Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်လူတို့၏ ဓညာဝုဓ အမြောက်ကြီးကို ဗမာတို့က ဝဇိရာဝုဓ အမြောက်ကြီး

ရခိုင်လူတို့၏ ဓညာဝုဓ အမြောက်ကြီးကို
  ဗမာတို့က ဝဇိရာဝုဓ အမြောက်ကြီး
=-=-=-=-=-=-=-=-=-=-=-=-=-=-=




ရခိုင်နိုင်ငံတော် ကျဆုံးခဲ့ရပြီး ရခိုင်ပြည်က
သိမ်းပိုက်ယူဆောင်ခဲ့သော အမြောက်ကြီးကို
ဤသို့ ဖော်ပြလိုက်စည်။

ရတနာပုရစတုတ္တမြို့တည် နန်းတည် ဘဝရှင် မင်းတရားကြီး
အမိန့်တော်မြတ်ဖြင့် အတွင်းဝန်မင်းကြီး #သီရီမဟာနန္ဒသင်္ကြံ
မေးဆိုချက်ကို မင်းတိုင်ပင် အမတ်ကြီး #မဟာဓမ္မသင်္ကြံ,,သည်
ရခိုင်ဆိုင်ရာ အကြောင်းအရာများကို သူ၏ကျမ်း၌ ရေးသားခဲ့ပြီး၊
အထူးထူးသော ကျမ်းဂန်တို့မှ ထုတ်နှုတ်ရေးသား ဖြေဆိုအပ်သည်
မြန်မာပြည် သာသနာဝင်,ဟု ဆိုအပ်သော သာသနာလင်္ကာရ
စာတမ်း,,ဟူ၍ စာအုပ်၌လည်း ဖော်ပြထားသည်ကို သင်တို့
တွေ့ရှိရမည်သာ ဖြစ်သည်။

#နေမျိုးဇေယျကျော်ထင်( ခေါ် )ဇေယျကျော်ထင်,၏ မဇ္ဈိမဒေသ
အရေးတော်ပုံကျမ်း စာအုပ် ၂၀၂-တွင် ဓညဝတီမြို့က မင်းအဆက်
ဆက် မရဖူးသော ဓညာဝုဓ အမြောက်ကြီးကို ရတော်မူသည်ကို
လည်းကောင်း အစွဲအမှတ်ပြု၍ လက်နက်စကြာသခင်,,ဟူ၍လည်း
တွင်၏ ,,ဟူ၍ ဖော်ပြထားသည်ကို သင်တို့ တွေ့ရှိရမည်သာ
ဖြစ်သည်။

ရခိုင်က သိမ်းပိုက်ယူဆောင်သွားသော ဓညာဝုဓ အမြောက်ကြီး,ကို
မန္တလေး နှစ်( ၁၀၀ )ပြည့် စာအုပ်၌ ဝဇိရာဝုဓ အမြောက်,,ဟူ၍
ခေါ်ဝေါ်ထားကြောင်းကိုလည်း သင်တို့ တွေ့ရှိရမည်သာ ဖြစ်သည်။

ဓညာဝုဓ အမြောက်ကြီး၏ မူလပိုင်ရှင်ဖြစ်သော ရခိုင်တို့က
လက်နက်စကြာသခင်,,ဟူ၍ ဝင့်ဝင့်ကြွားကြွား မခံယူဘဲ
သာမန်ပိုင်ဆိုင်မှုမျိုးသာ သတ်မှတ် ခံယူထားကြပြီး၊ ရခိုင်လူမျိုး
အဖို့ အဆန်းအပြား မဟုတ်သော်လည်း ဗမာမင်းအဆက်ဆက်
မမြင်ဖူး မတွေ့ဖူး မရရှိခဲ့ဖူးသော အမြောက်ကြီးကို ရရှိခဲ့သဖြင့်
လက်နက်စကြာသခင်,,ဟူ၍ ပြည်သူများက ကင်ပွန်း တပ်ပေး
လိုက်ကြခြင်း ဖြစ်ဟန်တူသည်။

အမြောက်ကြီး၏ အရွယ်အစား/အတိုင်အတာ
------------------------------------------------
အလျား ( ၂၉ )ပေ၊ အရင်းလုံးပတ် ( ၈ )ပေ ( ၄ )လက်မ၊
ကျဉ်ဝ ( ၁၂ )လက်မ၊ အဖျားထိပ်ဝ ( ၂ )ပေ ( ၉ )လက်မ
ရှိကြောင် သိရသည်။



