အမည်ခံ မင်း နှစ်ပါး ရှိပါတယ်။
#ပုပ္ပါးစောရဟန်း။ ။
ပုဂံရာဇဝင်တွင် သက္ကရာဇ် ဖြိုသောမင်းအဖြစ် ထင်ရှားသော ပေါက္ကံပြည့်ရှင် ဆရာသင်္ဃရာဇ် (ခေါ်) ပုပ္ပါးစောရဟန်းမင်း လက်ထက်တွင် ခ ဆ ပဉ္ဇကိန်း (ခေါ်) နှစ် သက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်ပြန်သည်နှင့် ၅၆၂-ခုမှ ခ ဆ ပဉ္ဇကိန်း ၅၆၀-ခု ဖြိုပြီးကျန်သော ၂-ခုကို ပေါက္ကံသက္ကရာဇ် အဖြစ် ယနေ့ထိ အဖြိုမရှိတော့ဘဲ ဆက်လက်သုံးစွဲခဲ့သည်။ ထိုသုံးစွဲခဲ့သော ပေါက္ကံသက္ကရာဇ်များသည် ယခုအခါ မြန်မာ ကောဇာသက္ကရာဇ် (ဂေါဇာသက္ကရာဇ်) ဟုခေါ်သည်။
ပုဂံရာဇဝင်တွင် စောရဟန်းမင်း နှစ်ပါးမှာ ပုပ္ပားစောရဟန်းမင်းကို သက္ကရာဇ်ဖြို စောရဟန်းမင်းဟု ခေါ်၍
၂/တောင်သူကြီးမင်းကို ညောင်ဦး စောရဟန်း ဟု ခေါ်သည်။
အခု စောရဟန်းကျောက်စာဟာ ရာဇဝင်စာအုပ်တွေက မင်းဆက်အတိုင်းပြောရရင် အနောရထာမင်း ပြီးနောက် ( ၉ )ဆက်မြောက် ဥဇနမင်းကြီးလက်ထက်မှာ သိမ်ကို ပြန်ဆောက်တဲ့အချိန် ရေးထိုးသော ကျောက်စာဖြစ်ပါတယ်။
ကျောက်စာမှာကို ပါပြီးသားပါ။
အတိုချုပ် လိုရင်း ဘာသာပြန်ဖော်ပြရရင်
...တူရွှင်းတောင်ပေါ်တွင် စောရဟန်းသိမ် ပျက်ခဲ့ကြောင်း ကြားသိရ၍ ဥဇနမင်းကြီး လက်ထက် နန်းတက်၍ (၁) နှစ်အကြာသောအခါ မင်းကြီးထံခွင့်တောင်း၍ မင်းကြီးပြုစေဟုရကာ သိမ်ကို ဆောက်ကာ သက္ကရာဇ် ( ၅၇၄ ) ခု နံယုန်လဆန်း ( ၁၂ )ရက် ကြတိုက်နှစ် တနင်္ဂနွေနေ့ အမြိတ္တစုတ် သန်းခေါင်အခါ နံနက် တစ်ဗဟိုဟ်(၁ ချက်တီး/နာရီ) သိမ်ဆောက်သတည်။ ပြီးတဲ့အခါ မင်းဆရာ သခင်ဓမ္မသီရိက သိမ်သမုတ်တယ်...စသဖြင့် ဘာသာပြန်ဆိုင်းဘုတ်မှာလည်း ပါပြီးသားပါ။
ဥဇနမင်းဟာ ရာဇဝင်စာအုပ်တွေမှာ သက္ကရာဇ် ၆၁၂ စတယ်လို့ရေးထားတာတွေ့ပါတယ်။ ဒါပေမယ့် ကျောက်စာမှာတော့ ဥဇနမင်းကြီးနန်းတက်ပြီး သက္ကရာဇ် ၅၇၄ ခု မှာ သိမ်ဆောက်သတည်..လို့ပါနေပါတယ်။ ရာဇဝင်စာအုပ်အရ မင်းဆက်များ၏ သက္ကရာဇ် နှင့် ကျောက်စာပါ သက္ကရာဇ် ကွဲလွဲပါတယ်။ ရာဇဝင်စာအုပ်ကဟာကို အတည်ယူလို့မရပါဘူး။ ကျောက်စာကဟာကို အတည်ယူရပါမယ်။ ဒါအပြင် ဥဇနမင်းကြီး သက္ကရာဇ်နဲ့ ပတ်သက်လို့..သက္ကရာဇ် ၅၅၀ မှာရေးထိုးတဲ့ #ကျောက်ဂူဥမှင်ဘုရား ကျောက်စာ မှာလည်း .....သက္ကရာဇ် ၅၅၀ တွင် စည်သူမင်းကြီးသည် နတ်ထမင်းရသော သခင်ထံပါ (ဓံပါ-ဓမ်ပါလ်-ဓမ္မပါလ)၏ ဘုရားကို ကျွန် စသည်များ လှူကြောင်းနှင့် #ဥဇနမင်းလက်ထက်တွင်လည်း ဆက်လက်လှူဒါန်းကြောင်းများ ပါရှိလေသည်ဟုလည်း ဆိုထားပြန်ပါတယ်။
ဒါဆို ဥဇနမင်းကြီးဟာ သက္ကရာဇ် ၅၅၀ / ၅၇၄ စသည့် ဝန်းကျင်မှာပဲ ဖြစ်မယ်ဆိုတာ သက်သေတစ်ခုပါပဲ။
ဒါဆို သက္ကရာဇ် ၅၇၄ ခု ဥဇနမင်းကြီး လက်ထက် စောရဟန်းသိမ်ကျောက်စာရေးထိုး ခုနှစ် ဆိုတာ သေချာနေပါပြီ။
ကျောက်စာကို သေချာဘာသာပြန်ဖတ်ရင် ပိုရှင်းပါလိမ့်မယ်။....
ဒီတော့ လိုရင်း အတိုချုပ်က
ဒီ စောရဟန်းသိမ်ကျောက်စာသည် အနောရထာမင်းကြီး လွန်ပြီးနောက် ဥဇနမင်းကြီးလက်ထက်မှာရေးထိုးသော ကျောက်စာဖြစ်တယ်ဆိုတာ သက်သေပါပဲ။
တချိူ့က စောရဟန်းသိမ်ကျောက်စာကို အနော်ရထာကထက် စောတယ်ဆိုပြီး အထင်မှားပြီး ပုဂံဒေသမှာ မြန်မာစာပေကို အနောရထာမင်း မတိုင်ခင် နှစ်ပေါင်း ၄၀၀ ကျော်ကတည်း မြန်မာစာပေကို ဗမာတွေ ရေးနေပြီး ဆိုတဲ့ ဂျင်းတွေကို လာလာပြနေလို့ပါ။
ဒီ စောရဟန်းသိမ်ကျောက်စာ၏ သမိုင်းအထောက်အထားကို သေချာမစီစစ်ပဲ လိုရားဆွဲ ဂျင်း Post တွေကြောင်း ဒီ Postကို ကျတော်ရေးလိုက်ပါသည်။
•••••••••••••••••••••••••••••
Zaw Zaw (ရက္ခပူရတိုင်း)











Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။