ဘာကြောင့် ရခိုင်ပြည်ဝေသာလီကို စတုတ္ထသင်္ဂါယနာ ခေါ်ရသည့်အကြောင်းရင်း ရှင်းလင်းချက်

ဘာကြောင့် ရခိုင်ပြည်ဝေသာလီကို စတုတ္ထသင်္ဂါယနာ ခေါ်ရသည့်အကြောင်းရင်း ရှင်းလင်းချက်


(၁) သာသနာသက္ကရာဇ်( ၁ ) (ဘီစီ 544) ခုနှစ် တွင် အဇာတသတ်မင်းသည် ပထမသင်္ဂါယနာကို 

ပါဠိဘာသာဖြင့် နှုတ်တိုက် သင်္ဂါယနာတင်ကြသည်။အိန္ဒိယ

(၂) (သာသနာသက္ကရာဇ်- ၁၀၀ ) (ဘီစီ 444) ခုနှစ် တွင် အဇာတသတ်မင်းသည် ဒုတိယသင်္ဂါယနာ 

ကို ပါဠိဘာသာဖြင့် နှုတ်တိုက် သင်္ဂါယနာတင်ကြသည်။အိန္ဒိယ

(၃) (သာသနာသက္ကရာဇ်- ၂၃၅ ) (ဘီစီ -309 ) ခုနှစ် တွင် သီရိဓမ္မာသောကမင်းသည် တတိယ 

သင်္ဂါယနာ ကို ပါဠိဘာသာဖြင့် နှုတ်တိုက် သင်္ဂါယနာတင်ကြသည်။အိန္ဒိယ ။

(၄) (သာသနာသက္ကရာဇ်- ၄၅၀ ) (ဘီစီ -94 ) ခုနှစ် တွင် ၀ဋဂါမဏိမင်းသည် စတုတ္ထသင်္ဂါယနာ ကို 

သီဟိုဠ်ဘာသာဖြင့် ပီထက်အက္ခရာ သင်္ဂါယနာတင်ကြသည်။ သီရိလင်္ကာ ။

(၅) (သာသနာသက္ကရာဇ်- ၆၀၀ ကျော် ) (အေဒီ - 1.2 ရာစု ) တွင် ကနိသျှကမင်းသည် စတုတ္ထသင်္ဂါ 

ယနာကို သက္ကတဘာသာဖြင့် ကြေးထက်အက္ခရာ သင်္ဂါယနာတင်ခဲ့သည်။အိန္ဒိယ(မဟာယနမူ)

(၆) (သာသနာသက္ကရာဇ်- ၁၁၈၄ ) (အေဒီ 638-642 ) ခုနှစ် တွင် သီရိဓမ္မစနြ္ဒမင်းသည် စတုတ္ထသင်္ဂါ 

ယနာ ကို ပါဠိဘာသာဖြင့် ပီထက်အက္ခရာ သင်္ဂါယနာတင်ခဲ့သည်။ ရခိုင်ဝေသာလီပြည် ။

အထက်ပါ သင်္ဂါယနာအကြိမ်ရေကို ကြည့်မည်ဆိုလျှင် အိန္ဒိယတွင် ပထမ၊ဒုတိယ၊တတိယ သင်္ဂါယနာ များကို နှုတ်တိုက်အာဂုံ ပါဠိဘာသာဖြင့် သင်္ဂါယနာတင်ခဲ့ကြသည်ကိုတွေ့ရပေမည်။

နောက်တစ်ခါ စတုတ္ထသင်္ဂါယနာကို သီဟိုဠ်တွင် သီဟိုဠ်ဘာသာဖြင့်တစ်ကြိမ်၊ အိန္ဒိယတွင် ကနီသျှက မင်းက သက္ကတဘာသာဖြင့်တစ်ကြိမ်၊ ရခိုင်ဝေသာလီတွင် ပါဠိဘာသာဖြင့်တစ်ကြိမ်ဆိုပြီး စတုတ္ထ အကြိမ်တစ်ခုတည်းတွင် ၃ ခါ တင်ထားကြသည်ကိုတွေ့ရပေသည်။ ရခိုင်ပြည်က သင်္ဂါယနာအကြိမ် ရေကို ပညာမေဓာမော်ကွန်းတွင် (ပ-ဒု-တ-မှီ၊ စတုတ္ထီကျ၊မဟိ ံသဟု၊ မည်ရသမိုင်း၊ ရက္ခိုင်တိုင်း) ဟုဆိုသော စကားရပ်ကြောင့် ရခိုင်ပြည်က သင်္ဂါယနာကို စတုတ္ထအကြိမ်ဟု ခေါ်တွင်ရ ခြင်းဖြစ် ပါသည်။ စတုတ္ထအကြိမ်သည် ရှေ့တွင် သီဟိုဠ် ၌တစ်ကြိမ်၊ အိန္ဒိယ၌တစ်ကြိမ် ရှိနေသော် လည်း ရခိုင်ဝေသာလီတွင် တင်သော သင်္ဂါယနာကို စတုတ္ထအကြိမ်ဟု အမည်တပ်ရခြင်းမှာ ပ-ဒု-တ သည် ပါဠိဘာသာဖြင့်တင်ပြီး သီဟိုဠ်တွင် သီဟိုဠ်ဘာသာ၊ နောက်တစ်ခါ ကနိသျှကမင်းက အိန္ဒိယတွင် သက္ကတဘာသာဖြင့်တင်ပေသည်။ ထိုကြောင့် ပါဠိဘာသာဖြင့် ရခိုင်ဝေသာလီတွင် တင်သော သင်္ဂါ ယနာတင်အကြိမ်ရေကို စတုတ္ထအကြိမ်ဟု အမည်ခေါ်ရခြင်းဖြစ်ပေသည်။ 

