Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ကျွဲကျောင်းသံ ကဗျာကို ရေးသားသူသည် ရခိုင်ပြည် ကျောက်ဖြူမြို့ ဇင်ချောင်းရွာ ပထမ ဆရာတော် ဦးနန္ဒိယ ရေးဖွဲ့ခဲ့ပါသည်

Copy Post 

ဖုံးလီပေါ်လီ ရက္ခိုင့်စာပီ
****************


ကျွဲကျောင်းသံ ကဗျာကို ရေးသားသူသည် ရခိုင်ပြည် ကျောက်ဖြူမြို့ ဇင်ချောင်းရွာ 
ပထမ ဆရာတော် ဦးနန္ဒိယ
 ရေးဖွဲ့ခဲ့ပါသည်

(အလယ်တန်းအဆင့်တွင် ဖတ်ခဲ့ရသော ကဗျာ တစ်ပုဒ်ဖြစ်ပါသည် သို့သော် ကဗျာရေးသူအမည် *အမည်မသိ ရှေးစာဆို*ဟု ပေါ်ပြထားကြသည်)

အမည်မသိရှေးစာဆို မဟုတ်ပါ
ကျွန်တော်ရို့ ရမ္မာပူရကျွန်း ဇင်ချောင်းရွာဇာတိဖြစ်ပါသည်

*ကျွဲကျောင်းသံ ကဗျာ*

"မက္ကလာယေ ရိုင်ရိုင်၊ ရိုင်ရိုင်
ကြိမ်သားတုတ်ကို နနောင်းကိုင်၊
ကယိုင်ကပါး၊ တောမြိုင်မြိုင်ကေ၊
တောင်ဂျိုင်ကြားမှာ ကျွဲကျောင်းလားရေ။
ဟူး..ရေ..ရေ..ဟူး..

"အစ်ကိုမပါ ညီ မပါ၊ 
ကြိမ်သားတုတ်ကို နနောင်းကိုင်၊
ကယိုင်ကပါး၊ နှင်းမြိုင်မြိုင်ကေ၊
တောင်ဂျိုင်ကြားမှာ ကျွဲကျောင်းလားရေ။
ဟူး..ရေ..ရေ..ဟူး..။"

"ထွေတောင်ဒေတောင်၊ ချောင်မြောင်တလွှား၊
ပိုးပုစဉ်းသံ ညံသသော၊ တောသံလီသံ မဆူညံ၊
နှင်းသံပေါက်ပေါက် တဖြောက်ဖြောက်၊
ပပေါက်ဖောက်သို့ကြားရရေ။ 
ဟူး..ရေ..ရေ..ဟူး

"ဂြောင်းတောင်း ဂြောင်းတောင်၊
ဂြောင်းတောင်းတောင်၊ 
နက်ပြောင်ခလောင်း ဂြောင်းတောင်းတောင်၊
တောင်ဘယံမှာ သာငြိမ့်ညောင်းပျာ၊
ကြားရရေလေး၊ ကြားရရေ။ 
ဟူး..ရေ..ရေ..ဟူး..။"

ကဗျာသည် နားဆင်ဖို့၊ ခံစားဖို့ဖြစ်သည်။ ကဗျာတစ်ပုဒ်သည် ရင်ထဲရောက်လျှင် ကဗျာတွင်ပါဝင်သော ဘဝသရုပ်သည် ပေါ်လွင်လာစမြဲ ဖြစ်ပါသည်။
ကဗျာ၏အလှကို တွေ့မြင်ရမြဲဖြစ်ပါသည်။
သီဆိုရသည်မှာလည်း အားပါးတရဟိလာသည်။

တေးကဗျာများသည် လူမျိုးတစ်မျိုး၏ ကိုယ်ပိုင်ယဉ်ကျေးမှုများ ဖြစ်သည်။ ရခိုင်ကျေးလက်တေးကဗျာများတွင် ရခိုင်ကျေးလက်ပြည်သူများ၏ လူနီမှုဘဝကို ထင်ဟပ်ပြထားသည်။ ကျွဲကျောင်းသံ ကဗျာတွင် ကျွဲကျောင်းသားချေ၏ဘဝကို တွိရပါသည်။

