Featured
- Get link
- X
- Other Apps
သမိုင်းလိမ် ပြဌာန်းမှု တခု
8 Jun 2017
သမိုင်းလိမ် ပြဌာန်းမှု တခု
(အလပြသမိုင်းဆရာ/မများ သိထားရန်)
...............................
ဆဋ္ဌမတန်း၊ သမိုင်းဖတ်စာ၊
အခန်း။၁။
က။ဒုတိယ မြန်မာနိုင်ငံတော်
(၁)'တောင်ငူ အင်အားတောင့်လာခြင်း' ခေါင်းစဉ်အောက်မှာ
��ပုဂံဧကရာဇ်နိုင်ငံတော်ကြီး ပျက်စီးပြီးနောက်။ပ။ လောင်းကြက်နှင့် မြောက်ဦးစသည့် ပဒေသရာဇ်နိုင်ငံငယ်များနှင့် မင်းငယ်များ ပေါ်ပေါက်ခဲ့သည်' လို့ ရေးသားထားတာကို တွေ့ရပါတယ်။
��
ပုဂံပျက်ချိန်အကျဉ်း
ံ
AD.၁၂၈၁-ခုမှာ ပုဂံကို တရုပ်စလို့ ကျူးကျော်တယ်။(မှန်နန်း၊၂၁၄)
AD.၁၂၈၄-မှာ နရသီဟပတေ့ကြီး တရုပ်ကို ကြောက်လို့ ပုဂံက ထွက်ပြေးတယ်။(၎င်း၊ ၂၁၆)
ပုဂံဖျက်ပြီလို့ ဟြေရင်လည်း ရပါတယ်။
AD ၁၃၆၈၊ ကောဇာ ၇၃၀၊ စောမွန်နစ် နတ်ရွာစံတဲ့နေ့မှာမှ ပုဂံဟာ လုံးဝ အဆုံးသတ်သွားတာကို တွေ့ရှိရပါတယ်။(၎င်း၊၂၂၃)
��
လောင်းကြက်ခေတ်အစနဲ့ အဆုံး
ံ
လောင်းကြက်ကို ရခိုင်ဘုရင် အလောမဖြူမင်းကြီးက
ကောဇာ ၆၁၃(AD-1251)ခု၊ နံယုန်လဆန်း ၂ရက်၊ စနေနေ့မှာ တည်ဆောက်ခဲ့တယ်။ (ရခိုင်ရာဇဝင်သစ်ကျမ်း၊ပ၊၃၅၄/ ဦးအောင်သာဦး၊ ရာဇဝင်၊ ၂၃)
ကောဇာ ၇၆၈(AD-1380)ခု၊ နတ်တော်လဆုပ် ၅ ရက်၊ စနေနေ့မှာ လောင်းကြက်မြို့ ပျက်စီးပါတယ်။ (ရခိုင်ရာဇဝင်သစ်၊ဒု၊၂)
��
သုံးသပ်ချက်
ံ
၁။ လောင်းကြက်မြို့သက်ဟာ စုစုပေါင်း ၁၅၅.နှစ်သာ ရှည်ခဲ့တယ်။
၂။ ပုဂံ အဆုံးသတ်ခါနီမှာ ပေါ်ပေါက်လာတဲ့ မြို့တော်တခု ဖြစ်တယ်။ မြို့သက် ၁၅၅.နှစ်တာ ကာလမှာ ပုဂံနဲ့ခေတ်ပြိုင်အဖြစ် ၁၄၃.နှစ်တိတိ နေခဲ့ရတယ်။ ပုဂံပျက်ပြီးနောက် ၁၂.နှစ်သာ သက်ဆိုးရှည်ခဲ့ပါတယ်။
ဒါကြောင့်
��လောင်းကြက်ဟာ ပုဂံပျက်စီးပြီးနောက်မှ ပေါ်ပေါက်လာတဲ့ မြို့တမြို့ မဟုတ်ပါ။ ပုဂံနဲ့ခေတ်ပြိုင် မြို့တော်တခုသာ ဖြစ်ကြောင်း....
တိုင်းရင်းသားတွေဒါကိုကန့်ကွက်သင့်တယ်အစိုးရကျောင်းစာကတိုင်းရင်းသားတွေအပေါ်မှာနိုင်ထက်စီးနင်းဖြစ်နေတယ်လူမျိုးတစ်မျိုးအတွက်တခြားလူမျိုးတွေရဲ့သမိုင်းဂုဏ်သိက္ခာကိုမဟုတ်မမှန်ချနင်းနေတယ်ကျောင်းဆရာတွေကိုအစည်းဝေးခေါ်ပြီးတော့ကျောင်းသားတွေကိုသမိုင်းနဲ့ပထဝီကိုယူဖို့တိုက်တွန်းခိုင်းတယ်ရည်ရွယ်ချက်ကဘာလဲဒီလိုမဟုတ်မဟတ်တွေသင်ပြီးတိုင်းရင်းသားတွေကိုသိမ်ငယ်စေဖို့လားး
ရခိုင်တစ်ပြည်လုံးပထဝီနဲ့သမိုင်းဘာသာမှာသူတို့ဘာတွေမဟုတ်မဟတ်လုပ်ထားလည်းမူလတန်းကနေတက္ကသိုလ်အထိသေချာစစ်ဆေးပြီးတော့သပိတ်မှောက်သင့်ကသပိတ်မှောက်သင့်တယ်ဒီလိုမျိုးတွေဒီနေ့လိုခေတ်မျိုးမှာလည်းဆက်လုပ်နေရင်သင်းစရာမှမလိုတော့တာအဲ့ဘာသာမသင်လည်းကျောင်းသားတွေအတွက်ပညာရေးမှာဘာမှထိခိုက်စရာမရှိ
၇ တန်းသမိုင်းမာတောခါ ဦးအောင်ဇေယျ သည် တနိုင်ငံလုံးစည်းလုံးနိုင်ခဲ့သော်လည်း ရခိုင်ကိုမစည်းလုံးနိုင်ခဲ့ပါ
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။