ရခိုင် သက္ကရာဇ် (၁၃)နှစ် ကွာရခြင်းအကြောင်းအရင်း
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(သြဆာဂါရ)လော (သြဆာဂ့ါရ)လော
==========================
**************************************
ရခိုင်သမိုင်းတွင် သက္ကရာဇ်အလိုအားဖြင့် (၁၃) ကွာဟနေသည်ကို အငြင်းပွါးလျှက်ရှိကြသည်။ ယင်းသို့ဖြစ်ရသည်မှာ တစ်ချို့သောသုတေသီများက မေဓပညာမော်ကွန်းပါ ( ဓနဉ္စ= ၆၀၉) နှင့် (ဒေါဒေါရသ=၆၂၂) ကွာခြားနေသည်။
ရခိုင်းသမိုင်းအလင်းပြကျမ်း စာမျက်နှာ (၃၄၃) နှင့် (၂၅၂) တို့မှာ မေဓပညာမော်ကွန်းပါ ( သြဆာဂါရ )ကို (၂၅၇၀) ဟု အဓိပ္ပါယ် ဖွင့်ဆိုပြသည်။ (သြဆာဂါရ)ကို ပိဋကတ်သင်္ချာနည်းဖြင့် အဓိပ္ပါယ်ဖွင့်လျှင် (သြ-၀ ၊ ဆာ-၇ ၊ဂါ-၃ ၊ ရ-၂ )=( ၂၃၇၀) သာ အဓိပ္ပါယ် ဖွင့်ဆိုရရှိသည်။ (၂၅၇၀) ဟူ၍ ဖွင့်ဆိုကြသည်မှာ “သြဆာဂါရ” စာလုံးသည် “ သြဆာဂ့ါရ ” ဖြစ်ခြင်းကြောင့်ဟု သုံးသပ်မိသည်။ “ သြဆာဂ့ါရ ”စာလုံးများကို ပိဋကတ်သင်္ချာနည်းဖြင့် အဓိပ္ပါယ်ဖွင့်လျှင် (၂၅၇၀) ကိန်းကို ရရှိသည်။
ရခိုင်းသမိုင်းသုတေသီတစ်ချို့က မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်သော ကလိယုတ်နှစ်ကို (၂၅၅၇) ဟုဖေါ်ပြကြသည်။
( သြဆာဂါရ=၂၅၅၇) နှင့် ( သြဆာဂ့ါရ=၂၅၇၀) သည် ( ဂါ- ဂ့ါ) တွင် အဆံပါသည်နှင့် အဆံမပါသည် သက္ကတစာလုံး များကြောင့် (၁၃) နှစ် ကွာဟသွားသည်ဟု ယူဆရသည်။ ထိုကြောင့် ရခိုင်သမိုင်းတွင် သက္ကရာဇ်ကွာဟ နေသော (၁၃) နှစ်ကို ဤမော်ကွန်းလင်္ကာတွင် အထောက်အထားတစ်ခုအဖြစ် တွေ့ရှိရသည်။ (၂၅၇၀) ဟူသော ကိန်းဂဏန်းသည် မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်သော ကလိယုတ်နှစ်ဖြစ်သည်။
ကလိယုတ်နှစ်၊
=========
************
ကလိယုတ်နှစ်ဆိုသည်မှာ ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်သောကလိယုတ်နှစ် + သူရိယစိတြမင်းဖြိုသက္ကရာဇ်+ အာနန္ဒစန္ဒြမင်း(၀ါ)သီရိစန္ဒြမင်းဖြို သက္ကရာဇ် + ယခုရောက်ဆဲကောဇာသက္ကရာဇ် ကိုပေါင်းလဒ်ကို ကလိယုတ်နှစ်ဟုခေါ်သည်။
ကလိယုတ်နှစ်နှင့် ပက်သက်၍ မေဓပညာ-သင်္ဂါယနာတင်မော်ကွန်းလင်္ကာ၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသည့် ကလိယုတ်နှစ်ကို