 ကျွဲကျောင်းစောင်လားရအောင်
======================

ရခိုင်တွင် ရှိကပင် လယ်ယာစိုက်ပျိုးရီးက်ို အလီးထား၍ လုပ်ကိုင်ကတ်သည်။ လယ်ယာလုပ်ငန်းတွင် ကျွဲ၊နွားရို့ သည် အခရာဖြစ်သည်။ ရခိုင်ပြည်သည် ရိုးမတောင်၏ အရိပ်အောက်၌ တည်ဟိပြီး တစ်ဖက်တွင် ဘင်္ဂလားပင်လယ်အော် ဟိသည်။ မိုးများပြီး မြစ်ချောင်းအင်းအိုင်  ပေါများသည့်အတွက် ခွန်အားကြီးပြီး ကျုပ်အိုင်၊ ဘိတ်အိုင်ရို့၌ ပျော်သည့် ကျွဲများကိုသာ အဓိက သုံးကတ်သည်။

မိသားစုဝင်အားလုံး လယ်ယာလုပ်ငန်းတွင် တစ်ယောက်တစ်လက် ဝိုင်းဝန်းလုပ်ကိုင်ကတ်သည်။ သားချေများသည် ကျွဲကျောင်းနိုင်သည့် (၁၂၊ ၁၃) နှစ်အရွယ်သို့ ရောက်လာသည့်အခါ မိမိရို့၏ ကျွဲများကို ကျောင်းကတ်ရသည်။ 
ကျွဲများ အားအပြည့်ဖြင့် လုပ်ငန်းခွင်ဝင်နိုင်ရန် စားကျက်များသို့ လွှတ်ရသည်။ အာဟာရပြတ်လျှင် ကျွဲ၊နွားများ သီကြီပျက်စီးတတ်သည်။ တောင်ခြီများ၊ လျှိုမြောင်များတွင် မြက်များ ပေါများသည်။

"မက္ကလာယေ ရိုင်ရိုင်၊ ရိုင်ရိုင်
ကြိမ်သားတုတ်ကို နနောင်းကိုင်၊
ကယိုင်ကပါး၊ တောမြိုင်မြိုင်ကေ၊
တောင်ဂျိုင်ကြားမှာ ကျွဲကျောင်းလားရေ။
ဟူး..ရေ..ရေ..ဟူး..။"

ကျွဲကျောင်းလားရာတွင် ပါသည်က နေပူ၊မိုးရွာဆောင်းရန် မက္ကလာတစ်ချပ်နှင့်  ကြိမ်တုတ်တစ်ချောင်းသာ ။  ကျွဲများ အစားလောဘကြောင့် အအုပ်မှလမ်းလွှဲထွက်လားလျှင် လည်းကောင်း ၊ အချင်းချင်းရန်စောင်ကြလျှင် လည်းကောင်း အားနှင့် မောင်းရလေ့ရှိသည်။ တောတောင်များ၊ လျှိုမြောင်များ၊ ချိုင့်ဝှမ်းများ အသွယ်သွယ် တည်ဟိပြီး တောလမ်းတလျှောက်တွင် မြင့်သည့်နီရာကမြင့်၊ နိမ့်သည့်နီရာကနိမ့်၊ မတ်သည့်နီရာကမတ်၊ လျှောသည့်နီရာကလျှော၊ ကျောက်တုံးကျောက်ခဲများဖြင့် ကြမ်းသည့်နီရာကကြမ်း၊ မြောင်းငယ်ချောင်းငယ်များဖြင့် စွတ်သည့်နီရာကစွတ်ကာ ဟိပါသည်။ 

"အစ္​ကိုမပါ ညီ မပါ၊ 
ကြိမ်သားတုတ်ကို နနောင်းကိုင်၊
ကယိုင်ကပါး၊ နှင်းမြိုင်မြိုင်ကေ၊
တောင်ဂျိုင်ကြားမှာ ကျွဲကျောင်းလားရေ။
ဟူး..ရေ..ရေ..ဟူး..။"

