ဗုဒ္ဓသည် ရခိုင်လူမျိုး။

..........ဗုဒ္ဓသည် ရခိုင်လူမျိုး။
 ▂ ▃ ▄ ▅ ▆ ▇ █ █ ▇ ▆ ▅ ▄ ▃ ▂ 


ဗုဒ္ဓသည် ဗမာလူမျိုး ဟု ဆိုနေသောလူများအတွက်
°°°°°°°°°°
လက်ရှိ ဗုဒ္ဓဘဝဟာ အိန္ဒိယမှာ လူဖြစ်တယ်  အိန္ဒိယကို ဘေးဖယ်လိုက်ရင် ဗုဒ္ဓသည် ရခိုင်လူမျိုးဆိုရင် အမှန်ကန်ဆုံးနဲ့ အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ် ။ 

အဘယ်ကြောင်းနည်း.. သိဒ္ဒတ္ထမင်းသာ အမည်ဖြင့် အိန္ဒိယနိုင်ငံမှာ မွေးဖွားတာပဲ ။ မှန်တယ် ဒါက လက်ရှိ ဘဝ မှပေါ့ ။ ဒီတော့ သိဒ္ဒတ္ထမင်းသား မဖြစ်ခင် အတ်ိတ်ဘဝအဆက်ဆက် ကျင်လည်ခဲ့ပုံ ရှိနေတာကို ၊

ကြည့်လည့် အတိတ်ကာလတစ်ခုမှာ
 လက်ရှိ ဓညဝတီမြို့က ရခိုင်ဘုရင် စန္ဒသူရိယမင်း နဲ့ သူငယ်ချင်းဖြစ်ခဲ့သော ဂေါတမ ဘုရားဖြစ်တော့ ကိုယ်ပွားတော်တောင် ထားခဲ့တာပဲ ။
ဒါပဲလားဆိုတော့ မဟုတ်သေးဘူး ၊ ရက္ခိုင်ပြည်မှာ လူဖြစ်လိုက် တိရစ္ဆာန်ဖြစ်လိုက်
 ကျင်လည်ခဲ့ပုံ မနည်းခဲ့ပဲ။
 ဓညဝတီရခိုင်ပြည်သို့ ရောက်တော်မူစဉ် အရပ်ထက်ဝန်းကျင်သို့ ကြည့်ရူတော်မူ၍ ပြုံးတော်မူ၏ မြတ်စွာဘုရား ပြုံတော်မူတာကို ညီတော် အာနန္ဒာ
မြင်လည်သောအခါ လက်အုပ်ချီတော်မူပြီး အကြောင်းကိုလျှောက်လည်သော မြတ်စွာဘုရားက ဤသို့မိန့်တော်မူ၏
 ချစ်သားအာနန္ဒာ မဇ္စျိမဒေသ သောဠသနဂိုရ်ပြည်ကြီးတို့၏ အနီးအစပ် အရှေ့တောင်အရပ်ဖြစ်သော ဤဓညဝတီပြည်သည် အလွန်ထင်ရှားမြင့်မြတ်သော တိုင်းပြည်ဖြစ်ပေ၏ ချစ်သားအာနန္ဒာ ငါဘုရားလောင်းသည် ရှေးရှေးသော ဘဝ၌ သုံးဆယ်သော ပါရမီကို ဖြည့်ကျင့်တော်မူသောအခါဝယ် ဤဓညဝတီပြည်၌ အကြိမ်များစွာ ဖြစ်တော်မူဖူးလည်သည် ။
 အဘယ်သို့ အကြိမ်များစွာ ဖြစ်တော်မူဖူးလည်သည်နည်းဟု မေးတော်မူကာ ဤဓညဝတီပြည်၌ ခြောက်ထောင်သော တပည့်တို့၏ အကြီးအမှူး ပုရောဟိတ်ပုဏ္ဏားဖြစ်တော်မူဖူးလေသည်။ ယင်းသို့ဖြစ်တော်မူဖူးလည်သောကြောင်း ငါ့၏ကိုယ်စားသဏ္ဍာန် သွန်းလုပ်တော်မူလတ္တံသော မဟာမုနိရုပ်ရှင်တော်သည် သုံးဖော်သော လောက၌ တောက်ပထွန်းလင်းစွာ ငါထားတော်မူလတ္တံသော သာသနာငါးထောင်ပတ်လုံး ကိန်းဝပ်တော်မူရာဖြစ်လတ္တံသတည်

👉👉👉 အောက်မှ Photo ၌ စာများတွင် ရက္ခိုင်ပြည်၏ ဘဝအဆက်ဆက်ကျင်လည်ခဲ့ပုံနှင့် ၎င်းကိုအကြောင်းပြု၍  ပရိနိဗ္ဗာန်ပြုပြီးနောက် ကြွင်းကျန်ခဲ့သော ဓာတ်တော်များအား ဓညဝတီရက္ခိုင်ပြည်၌ ဌပနာထားရန် ဗျာဒိတ်တော်ပေးခဲ့ပုံ စသည့် ဘုရားဖြစ်စဉ်များ ဆက်ဖတ်ပါ 

ဤအကြောင်းအရာသည် သမိုင်း ရာဇဝင် စာအုပ်၌တို့သာ ရှိသည်မဟုတ်ပေ ။ လက်ရှိ ရက္ခိုင်ပြည်တွင် ထင်ရှားစွာ သက်သေ တည်ရှိနေသော ဓာတ်တော်၏ဌပနာ စေတီတော်များစွာ  ယင်းအတိုင်း ရှိသေးသည် ၊ ဗုဒ္ဓဘုရား၏  ဆံတော်မှ အစ ဘုရား၏ ခြေတော်အဆုံး ဘုရား၏ခန္ဓာတစ်ကိုယ်လုံး ဓာတ်တော်မွေတော်များ တည်ရှိရာ ရက္ခိုင်ပြည်သည် ဗုဒ္ဓလွမ်းခြုံနေသော တိုင်းပြည်တစ်ခုဖြစ်သည်ဟု ဆိုအပ်ရပေမည် ။

ရက္ခိုင်ပြည် ဗုဒ္ဓဘုရားသမိုင်းကျမ်းအရ မြွက်ကြားခံရသော ဗျာဒိတ်၀င်ဓာတ်တော်စေတီများ
( ၂၄၈ ) ဆူ ကိန်းဝပ်တော်မူလျက်ရှိသည်၊  
၎င်းအတိုင်း ကွင်းဆင်းလေ့လာနိုင်သည် ။ 
 1.30 MB ရှိသော pdf စာအုပ် လုပ်ထားသည် စာအုပ်တွင်ဒေါင်း၍ ဖတ်နိုင်သည် 👉👉
 https://m.facebook.com/groups/270233910156290?view=permalink&id=409807546198925
 

ဤသို့သော ခိုင်မာတိကျသော သက်သေအထောက်အထားများသည် ရက္ခိုင်ပြည်၌ ဘုရားသည် ဘဝပေါင်းများစွာကျင်လည်တော်မူခဲ့သော ဗုဒ္ဓသည် ရခိုင်လူမျိုးဟု ဆိုလျှင် လွန်ရာ ကျမည် မထင်ပေ ။ 

°°°°°°°°°°










Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)