အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ရခိုင်ဝေသာလီခေတ်
သင်္ဂါယနာ
*************************************
===================================
မောင်ဖြူ(ကြွီတဲကျွန်း)
✏ ✏ ✏ ✏ ✏ ✏
အာနန္ဒစန္ဒြမင်းကျောက်စာကို အဓိပ္ပာယ်အပြည့်စုံဆုံး ဖော်နိုင်ဖတ်နိုင်ခဲ့သူမှာ အောက်စဖို့စ် တက္ကသိုလ် ဘေလီယောကောလိပ်မှ ပါမောက္ခ E.H Johnston ဖြစ်သည်။ ပါမောက္ခဂျွန်စတင်သည် ရန် ကုန်မြိ့မှပို့ပေးသော အာနန္ဒစန္ဒြမင်းကျောက်စာ မင်ကူးဓာတ်ပုံများကို လေ့လာကြည့်ရှုပြီး အင်္ဂလန်မှ နေ ၍ ဖတ်ခဲ့သည်ဟုဆိုသည်။ သူ၏ Some Sanskrit Inscriptions of Arakan စာတမ်းကို နိုင်ငံခြားသား တစ်ဦးအမြင်ဖြင့် ရေးသားတင်ပြခဲ့သောကြောင့် ရခိုင်ဒေသအတွင်း သက္ကရာဇ်ဖြစ်စဉ်၊ သင်္ဂါယနာဖြစ်စဉ်များကို အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ဆက်စပ်တွေးခေါ် မှုမရှိခဲ့ခြင်းကြောင့် အာနန္ဒစန္ဒြမင်း၏ကုသိုလ် ကောင်းမှုများကို ကမ္ဗည်းရေး ထိုးကြေညာထားသော သြဘာစာ ဟု ရေးသားဖော်ပြခဲ့ခြင်းဖြစ် သည် ဟုယူဆရသည်။
ဂျွန်စတင် စာတမ်းထွက်လာပြီး နောက်ပိုင်း ထုတ်ဝေရေးသား ကြသောစာအုပ်စာတမ်းများ၌ အာနန္ဒစန္ဒြမင်း ကျောက်စာသည် အာနန္ဒစန္ဒြမင်း၏ အလှူဒါနပြုခြင်းကို ကြေညာသော သြဘာစာသာ
ဖြစ်သည်ဟု ပါမောက္ခဂျွန်စတင်၏ မူအတိုင်း ရေးသားဖော်ပြခြင်းဖြစ်သည်။
အာနန္ဒစန္ဒြမင်း အဘယ်ကြောင့် အလှူဒါန ပြုလုပ်ရသနည်းဟူသော အကြောင်းတရားကို ထည့်၍ စဉ်စားသင့်ပေသည်။ အာနန္ဒစန္ဒြမင်းေ ကျာက်စာကို အလှူဒါနပြုလုပ်သောသြဘာစာဟု ရေးကြ ခြင်းမှာ မမှားသော်လည်း မှန်ကန်မှုမရှိပေ။ လူသားတို့ အကုသိုလ်အမှုဖြစ်စေ၊ ကုသိုလ်မှုဖြစ်စေလုပ်ငန်း တစ်ခုကို ဆောင်ရွက်ကြရာ၌ ယင်းရှေ့တွင် အကြောင်းရင်းခံတစ်ခုကြောင့် ပြုလုပ်ကြရခြင်းဖြစ်သည်။ ထိုနည်းတူ အာနန္ဒစန္ဒြမင်းပြုလုပ်သော ဒါနကုသိုလ်၏ ရှေ့၌ အကြောင်းရင်းခံ တစ်ခုရှိနေသည်။