ကျွဲကျောင်းဖော်အဖြစ် မည်သူမျှ လိုက်ပါလာခြင်းမဟိပါ။ ကျွဲကျောင်းရန်မှာ ကိုယ့်တာဝန်ဖြစ်ပါသည်။ တစ်ကိုယ်ထီးတည်း လာခရပါသည်။
တောတောင်ထဲတွင် ကျွဲကျောင်းသူအချင်းချင်း တစ်ဦးနှင့်တစ်ဦး ရှာကတ်၊ ခေါ်ကတ်သောအခါ နာမည်ကို မခေါ်ကတ်ပါ။ အော်ဟစ်၍လည်း မပြောကတ်ပါ။ ပါးစမှ လီထုတ်ကာ လိုင်ခေါင်းသံစူးစူးဖြင့် "ဟူး..ဟူး" ဟု အသံပြုကတ်ပါသည်။ ကြားရသူက " ဟူး" ဟု ပြန်ထူးပါသည်။

"ထွေတောင်ဒေတောင်၊ ချောင်မြောင်တလွှား၊
ပိုးပုစဉ်းသံ ညံသသော၊ တောသံလီသံ မဆူညံ၊
နှင်းသံပေါက်ပေါက် တဖြောက်ဖြောက်၊
ပပေါက်ဖောက်သို့ကြားရရေ။ 
ဟူး..ရေ..ရေ..ဟူး..။"

တောင်များကြားတွင် လျှိုမြောင်များဟိသည်။ မိုးများသည့်ကာလတွင် ချောင်းချေသဖွယ် တောင်ကျရီများ တသွင်သွင် စီးဆင်းနီတတ်သော်လည်း မိုးကုန်သည့်အခါ မြောင်းချေသာသာ ကြည်ကြည်လွင်လွင် စီးနီတတ်သည်။ ဆောင်းရာသီကာလတွင် စပါးများရိတ်သိမ်းပြီးချိန်၌ လယ်ကွင်းများလည်း ခြောက်သွိ၍ ပြောင်သလင်းခါလျှက်ဟိပါသည်။ တောစပ်တောင်စပ်သို့ လာရပါသည်။ မည်သူမျှမဟိသော်လည်း အသံဗလံများ သောသောညံအောင် ဆူညံတတ်ပါသည်။ နံနက်မိုးသောက်ချိန်မျိုးဆိုလျှင် ပိုးကောင်အော်မြည်သံ၊ လီတိုက်ခတ်သံရို့ကို မကြားရဘဲ ဆီးနှင်းကျဆင်းသံ ကြားရသည်အထိ ဆိတ်ငြိမ်နီတတ်ပါသည်။ ပပေါက်သည် ကျေးလက်တွင် စားကတ်သော ပိုင်စရာတစ်မျိုး ဖြစ်ပါသည်။ စပါးစိများကို သွပ်ပြားတွင်တင်ကာ မီးဖုတ်၍ ပပေါက်ဖောက်ရသည်။

"ဂြေ ာင်းတောင်း ဂြေ ာင်းတောင်၊
ဂြေ ာင်းတောင်းတောင်၊ 
နက်ပြောင်ခလောင်း ဂြေ ာင်းတောင်းတောင်၊
တောင်ဘယံမှာ သာငြိမ့်ညောင်းပျာ၊
ကြားရရေလေး၊ ကြားရရေ။ 
ဟူး..ရေ..ရေ..ဟူး..။"

တစ်ကိုယ်ထီးတည်းဆိုသော်လည်း ပျင်းရိငြီးငွေ့ဖွယ်ရာ မဟုတ်ပါ။ တောတောင် သဘာဝအလှများကို ခံစားနိုင်ပါသည်။ တေးသီချင်းများကိုလည်း အော်ဟစ်သီဆိုနိုင်ပါသိသည်။ ကျွဲများသည် ပြောင်ပြောင်နက်နက်နှင့် ခေါင်းလောင်းကိုယ်စီဆွဲလျှက် ကြည့်ရှု၍ကောင်းလှပါသည်။ ထိုကျွဲများ လှုပ်ရှားစားသောက်ကတ်သည့်အခါတွင် "ဂြောင်းတောင်းဂြောင်းတောင်" ဟူသော ချိုသာသည့် ခလောက်သံ ထွက်ပေါ်လာတတ်ပါသည်။

Credit

Comments