ရခိုင်က သိမ်းပိုက်ယူဆောင်သွားခဲ့သော လက်နက်ပစ္စည်များမှာ
ယခု အင်္ဂလန်နိုင်ငံ အီဒင်ဘာရာမြို့နှင့် ဒါဂါ ၊ ရန်ကုန် ၊ မန္တလေး ၊
စစ်ကိုင်း ၊ အင်းဝ ၊ သပြေတန်း စသော နေရာအနှံ့အပြားသို့
ရောက်ရှိနေကြပြီး၊ ဓညာဝုဓ အမြောက်ကြီး( ခေါ် )ဝဇိရာဝုဓ
အမြောက်ကြီးမှာ မန္တလေးမြို့ နန်းတွင်းထဲတွင် ယနေထက်တိုင်
တွေ့မြင်နိုင်ပေသည်။

မြန်မာနိုင်ငံ သမိုင်းကော်မရှင်တွင် သုတေသနမှူး ဆရာမကြီး
ဒေါ်ကြန်( ခေါ် )စာရေးဆရာမကြီး မကြန် ဒွါရာဝတီ-သံတွဲသူ
ဇာတိ,ဖြစ်သည်။ ဆရာမကြီး၏ သမိုင်းရှာပုံတော်ခရီး ၊ အဝေး
ရောက်မြန်မာအမြောက်ဆောင်းပါး ၊ ဒွါ်ရာဝတီသိမ်းရ အမြောက်
ဆောင်းပါး ၊ အမြောက်သံသရာ,,ဟူသော ဆောင်းပါး,တို့ကို
ရေးသားခဲ့ရာ၊ ဆရာမကြီး၏ စကားများကို 



 ဒွါရာဝတီ-သံတွဲ
ငွေသဇင် ဆရာတော် အသျှင်ကုသလ,က ဤကဲ့သို့ တုန်ပြန်
လိုက်သည်။


ဆရာမကြီးဒေါ်ကြန်သည် အင်္ဂလန်နိုင်ငံ အီဒင်ဘာရာမြို့သို့
အလည်အပတ်ရောက်ခိုက် ကာလ်တန်တောင်တန်းကိုတက်ကာ
အီဒင်ဘာရမြို့၏ ရှုခင်းအလှကို လေ့လာခဲ့သည်။ မြက်ခင်းပြင်
တစ်ခုပေါ်တွင် အမြောက်တစ်လက်ကိုလည်း တွေ့မြင်ခဲ့သည်။
ယင်းအမြောက်ကို အနီးကပ်လေ့လာကြည်သည့်အခါ မြန်မာ
နိုင်ငံတွင် မြင်ဖူးကျ အမြောက်ပုံစံမျိုး ဖြစ်နေပြီး ---

"၁၁၄၆-ခု၊ ပြာသိုလပြည့်ကျော် ( ၇ )ရက်၊ စနေနေ့၊ ညနေ
( ၄ )ချက်တီကျော်တွင် ဓညဝတီသိမ်းရ"ဟူသော စာတန်း
ရေးထိုးထားသည်ကို တွေ့ခဲ့ရသည်။ မှတ်မှတ်ရရရေးထိုး၍
မှတ်တမ်းတင်ပေးထားသည်ကိုပင်လျှင် ကျေးဇူးတင်ရဖွယ်
ရှိပါသည်။

ဆရာမကြီး၏ အမြောက်သံသရာ ဆောင်းပါးတွင်" ဓညဝတီ
ဇာတိလည်း ဟုတ်ချင်မှဟုတ်ပေမည်။ ဓညဝတီသို့ မည်သည့်
ဒေသမှ ရောက်ခဲ့လေသနည်း။ စဉ်းစာဖော်ထုတ်၍ မရသည်တွင်
ဪ အမြောက်သံသရာဟုသာ ငြီးမိပါသည်,,ဟု ဆို၏။