တနည်း ပါဠိအကြိမ်ရေတွက်သော်၄င်း၊ ပါဠိအကြိမ်ရေကို ကြိုးတန်းဖြင့်ဆွဲလိုက်သော်လည်း စတုတ္ထ အကြိမ်တွင် ကျရောက်နေသည်ကို တွေ့မြင်ရပေမည်။ ပုံကိုသေချာရှုပါ။

ရခိုင်ပြည်တွင် တင်ခဲ့သော သင်္ဂါယနာသည် စတုတ္ထအကြိမ်ဖြစ်ကြောင်း ပုံစာ


မောင်ဖြူ (ကြွီတဲကျွန်း)

အယနာစာပီအဖွဲ့ (ရန်ကုန်)

***************************************************************

ကျမ်းကိုး

အာနန္ဒစနြ္ဒမင်းကျောက်စာ 

ကဝိသာရလင်္ကာရဆရာတော်၊ ( ဓည၀တီအရေးတောပုံကျမ်း )

ရခိုင်ယဉ်ကျေးမှုများ၊ဝေသာလီခေတ် ဗုဒ္ဓသာသနာ( အရှင်စက္ကိန္ဒ)

ပဲခူးမင်းကျောင်းဆရာတော် ဦးပဏ္ဍိ ရေး ရခိုင်ရာဇ၀င်သစ်ကျမ်း

ဗုဒ္ဓသာသနာနှင့် ရခိုင်ပြည်( ဦးအောင်သာဦး)

ရခိုင်သမိုင်းအလင်းပြကျမ်း(ဦးရွှေဇံ)

ရာဇာနှင့် သာသနာ- ပါရဂူ

ကျောက်ရိုးတော်ဓါတ် စေတီမြတ်နှင့် ဘူမိနက်သန် ကျောက်တော်ဌာနေသမိုင်း(ထွန်းရွှေုခိုင်

ရှေးခေတ်ရခိုင်သမိုင်းစဉ်နှင့် ခေတ်အဆက်ဆက်ယဉ်ကျေးမှု - ဓည၀တီ ၊ ဦးရွှေဇံ( B.Sc., B.C.S.)

(ဦးအောင်သာဦး-B.A, B. E. S) ရခိုင်ယဉ်ကျေးမှု-ဝေသာလီခေတ် အတွဲ၁ အမှတ် ၁၉၆၆

1977 -ခု စက်တင်္ဘာလထုတ်၊ ရခိုင်မဂ္ဂဇင်းအမှတ်(၄) p-127 ဦးအောင်ချစ် (ကျောက်ဆိပ်)

ရခိုင်ဆောင်းပါးများ ဆရာချစ်(စစ်တွေ)

၁၉၉၅ခုနှစ် -ရခိုင်မဂ္ဂဇင်း ၁၇ ၊ ဝေသာလီအထူးထုတ်၊

ဦးဦးသာထွန်း ရခိုင်တန်ဆောင် ဆောင်းပါးများ

မြောက်ဦးမြို့နယ် ဖြစ်စဉ်သမိုင်း -မြောက်ဦးမြို့နယ် ပါတီယူနစ်-မြို့နယ်မှတ်တမ်းပြုစုရေးကော်မတီ 

Credit > Razar Min

မူရင်း >> https://m.facebook.com/notes/razar-min/စတုတ္ထအကြိမ်သင်္ဂါယနာရခိုင်ဝေသာလီ/1493764767413500/

Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)