Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

အာနန္ဒစနြ္ဒမင်း ကျောက်စာတိုင် မြောက်ဘက်မျက်နှာမှ ( အာရက္ခဒေသ ) စာကြောင်း။

အာနန္ဒစနြ္ဒမင်း ကျောက်စာတိုင် မြောက်ဘက်မျက်နှာမှ
                      ( အာရက္ခဒေသ ) စာကြောင်း။
=============================
************************************


                  ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရန်အောင်ဇေယျ (ခ) သျှစ်သောင်းပုထိုးတော်ကြီးတွင် ရှေးဟောင်းကျောက်စာတိုင်ကြီး တစ်တိုင်ရှိသည်။ အဆိုပါ ကျောက်စာတိုင်၌ အရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက်တို့တွင် ကျောက်စာများရေးထိုးပါရှိသည်။ တောင်ဘက် မျက်နှာတွင် ကျောက်စာရေးထိုးမထားချေ။ ယင်းကျောက်စာ၌ ပီပီပြင်ပြင် ဖတ် ၍ရသော အနောက်ဖက်မျက်နှာစာကို အာနန္ဒစနြ္ဒမင်း ရေးထိုးခဲ့သောကြောင့် အာနန္ဒစနြ္ဒမင်းကျောက် စာဟု ခေါ်တွင်သည်။ ထိုအပြင် သျှစ်သောင်းဘုရားကျောက်စာတိုင်ဟု လည်းခေါ်ကြသည်။ 

*


အရှေ့ဘက်မျက်နှာစာကို အေဒီ ၅ ရာစုလောက်တွင် ရေးထိုးခဲ့ပြီး ၊အနောက်ဘက် မျက်နှာစာကို ကျောက်စာအောက်ခြေပါ (ဧကာဒဿမဗ္ဒေ=၁၁ ခု) ဟူသော စကားရပ်ကြောင့် အေဒီ ၇ ရာစုအလယ် အေဒီ ၆၄၉ တွင်ရေးထိုးခဲ့ကြောင်း သိရသည်။ မြောက်ဘက်မျက်နှာစာကို အေဒီ(၉-၁၀)ရာစု ရေးထိုးခဲ့သည်ဟု လက် ရေးလက်သားပညာရှင်များနှင့် သုတေသီများက ခန့်မှန်းထားကြသည်။

****



တစ်ချို့သောစာလုံးများကို ရှေးကပညာရှင်များလည်း ဖတ်ခဲ့ကြပြီးဖြစ် သည်။ ယင်းဖတ်ထားသည်များထဲမှ မြောက်ဘက်မျက်နှာစာ၌် ရခိုင်ပြည် ကိုခေါ်သော (အာရက္ခဒေသ) အမည်ပါသည်ဟု ရခိုင်သမိုင်း လေ့လာသူ အများအပြားက သိရှိထားကြပြီးဖြစ်သည်။ သို့သော်လည်း မြောက်ဘက် မျက်နှာမှ ယင်း (အာရက္ခဒေသ) ဟူသော ကျောက်စာ စာလုံးများကို အထောက်အထား၊ အကိုးအကားအဖြစ် သုံးစွဲနိုင်ရန် တစ်ဦးတစ်ယောက်မှ ယနေ့ထိ ထုတ်နှုတ်ဖေါ်ပြထားသည်ကို မတွေ့ရသေးပေ။ ယင်းကြောင်း မြောက်ဘက်မျက်နှာမှ စာကြောင်းရေ 
(၄၂) ၌ ရေးထိုးထားသော “အာရက္ခဒေသ” ဟူသော စာလုံးကို လေ့လာနေသူများ၊ ကိုးကားရေးသား အသုံးပြုနိုင်စေရန် လိုအပ်နေသူများအတွက် ထိုစာလုံးများ ကွန်ပျူတာဖြင့်  ထုတ်နှုတ်ရေးသားပုံဖေါ်၍ ဖေါ်ပြလိုက်ရပါသည်။ မြောက်ဘက်ကျောက်စာတွင် သက္ကတလို ရေးသားထားသည်မှာ (အာရက္ပဒိဂ့)=အာရက္ခဒေသ ဟူ၍ ရေးထိုးထားသည်ကိုတွေ့ရသည်။ 



( အာရက္ပဒိဂ့= အာရက်ဆျဒိသျှ(ရှ)= အာရက္ခဒေသ ) အထက်ပုံတွင် ရှင်းပြထားသည်။

•••••••


 တချိန်က ရက္ခိုင်ပြည်နှင့် (အိန္ဒိယ)သီဟိုဠ်=သီရိလင်္ကာနိုင်ငံတို့ အပြန်အလှန် သာသနာကိစ္စများရှိခဲ့ကြသည်။  ယင်းအချိန် ရက္ခိုင်ပြည်ကို (အိန္ဒိယ)သီဟိုဠ်=သီရိလင်္ကာနိုင်ငံတို့က  Rakkhanga (Rakkhanga desa) ဟုခေါ်ဆိုကြောင်းလည်းတွေ့နိုင်ပါတယ်.. တချို့ ယင်းဒေသမှာစာသင်နေထိုင်တဲ့ ရခိုင်ရဟန်းဆရာတော်များ FB နာမည်တို့တွင်လည်း Rakkhanga (Rakkhanga - desa) ဟု အများအပြား သုံးစွဲကြပါသည်။



 Google တွင် ရိုက်ရှာလျှင်လဲ့ Country = Rakkhanga (Rakkhangadesa) or
 ( Modern Arakan)  ခေတ်သစ် ရခိုင် ဟု တွေ့နိုင်ပါတယ်။

ရက္ခိုင်ပြည်ကို
Rakkhanga is the name of a district in Lower Burma, now Arakan. ရက္ခင်္ဂ (နိုင်ငံ)ဆိုတာ ယခုအခါ ရခိုင်ဟု ခေါ်သော မြန်မာနိုင်ငံ အောက်ပိုင်း ဒေသတစ်ခု၏အမည် ဖြစ်သည်'လို့ Wilhelm Geiger, Translation of Sulavamsa II, p.228, Foot Note မှာ ဖော်ပြပါရှိတယ်လို့လဲ့ သိရှိရပါသေးသည်။ 

Credit -FB" Razar Min မှ ကျတော် အနည်းအကျဉ်း ဖြည့်စွက်ခြင်း။
Credit အောက်ပုံများအား နှိပ်၍ ဖတ်နိုင်သည်။

Comments