ဆရာတော်က ရခိုင်တို့၏ မျက်မှောက်ခေတ် တွေ့ကြုံနေရာသော
ဘဝပေးအခြေအနေနှင့် နှိုင်းယှဉ်ကြည်လျှင် မဖြစ်နိုင်ဟု ထင်မှတ်
နိုင်သော်လည်၊ ခရစ်သက္ကရာဇ်( 1784 )ခုနှစ် မတိုင်မီက ရခိုင်
တို့သည် ယခုကဲ့သို့ မဟုတ်ခဲ့သည်ကိုကား အထူးပြု၍ လေ့လာ
သင့်ပါကြောင်း အကြံပြုလိုပါသည်။

ယင်းအမြောက်သည် ၁၁၄၆-ခု၊ အေဒီ 1784-ခု၊ ဗဒုံမင်းလက်ထက်
သားတော် အိမ်ရှေ့မင်းသား မောင်ပေါ်သည် ရခိုင်သို့ စစ်ချီရာတွင်
သိမ်းယူသွားခဲ့သော အမြောက်ဖြစ်ကြောင်းမှာ ထင်ရှားနေပါသည်။
ဆရာမကြီးအနေဖြင့် နိုင်ငံရပ်ခြားတိုင်းတစ်ပါး အင်္ဂလိပ်တို့ လက်ထဲ
သို့ ရောက်ရှိနေသော ယင်းအမြောက်ကို မြင်တွေရသည့်အခါ ---

ဝမ်းသာရမလိုလို၊ ဝမ်းနည်းရမလိုလို နှစ်ရှည်လများ ကြာမြင့်စွာ
ကွဲကွာနေသော ဆွေမျိုးသားချင်း မိတ်ဆွေသူငယ်ချင်းတစ်ယောက်
ကို ရုတ်တရက်မမျှော်လင့်ဘဲ တွေ့မြင်လိုက်ရသလို ဆို့နင့်နင့်
ရင်ထဲတွင် တစ်မျိုးကြီး ခံစားရပါသည်"ဟု ဆို၏။

၁၁၄၆-ခု၊ အေဒီ 1784-ခု၊ ဘိုးတော်ဗဒုံမင်းလက်ထက်
ရခိုင်က သိမ်းပိုက်ယူဆောင်သွားသော ပစ္စည်းများကို ရခိုင်က
လူပေါင်းနှစ်သိန်း( ၂၀၀၀၀၀ )ကျော် သုံ့ပန်းဘဝဖြင့် အမရပူရသို့
အပြီးတိုင်လိုက်ပါလျက် ပို့ဆောင်ပေးခဲ့ကြရသော အခြေအနေနှင့်
နှိုင်းစာလျှင် ရခိုင်သူ၊ ရခိုင်သားတို့၏ ခံစားခဲ့ကြရသော ဒုက္ခဝေဒနာ
မှ ဆရာမကြီး ဒေါ်ကြန်ထက် အဆပေါင်းများစွာ သာလိမ့်မည်ဟု
ထင်ပါသည်။ ယင်းခံစားမှုမျိုးကိုလည်း ဆရာမကြီးအနေဖြင့် ခံစား
ကြည်စေချင်ပါသည်။




မန္တလေးနန်းတွင်းထဲရှိ ရခိုင်အမြောက်ကြီး,,၏ နောက်ပိုင်းတွင်
စာများရေးထိုး၍ မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။
သို့သော် ယင်းစာလုံးများကို ဖတ်ရှု၍ မရနိုင်လောက်အောင်
တူဖြင့်ထုနှက် ဖျက်ဆီးထားသည်ကို တွေ့ရှိရသည်။ အကယ်၍
ယင်းစာများကို မဖျက်ဆီဘဲ ထားရှိမည်ဆိုပါက အကြောင်းအရာကို
သိရှိရသဖြင့် ပို၍ အကျိုးကျေးဇူးများပေလိမ့်မည်။ ယခုမူကား
စလုံးများကို ဖျက်ဆီပစ်လိုက်သည်အတွက် သမိုင်းတန်ဖိုးများ
ဆုံးရှုံးသွားခဲ့ရပေတော့သည်။



စိတ်ထား မွန်မြတ်သော လူမျိုးများ ဖြစ်ကြပါမူ ဤကဲ့သို့
အောက်တန်းကျသော အလုပ်မျိုးကို ပြုလူပ်ကြလိမ့်မည်
မဟုတ်ချေ,,ဟု ဒွါရာဝတီ-သံတွဲ ငွေသဇင် ဆရာတော်
အသျှင် ကုသလ,က မိန့်ဆိုတော် မူခဲ့ပါသည်။

                           U Dhamma Par La


Comments