Posts

မာဂီစံ ( ရခိုင်သက္ကရာဇ်)

Image
မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန...

ဘုရင်နှစ်ပါး မိဖုရားတစ်ပါး ရေးထိုးသော သက္ကရာဇ်ပါ ရှားပါး ဆင့်ထိုးကျောက်စာ။ (လေးမျက်နှာ)

Image
ဘုရင်နှစ်ပါး မိဖုရားတစ်ပါး ရေးထိုးသော သက္ကရာဇ်ပါ ရှားပါး ဆင့်ထိုးကျောက်စာ။ (လေးမျက်နှာ) ########################### အလှူရှင် နှင့် အလှူပြုချိန် ============== (၁) ဘုရင်မင်းစောမွန် သက္ကရာဇ် (၇၈၃) ခု တပေါင်း လပြည့်နေ့ သီတင်းအဖိတ်နေ့။ (၂) ဘုရင် မင်းခေါင်ရာဇာ သက္ကရာဇ် (၈၆၅) ခု တပေါင်းလဆန်း(၁၄)ရက် ကြာသပတေးနေ့။ (၃) မိဖုရား မင်းစိုးလတ် သက္ကရာဇ် (၈၈၇) ခု သင်္ကြန် လဆန်း (၇)ရက် သောကြာနေ့။ အလှူပစ္စည်း = စေတီ, ကျောင်း, လမ်း, ကျွန်အိမ်ထောင်, စိုက်ပျိုးရ သောမြေ, လှေ, နွားသားအမိ စသည်တိုကိုလှူသည်။ ရည်ရွယ်ချက် = အလှူ ရှင်သည် နိဗ္ဗာန်ဆုကို ရလို၏။ ဆုတောင်း = အလှူကိုချီးမြှင့်သောသူတို့သည် မိမိနှင့်အတူ အလှူ အကျိုးကိုရရှိပြီးအရိမေတ္တိယျသာသနာတွင် အကြားရပြီး နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ပါစေ။ ကျိန်စာ = အလှူကိုဖျက်သော် အဝီစိငရဲ, သင်္ခါရခါနကငရဲ သစ်ငုတ်ဖြစ်ပြီး မြေမျို စေ, မိုးကြိုးကျစေ, ကျားစားစေ, ဘီလူးစားစေ, မီးကျောင်းစားစေ, အရိမေတ္တိယ သာသနာ၌လည်း လူမဖြစ် လူဖြစ်လာလျှင် လည်း အကုန်း, အကွ, အနူ, အဝဲ, အရည်စက်စက်စို၍ စွန်တဝဲဝဲနှင့် ရွာထဲမဝင်နိုင် လူစံမမှီသော ငရဲကျစေ ဟုဆို...

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)

Image
ဧရာဝတီမိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂) မြန်မာဘာသာစကားသည် ဗမာစကားဖြစ်သည်။ မြန်မာ ဘာသာစကားသည် မြန်မာနိုင်ငံ၏ မိခင်ဘာသာစကား သို့မဟုတ်ဒုတိယဘာသာစကား ဖြစ်သည်။ထိုအတူ မြန်မာစာပေသည် မြန်မာစကား(ဗမာစကား)ကိုသာ အခြေခံပါသည်။ယခုအချိန်တွင် မြန်မာစာပေသည် ခိုင်မာ တည်ငြိမ်သော အဆင့်အတန်းရှိသော စာပေအဖြစ် မြန်မာနိုင်ငံ၏ အသက်သွေးကြော အဖြစ်လည်ပတ်နေပြီးဖြစ်သည်။ လက်ရှိတွင် ရခိုင်စာပေသည် မြန်မာစာနှင့် အက္ခရာ တူ၊ပျည်းတူ ၊ သရတူ ၊ လေသံအတိုင်းစာလုံးပေါင်းကာ ရက္ခဝဏ္ဏ အက္ခရာဟု ‌ရခိုင်များက ဆိုကြပြီး မြန်မာများက ဧကဝဏ္ဏအက္ခရာ အလွန်များပြားသောစကားလုံးများဖြင့် ဖွဲ့စည်းထားသော ဘာသာစာပေဟု ဆိုကြသည်။ ရခိုင်စကားနှင့် ရခိုင်စာပေသည် မြန်မာတို့၏ ရှေ့ခေတ်စကား စာပေနှင့် တူ သည်ဟု မြန်မာစာအကြောင်း မြန်မာများ ရေးသားသည့်ဆောင်းပါးများ၌ တွေ့ရသည်။ ပုဂံ‌ခေတ် ကျောက်စာများ ၌ လက်ရှိမြန်မာများ နားမလည်နိုင်သည့် ရခိုင်ဝေါဟာရ အသုံးမြောက်မြားစွာပါနေခြင်းကြောင်း ထိုသို့ဆိုခြင်း ဖြစ် ပေမည်။ ထိုအရာကြောင်း မြန်မာတို့၏ အတိတ်သမိုင်း စာပေ သည် ရခိုင်အငွေ့အသက်များဖြင့် ထုံးမွ...