“ သာကီသကျ ၊ ဂေါတမဟု ၊လောကလူရွာ၊ ဖြစ်လာရွယ်၊ ဒေ၀ါမနု၊ ကျွတ်မှုဟောကြား၊ လေးဆယ့်ငါးဝါ၊ ပြည့်ရေခါကား၊( သြဆာဂါရ)၊ သာခပုဏ္ဏီ ၊ ငြိမ်းလီနိဗ္ဗာန်။”
ရေးစပ်ထားသည်ကို တွေ့ရသည်။
( သြဆာဂါရ) ကို ပိဋကတ်သင်္ချာကောက်နည်းဖြင့်ဖေါ်ယူလျှင် (၂၅၇၀) ဖြစ်သည်ဟု ရခိုင်သမိုင်းအလင်းပြကျမ်း(စာ ၂၅၂)တွင် ဖေါ်ပြထားလေသည်။
ကလိယုတ် (၂၅၇၀) ကိန်းကိုရန် ( သြဆာဂ့ါရ=၂၅၇၀) ကို ရမည်ဖြစ်သည် ။ ( သြဆာဂါရ) ဆိုလျှင် (၂၃၇၀) သာဖြစ်သည်။
ဤသို့ဖြစ်ရသည့် အကြောင်းရင်းမှာ မေဓပညာမော်ကွန်းသည် မူလက သက္ကတဘာသာဖြင့် ရှိခဲ့သည်ကို ဖေါ်ပြနေသည်။ ခေတ်အဆက်ဆက်ကူးယူကြသည့်အခါ “သြဆာဂ့ါရ” ၌ (ဂါ)စာလုံးမှာ အလယ်က အဆံပါသည်ကို သတိမထားခဲ့မှုကြောင့် လည်းကောင်း၊ ပုံနှိပ်စာလုံးအဖြစ်ပြောင်းသည့်အခါ ဖောင့်စာလုံး မရှိခြင်းကြောင့် (ဂါ) ဖြစ်သွားရသည်ဟု ယူဆရသည်။
(၂၅၇၀ ) ဆိုသည်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသည့် ကလိယုတ်နှစ် ကိုဆိုလိုခြင်းဖြစ် ပြီး ၊ (သာခပုဏ္ဏီ ) သည် ကဆုန်လပြည့်ကို ဆိုလိုသည်။
တစ်ချို့သော သုတေသီများသည် ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်သောကလိယုတ်နှစ် (၂၅၅၇) ဟုဖေါ်ပြကြသည်။ ဤသို့ဖေါ်ပြကြသည်မှာ ( သြဆာဂ့ါရ) ကို ပိဋကတ်သင်္ချာကောက်နည်း ဖေါ်ယူသည့်အခါ (သြဆာဂ့ါရ )မှ (ဂ့ါ) နှင့် ( ဂါ) ကွဲလွဲသွားခြင်းကြောင့် (၁၃- နှစ်) ကွာသွား ခြင်းဖြစ်သည်ဟုယူဆ၏။
ထိုကြောင့် ယခုရောက်ဆဲ ကလိယုတ်နှစ်ကို သိလိုသော်
ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်သောကလိယုတ်နှစ် (သြဆာဂ့ါရ) - ၂၅၇၀
သူရိယစိတြမင်းဖြိုသက္ကရာဇ် - ၆၂၂
အာနန္ဒစန္ဒြမင်း- သီရိစန္ဒြမင်းဖြို သက္ကရာဇ် - ၅၆၀
ယခုရောက်ဆဲသက္ကရာဇ် - ၁၃၈၀
--------
ယခုရောက်ဆဲ ကလိယုတ် နှစ် ၅၁၃၂ ဖြစ်သည်။
တစ်နည်း
ကောဇာသက္ကရာဇ်+ သက္ကရာဇ်နှစ်ကြိမ်ဖြိုခဲ့သောကိန်း + ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်သောကလိယုတ်နှစ်= ရောက်ရှိကလိယုတ်နှစ်။
၁၃၈၀ +၁၁၈၂+ ( သြဆာဂ့ါရ=၂၅၇၀) +၅၁၃၂ ကလိယုတ်ဖြစ်၏။
တစ်နည်း
သာသနာနှစ် + ရောက်ရှိကောဇာသက္ကရာဇ်+သက္ကရာဇ်နှစ်ကြိမ်ဖြိုခဲ့သောကိန်း = ရောက်ရှိ ကလိယုတ် နှစ်။
၂၅၆၂ + ၁၃၈၀ + ၁၁၈၂ = ၅၁၃၂ ကလိယုတ်ဖြစ်သည်။
Credit -မောင်ဖြူ (ကြွီတဲကျွန်း)