ယင်းအကြောင်းရင်းမှာ ရခိုင်ဝေသာလီတွင် သင်္ဂါယနာ တင်ပွဲပြုလုပ်ရန် များစွာသော ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ကြရသည့်အခါ ထိုထိုသော အလှူဒါနပြုလုပ်ခြင်းများ ပါဝင်သွားခြင်းသာဖြစ်သည်။ အကြောင်းရင်းခံမရှိဘဲ ရွှေဘုရားများ၊ ငွေဘုရားး၊ကြေးဖြူ၊ ကြေးနီ၊ကြေးဝါဘုရားဆင်းတုများ သွန်းလုပ်ခြင်း၊ကျောက်ဆင်းတု၊ သစ်သား ဆင်းတု၊ ရွှံ့မီးဖုတ်ဆင်းတုများပြုလုပ်ခြင်း ၊စေတီများတည် ထားခြင်း၊ အာနန္ဒောဒယကျောင်းတော်ကြီးများ ဆောက် လုပ်ခြင်း၊ ဓမ္မသဘင် ခန်းမကြီးများဆောက်လုပ်ခြင်း၊ သင်္ကန်းများ၊ ကြေး သပိတ်များ၊ ပိဋကတ်တော် အစုံများစွာရေးကူးခြင်း၊ ပိဋကတ်တိုက်များေ ဆာက်လုပ်ခြင်း၊ ရွှေကြာပန်းများ၊ ငွေကြာပန်း များပြု လုပ်လှူ ဒါန်း ခြင်း၊ ရေတွင်း ရေကန်များတူးဖော်ခြင်း၊ မြို့တော် သာယာလှပရေးအတွက် လမ်း၊ တံတားများကို ဆန်းကြယ် စွာ ပြုလုပ်တည်ဆောက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများအတွက် လယ်ထွန်၊ ဆွမ်းချက်၊ လိုအပ်သော ဝေယျာ ၀စ္စကိစ္စရပ်များ ပြုလုပ်နိုင်ရန် လယ်၊ မြေ၊ ကျွဲ၊ နွား၊ကျွန်ယောက်ျား၊ ကျွန်မိန်းမ များကို တစ်ခါတည်း ထည့်သွင်း လှူဒါန်းခြင်း၊ တီးမှုတ် ကခုန်သူများ၊တူရိယာများ စသော မြောက်များစွာသော ကိစ္စရပ်များကို ပြုလုပ်ရခြင်းသည် သင်္ဂါယနာတင်ရန် အကြောင်းရင်းခံရှိနေသောကြောင့် ကြိုတင်ပြင်ဆင်ရခြင်းသာဖြစ်သည်။ တစ်နည်း အကြောင်း တရားကြောင့် အကျိုးတရားများ ဖြစ်ပေါ် လာခြင်း သာဖြစ်သည်။
ဗုဒ္ဓဘာသာဝင်မဟုတ်သော နိုင်ငံခြားသားတစ်ဦးသည် ဗုဒ္ဓဘာသာဝင်တို့၏ အသုံးအနှုန်းကို မသိသောကြောင့် အာနန္ဒစန္ဒြမင်းေ ကျာက်စာပါ ဗုဒ္ဓဘာသာဝင်တို့နှင့် ပက်သက်သော ဝေါဟာရအသုံးအ နှုန်းများသည် မှုန်ဝါးသွားရလေသည်။ ဥပမာ-နိုင်ငံခြားသားတစ်ဦးသည် ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးအား အသံမစဲပဋ္ဌာန်းပွဲတစ်ခုတွင် အဘိဓမ္မာဒေသနာတော်များ ရွတ်ဖတ်ပူဇော်နေသည်ကို နိုင်ငံခြားတစ်ဦး၏ အမြင်ဖြင့် မှတ်တမ်းရေးမည်ဆိုလျှင် ဗုဒ္ဓဘာသာဝင် ရဟန်းတစ်ဦး စာဖတ်နေသည်ဟုသာ သူ၏ပကတိ အမြင်ကို ရေးသားမှတ်တမ်းတင် မည်ဖြစ်သည်။ ထိုသို့ရေးလိုက်သောကြောင့် ဗုဒ္ဓဘာသာဝင်တို့၏ ဝေါဟာရ အသုံးအနှုန်းဖြစ်သော အဘိဓမ္မာဝေါဟာရသည် မှုန်ဝါးသွားလေသည်။ သူ၏အမြင်ကိုရေးသည်မှာ မမှားသော်လည်း အဓိက အကြောင်းရင်းခံဖြစ်သော ဗုဒ္ဓဘာသာတို့ သုံးနှုန်းသော ဘာသာရေး ဝေါဟာရများ၊ မူရင်းအဓိပ္ပာယ် များ ပျောက်ကွယ် သွားရလေသည်။
ထိုနည်းတူ အာနန္ဒစန္ဒြကျောက်စာကို ဗုဒ္ဓဘာသာဝင်မဟုတ်သူတို့ ဘာသာပြန် ဆိုသည့်အခါ ဗုဒ္ဓ ဘာသာဝင်တို့ အသုံးအနှုန်း စကားလုံးများဖြစ်သော “သဒ္ဓမပူဇာံ ဒိနေဒိနေ = မြတ်ဗုဒ္ဓဒေသနာတရားတော် များကို နေတိုင်းနေ့တိုင်း ရွတ်ဖတ်ပူဇော်သည်(၀ါ)သင်္ဂါယနာတင်သည်။” စကားရပ်၌ (သူတော်ကောင်းတရား ကိုပူဇော်သည်။) ဟု အမြွက်မျှသာ ရေးသားဖော်ပြခဲ့မှုကြောင့် ဗုဒ္ဓဘာသာဝင်တို့၏ ဝေါဟာရဖြစ်သော(မြတ်ဗုဒ္ဓ ဒေသနာတရားတော်များကို ရွတ်ဖတ်ပူဇော်သည်/ သင်္ဂါယနာတင်သည်) ဟူသော စကားရပ်မှာ မှုန်ဝါးပျောက် ကွယ်သွားကြသည်။
ယင်းအပြင် “သဒ္ဓမပုသ္တဂ္စါပိလေခိတာဗဟုဂးသတာ = မြတ်ဗုဒ္ဓဒေသနာတရားတော်ဖြစ်သော ကျမ်းဂန်တို့ကို အမြောက်အများရေးကူးသည်။ ”ဟူသော စကားရပ်၌လည်း (သူတော်ကောင်းတရား ကျမ်းဂန် တို့ကို ရေးကူးသည်) ဟုသာ ရေးသားခဲ့ကြသောကြောင့် သင်္ဂါယနာတင်ရာ၌ ဘုရားဟော ပိဋကတ် တော်များ ရေးကူးခြင်း ကိစ္စရပ်သည် စာဖတ်သူ များကို သို့လောသို့လောဖြစ်ကာ မှုန်ဝါးသွားလေသည်။
ယင်းအပြင်“မုနိန္ဒြသျ = မုနိအပေါင်းတို့၏ အဓိပတိ ဦးသျောင် မဟာမုနိ” ဟူသောစကားရပ်ကိုလည်း “ဘုရားဆင်းတု” ဟု သာမန်မျှသာ ရေးသားဖော်ပြခဲ့သောကြောင့် ရခိုင်းသမိုင်းတွင် အလွန်ထင်ရှားသောကျော် ကြားသော “မဟာမုနိ” ၏ပုံရိပ်သည် တိမ်မြုပ်ပျောက်ကွယ်ရလေသည်။ အာနန္ဒစန္ဒြမင်းကျောက်စာသည် အာနန္ဒစန္ဒြမင်းကြီးပြုလုပ်သော အလှူဒါနများကို ကြေငြာထားသော သြဘာစာမဟုတ်ဘဲ ရခိုင်ဝေသာလီတွင် ဟိနာယာန သင်္ဂါယနာတင်သည့်အခါ ကြိုတင်