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ

Image
ဧရာဝတီမိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ ရခိုင်လူဦးရေသည် လွန်ခဲ့သော ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၃.၁ သန်းကျော်ရှိခဲ့ပြီး ယခု ၂၀၂၂ နှစ် နှစ်ကုန်ပိုင်းတွင်လည်း ရခိုင်ပြည်၏ လူဦးရေကို ၃.၁ သန်းကျော်ဟု ခန့်မှန်းထားသည်ကို သတင်းတခု၌တွေ့ရပါသည်။ ဤသို့ဆိုလျှင် ရခိုင်လူဦးရေသိသိသာသာ တိုးလာခြင်းမရှိသည်ကို သိမြင်နိုင်ပါသည်။ ရခိုင်လူဦးရေဟု ဆိုရာ ရခိုင်ပြည်တွင် နေထိုင်လျှက် ရှိသော ဦးရေကိုသာဆိုလိုခြင်းဖြစ်သည်။တခြားသို့ပြောင်းရွှေ့အခြေချနေထိုင်ကြသည့် ရခိုင်လူဦးရေ မည်မျှရှိမည်ကို အတိအကျ သိနိုင်ရန် ခက်ခဲမည်။ မြန်မာပြည် ဒေသအနှံတွင် ရခိုင်လူမျိုးများ အခြေချ နေထိုင်လုပ်ကိုင်စားသောက်လျှက်ရှိကြသည်ကို တွေ့ရပါသည်။ ထိုပြင် ပြည်ပနိုင်ငံများတွင် အခြေချနေထိုင်သူ အများအပြားလည်းရှိသည့်အပြင် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်လျှက်လည်း အများအပြားတွေ့ရပါသည်။ထိုအရေအတွက်မှာ ပုံမှန်မရှိဘဲ နှစ်အလိုက် အနည်းအများကွာခြားနိုင်ပါသည်။ရခိုင်လူဦးရေ အားလုံးစုစုပေါင်းကို ၄ သန်းဝန်ကျင့်ရှိမည်ဟု ယေဘုယျခန့်မှန်းနိုင်ပါသည်။ မြန်မာနိုင်ငံကို အင်္ဂလိပ်လက်ထက်တွင...

