သမိုင်းအထောက်အထားကို ကိုယ်လိုရာဆွဲ ခေါင်းစဉ်မတပ်ပါနဲ့။

သမိုင်းအထောက်အထားကို ကိုယ်လိုရာဆွဲ ခေါင်းစဉ်မတပ်ပါနဲ့။ 
©©©©©©©©©©©©©©©©©©©


ဒိုင်းနက်(ခ)သက္ကမ လူမျိုးများက ရခိုင်ပြည်က သက္ကရာဇ် (၉၄၃ ၊ AD 1581) ဂဠုန်တောင်ဘုရား ကျောက်စာကို မဇ္စျဂီရိအမည်တွင်သော သက်ပြည်၏ အကျယ်အဝန် ဆိုပြီး ပြောဆိုနေကြတာတွေကို ထောက်ပြလိုပါတယ်။ 

ပုံပါ ကျောက်စာအထောက်အထားမှာ သက်ပြည်အကျယ်အဝန်း ဘယ်ကနေ ဘယ်ထိ ဆိုပြီး မပါဘူး။ 
ကျောက်စာ အစအဆုံးကို သေချာဖတ် ဘာသာပြန်ကြည့်ကြပါအုန်း။ 

**************
ဘဝရှင် မင်းဗာကြီး၏ သားတော်ကြီးဖြစ်သော ဘုရင်မင်းတိက္ခါ၏သားတော်လတ်ဖြစ်သော ဘုန်းလက်ရုံးပညာ ပဋိဘန်နှင့် ပြည့်စုံသော မင်းကြီးရွှေညိုသည်။ 
ဘဝရှင် မင်းဗာကြီး၏ သားတော်လတ်(မင်းဖလောင်း) ဖြစ်သော #သက်ပြည်ကို အစပြု၍ မြုံပြည်တိုင်အောင်ကို ခြေတော်ဆန့်၍ လက်နက်သွင်းတော်ပြုသော ဘုရင်မင်းဖလောင်း၏ သမီးတော်ဖြစ်သော အဆင့်ငါးပါးနှင့်ပြည့်စုံသော စည်းစမ်လျှင် ချမ်းလှသော လောကဒေဝီ အမည်ရှိသော သမီးတော်လတ်နှင့် အိမ်ထောင်ပြုပြီး.. စသဖြင့်ပါရှိ ပါတယ်။ 
******************




‌အတိုချုပ်လျှင်.....ဘုရင် မင်းဗာကြီးမှာ သားကြီး မင်းတိက္ခါ ။ သားလတ် မင်းဖလောင်း ။
‌ဒီတော့ မင်းတိက္ခါ၏ သားတော်လတ်က မင်းကြီးရွှေညို နဲ့ မင်းဖလောင်း၏ သမီးတော်လတ် လောကဒေဝီ နဲ့ အိမ်ထောင်ပြုတယ်။ ညီးအစ်ကို သားသမီး တွေကို ပေးစားခြင်းပဲ။ ရခိုင် သာကီဝင်တို့၏ အထောက်အထား တစ်ခုပင်ဖြစ်တယ်။


ဆိုလိုချက်
----------------
( သက်ပြည်ကို အစပြု၍ မြုံပြည်တိုင်အောင်ကို ) ခြေတော်ဆန့်၍ ရခိုင်ဘုရင် မင်းဖလောင်း အုပ်ချုပ်ခဲ့ခြင်းသာဖြစ်ပါသည်။ 
ဒီမှာ သက်ပြည်ဟာ မြုံပြည်(တိရိပူရ)ထိ ကျယ်ဝန်းတယ်ဆိုတာ မပါဘူး။

အရှိကို အရှိအတိုင်းပဲ ဖော်ပြတာ ကောင်းပါတယ်။ 

•••••••••••••••••••••
Zaw Zaw (ရက္ခပူရတိုင်း)

Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)