ပြင်ဆင်ပြုလုပ်ဆောင် ရွက်ခဲ့သည်များကို အသေးစိတ်ရေးထိုး မှတ်တမ်းတင်ထားသော သင်္ဂါယနာ တင်မော်ကွန်းကျောက်စာသာ ဖြစ်လေသည်။
ယခင်အာနန္ဒစန္ဒြမင်းကျောက်စာကိုဖတ်ခဲ့သော ရှေးကသုတေသီ ပညာရှင်များ အဘယ်ကြောင့်သင်္ဂါယနာအကြောင်းကို မရေးခဲ့ကြ သနည်းဟု မေးစရာရှိသည်။ ဤမေးခွန်းကို ဖြေရပါလျှင် အာနန္ဒစန္ဒြမင်းေ ကျာက်စာတွင် သင်္ဂါယနာတင်ခဲ့သည့်အကြောင်းအရာများ နှင့် သင်္ဂါယနာ တင်ရန် ကြိုတင်ပြင်ဆင်ခဲ့ရသည်များကို ဂါထာအလိုက် ရေးသားဖော်ပြ ထားပါသည်။ ထိုသင်္ဂါယနာတင်သည့် အကြောင်းကို ရေးထိုးထားေ သာဂါ ထာပိုဒ်များသည် ရှေ့၊ နောက်၊ ထက်၊ အောက်၊နေရာအစဉ်တကျ မရှိခြင်းေ ကြာင့်လည်းဖြစ်နိုင်သည်။ ကျောက်စာမှာရေးထားသည့် ဂါထာပိုဒ်များ အတိုင်း အပေါ်ယံသဘောသာ ဖတ်ကြမည်ဆိုလျှင် ပါမောက္ခဂျွန်စတင် မှတ်ချက်ပြုခဲ့သည့်အတိုင်း မည်သူမဆို ဘုရား၊ကျောင်းကန်၊ စေတီပုထိုး၊ ဆင်းတု၊မြေ၊ ကျွဲ၊နွား အခြားအခြားသော ကုသိုလ်ကောင်းမှုဆိုင်ရာ ပြုလုပ်ခဲ့သည်များ ကိုဖတ်မိကြ မည်မှာ အ မှန်ဖြစ်လေသည်။ ထိုသို့ ဘာသာရေးနှင့် ဆိုင်သော ကိစ္စရပ်မြောက်မြားစွာ ပြုလုပ်သည်ကိုရေးထိုးထား သောကြောင့် ဤကျောက်စာသည် အာနန္ဒစန္ဒြမင်း အလှူပြုလုပ်ခြင်းကို ကြေညာသော သြဘာစာဟု ထင်မြင်ယူဆရေး သားကြခြင်းဖြစ်ေ လသည်။
ဤသို့ အဘယ်ကြောင့်အလှူပြုလုပ်ရသနည်း ဆိုသည့်အကြောင်းရင်းကို ဝေသာလီခေတ်ကပင် လက်ဆင့်ကမ်းသယ်ယူလာသော “ပညာမေဓာသင်္ဂါယနာတင်မော်ကွန်းလင်္ကာ” ၌ ရေးသားသည့် အကြောင်းအရာ အချက်အလက်များနှင့် ဆက်စပ်တွေးခေါ်မှု မရှိခြင်းကြောင့်လည်း ဖြစ်သည်ဟုယူဆရသည်။
ထို့ကြောင့် အာနန္ဒစန္ဒြမင်းကျောက်စာ၌ ဗုဒ္ဓသာသနာသမိုင်း အတွက်သော်လည်းကောင်း၊ သင်္ဂါယနာသမိုင်းအတွက်သော်လည်းကောင်း အလွန်အရေးပါသော သင်္ဂါယနာတင်ခြင်းနှင့် သက်ဆိုင်သော ဂါထာ(၂)ပိုဒ် ကို အကိုးအကားပြကာ ထုတ်နှုတ်တင်ပြလိုက်ရပါသည်။
မောင်ဖြူ (ကြွီတဲကျွန်း)
အယနာစာပီအဖွဲ့ 24.10.2019