ဘာသာမတူ ရခိုင်မူကား

Image
ဘာသာမတူ၊ ရခိုင်မူကား (ကျွန်တော်ရေးတာ မဟုတ်ပါ။ တင်ထားတဲ့စာကို တလုံးတလေမျှ မပြင်ပါ။) “တို့ဆီပြုဗ္ဗါ၊ အရှေ့မှာနှင့်၊ ဘာသာမတူ၊ ရခိုင်မူကား၊ လူလည်းတထွေ၊ မြေလည်းတခြား၊ ဖြားလည်းတက်သက်၊ ကြောက်မက်ချင်ဘွယ်၊ ပင်လယ်ချောင်းမြောင်း၊ မကြီးတောင်းတည့်” ဘာသာဆိုသည်မှာ ကိုးကွယ်ရာ ဘာသာမဟုတ်၊ စကားအပြောအဆို ဘာသာကိုပြောခြင်းဖြစ်ပြီး ဖြားလည်းတက်သက်ဆိုသည်မှာမူ ဒီရေအတက်အကျကိုပြောခြင်း ဖြစ်ပါသည်။ ဖြားရေဆိုသည်မှာ ရခိုင်အခေါ်ဖြစ်ပြီး ဒီရေကို ခေါ်ပါသည်။ ဒီရေအတက်အကျရှိသောကြောင့် အိမ်တွေရေမမြုပ်အောင် ရခိုင်အိမ်တွေသည် ခြေတံရှည်အိမ်တွေဆောက်လုပ်တတ်ကြသည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်တွေမှာလည်း ရခိုင်အိမ်တွေလို ခြေတံရှည်အိမ်တွေကို တွေ့ရပါသည်။ အထက်ပါ ကဗျာမှာ အင်းဝခေတ် ရဟန်းစာဆိုရှင်မဟာရဋ္ဌသာရ၏ ရခိုင်ဒေသကို ဖွဲ့ဆိုထားသောကဗျာမှ အပိုဒ်တပိုဒ် ဖြစ်ပါသည်။ တောင်တန်းကြီးတွေကာဆီးပြီး၊ ပင်လယ်မြစ်ချောင်းတွေ ပတ်ရံထားသော တောင်နှင့်ပင်လယ်တို့၏ တဘက်မှ ရခိုင်ဒေသကား ဗမာပြည်မနှင့် ဝေးကွာလှမ်းသော သီးခြားဒေသတခု ဖြစ်ပါသည်။ ဤသို့ တသီးတခြား ဒေသတခုဖြစ်၍လည်း ရခိုင်ဘာသာစကားမှာ တခြားခေတ်ပေါ် ဝေါဟာရတွေ ရောယှက်ခြင်းသိပ်မရှိလှဘဲ ရှေးခေတ်အတိုင်း...

ရခိုင်တွေ စာတတ်သလား ( ဒေါက်တာ အေးချမ်း)

Image
ရခိုင်တွေ စာတတ်သလား( ဒေါက်တာအေးချမ်း) ************** ဒီပို့စ်ကိုရေးရခြင်းကတော့ဒီလိုရှိတယ်။ မဟာတော်ဝင်ရခိုင်လူမျိုး တစ်ယောက်အနေနဲ့ သူပြောတာဟုတ်မဟုတ်ဆိုတာ သမိုင်းနဲ့ချီပြီး အစဆွဲထုတ်ကြည့်လိုက်တဲ့အခါ ........ ရခိုင်တွေ စာတတ်မတတ် ဝေသာလီခေတ်ကနေ စကြည့်ရအောင်။ ရခိုင်သမိုင်းဟာ ဓညဝတီခေတ်ကစပါတယ်။ သို့သော် ဓညဝတီခေတ်မှာက ရခိုင်အက္ခရာမပေါ်သေးဘဲ ဗြဟ္မီအက္ခရာနဲ့ ရေးထိုးတဲ့ ရခိုင်စာပဲရှိသေးတာကြောင့် ရခိုင်အက္ခရာခေါ် ရက္ခဝဏ္ဏအက္ခရာ စပေါ်တဲ့ ဝေသာလီခေတ်ကနေ စပြောတာဖြစ်တယ်။ ဝေသာလီခေတ်ဆိုတာ အေဒီ ၄ရာစုကေန အေဒီ ၉ ရာစုအထိ ထွန်းကားခဲ့ပြီး ပျူတွေရဲ့ပျူခေတ်နဲ့ခေတ်ပြိုင်ဖြစ်တယ်။ ဝေသာလီခေတ် အေဒီ ၆ ရာစုခန့် ရခိုင်ဘုရင်သီရိစန္ဒြ လက်ထက်မှာ အမှုထမ်းခဲ့တဲ့ စာဆိုပညာရှိအမတ်ကြီး ဓမ္မဇေယျဆိုတာ ဒီနေ့ ရေးသားနေကြတဲ့ ရက္ခဝဏ္ဏအက္ခရာခေါ် မြန်မာစာဖြစ်လာမည့် အက္ခရာကို တီထွင်ခဲ့တဲ့ ပညာရှိသုခမိန် တစ်ဦး ဖြစ်တယ်။ အမတ်ကြီး ဓမ္မဇေယျဟာ ရက္ခဝဏ္ဏ အက္ခရာနဲ့အတူ ဂဝိန္ဒ ကဗျာလင်္ကာဆန်းကျမ်းကို သက္ကတဘာသာမှ ရခိုင်ဘာသာသို့ ပြန်ဆိုရေးသားခဲ့ပြီး ဗျည်း ၃၃ လုံး လှေတော်သံ ကိုပါရေးသားခဲ့သူဖြစ်တယ်။ - အဲဒီဝေသာလီခေတ်မှာပ...

အိမ်ကြီးရခိုင်

Image
အိမ်ကြီးရခိုင် ✪▬▬๑۩۩๑▬▬✪ ရခိုင်ဒေသ၌ တော၊ တောင်များရှိ၍ သစ်၊ဝါး ပေါများသည်။ ရခိုင်ပြည်နယ်၌ မြို့ပြများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အိမ်ဆောက်နည်းပညာများလည်း အဆင့်မြင့်တိုးတက်လာသဖြင့် ရိုးရာအိမ်ဆောက်လုပ်မှုများ တိမ်ကောလာပြီး ခေတ်ပေါ်ဒီဇိုင်းများဖြင့် နှစ်ထပ် ၊ သုံးထပ်တိုက်အိမ်များ ဆောက်လုပ်လာကြသည်။ သို့ပါသော်လည်း ကျေးလက်တောရွာများ၌ ယနေ့တိုင် သစ်၊ ဝါး ၊ ဓနိ တို့ဖြင့် အိမ်ကြီးများ ဆောက်လုပ်လျက်ရှိနေကြဆဲဖြစ်သည်။ ရခိုင်တို့သည် မိမိတို့၏ ရခိုင်ရိုးရာအိမ်များကို ဗိသုကာဆိုင်ရာ ရှုထောင့်မှ စနစ်တကျစီမံ ဆောက်လုပ် ထားသော ခြေတံရှည်အိမ် အမျိုးအစားဖြစ်ကြသည်။ တည်ဆောက်မှု ရှေးရခိုင်များ အိမ်ကို ကြီးကျယ်စွာ တည်ဆောက်မှုကြောင့် အိမ်ကြီးရခိုင်ဟု ခေါ်ကြခြင်းဖြစ်သည်။ အိမ်ဆောက်ရာတွင် အိမ်တိုင် ၃၈ လုံးပါဝင်ရသည်။ ထိုအိမ်တိုင်များသည် သုံးဆယ့်ရှစ်ဖြာမင်္ဂလာကို ညွှန်းဆိုကြသည်။ အိမ်ဦးခန်း ရခိုင်အခေါ် 'ဗြော့'ကို အရှေ့ဘက်သို့ မျက်နှာမူထားရသည်။ အိမ်ဦးခန်းကို မြေနေရာအနေအထားကြောင့် အရှေ့ဘက်ကို မျက်နှာမူခွင့်မရပါက တောင်အရပ် သို့ မျက်နှာမူရသည်။ အခြားအရပ်သို့ မျက်နှာမမူကောင်းဟု ယုံကြည်ထားကြသည်။ အိမ်ထဲခန်...

17 ရာစုမှာ ရခိုင်ဆိုတဲ့ ဝေါဟာရ ရှိလို့လား

Image
 17 ရာစုမှာ ရခိုင်ဆိုတဲ့ ဝေါဟာရ ရှိလို့လားဆိုတဲ့ ဆလင်မာဂွင်တွေ အပါအဝင်..  ဘယ်လူမျိုးကိုမဆို စိန်ခေါ်တယ်.  လာခဲ့။ ။ ##### ကျောက်စာဘာသာပြန်ပါတခါတယ်ပေးလိုက်တယ်။  { မဟာထီး ကျောက်မီးကျောင်းကျောက်စာမှ ရခိုင်နိုင်ငံ } ၁။ သက္ကရာဇ် ၇၁၈ ခု တပိုတွဲလဆုတ်တစ်ရက် စနေနေ့လျှင် ကောလိတဆရာနိရမွန်ထေရ်၏ကောင်းမှု ရခိုင်တစ်မင်းကိုငါလွှတ်၏ ရခိုင်တစ်မင်းကိုငါလွှတ်၏ ရခိုင်တစ်နိုင် ၂။ငံ ကိုငါလွှတ်၏ ရခိုင်တစ်နိုင်ငံကို ငါလွှတ်၏ ရခိုင်တစ်မင်းကို ငါမဆို ရှေးအခါ မာရယုစငါတစ်မင်း မြေကြီးကမ္ဘာထက်ဖြစ်... (ဦးဦးသာထွန်း ဦးကျော်ထွန်းအောင် ရခိုင်ကျောက်စာပေါင်းချုပ်မှ) ကိုးသောင်းဘုရား ဒါယိကာ မြောက်ဦးဘုရင် မင်းတိက္ခာ လက်မှတ်ရေးထိုးထားသော ကျောက်စာတစ်ချပ် 👉(ရက္ခပူရတိုင်း)  🌟━─━─━─━─━🌟━─━──━─━─━🌟 Zaw Zaw (ရက္ခပူရတိုင်း) Blogger.

အိန္ဒိယလူမျိုး ၆သိန်းကျော် ဗုဒ္ဓဘာသာအဖြစ်သို့ ပြောင်းလဲ့စေခဲ့သော အသျှင်စန္ဒြမဏိ မထေရ်မြတ်၏ ရုပ်သံ, (Ven Chandramani)

Image
ရခိုင်ဘုရင် မဟာသမ္မတရာဇာ၏ “တိ”တော် ကမ္ဘာ့ဗုဒ္ဓသာသနာ့ အာဇာနည် “ဂုရု ဂုရု မဟာဂုရု” အသျှင်စန္ဒြမဏိ မထေရ်မြတ်၏ ကမ္ဘာကျော် စွမ်းဆောင်ချက်များမှာ »> အိန္ဒိယလူမျိုး ၆သိန်းကျော် ဗုဒ္ဓဘာသာအဖြစ်သို့ ပြောင်းလဲ့စေခဲ့သော ပုဂ္ဂိုလ်ထူး ရခိုင့်သာသနာ့အာဇာနည် ဆရာတော် အသျှင်စန္ဒြမဏိ မထေရ်မြတ်၏ ရုပ်သံ https://youtu.be/MiOcqyszfyY   🌟━─━─━─━─━🌟━─━──━─━─━🌟 Zaw Zaw (ရက္ခပူရတိုင်း) Blogger.

၅နှစ်သားနဲ့ မြန်မာတပြည်လုံးဟိုးလေးကျော်ခဲ့သူ (သို့) ပိဋကတ်မောင်ထွန်းကြိုင် အကြောင်း

Image
၅နှစ်သားနဲ့ မြန်မာတပြည်လုံးဟိုးလေးကျော်ခဲ့သူ (သို့) ပိဋကတ်မောင်ထွန်းကြိုင် အကြောင်း  ရေးသားသူ – ဆရာမင်းယုဝေ လွန်ခဲ့သော နှစ်ပေါင်း ၉ဝ-ကျော်ခန့်က မြန်မာဗုဒ္ဓဘာသာ လောက၌ ထူးခြားသော သူငယ်ကလေးတဦး ပေါ်ပေါက်ခဲ့ဖူးသည်။ သူသည် ဓမ္မကထိက မောင်ထွန်းကြိုင် ခေါ် ပိဋကတ် မောင်ထွန်းကြိုင် ဖြစ်သည် အသက် ၅-နှစ်ခန့် အရွယ်မျှနှင့်ပင် လူထုပရိသတ် ရှေ့မောက်၌ တရားဟောပြောနိုင်သည်။ သူဟောသော တရားမှာလည်း အလွန် နက်နဲသိမ်မွေ့သော ဗုဒ္ဓတရားတော် ဖြစ်သည်။ “လေးသင်္ချေနှင့် ကမ္ဘာတသိန်း၊ ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း၊ တဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတသိန်းတိုင်တိုင် ပါရမီဖြည့်မှ ရ၍၊ သဗ္ဗညုတ ရွှေဉာဏ်တော်ဖြင့် ဟောကြားတော် မူအပ်သော တရားတော်ကို ရိုရိုသေသေ နာကြပါခင်ဗျား။ ကျွန်တော် မောင်ထွန်းကြိုင်ကလေးကို မရိုသေကြပါနှင့် ခင်ဗျား’ဟူ၍ အစချီကာ ဟောပြောသည်။ ဟောပြောရာ၌ ဒုစရိုက် ၁ဝ-ပါး၊ ပုညကြိယာ ၁ဝ-ပါး၊ ပါရမီ ၁၀-ပါး၊ ဒွတ္တိံသ ၃၂-ပါး၊ ခန္ဓာ ၅-ပါး၊ ဗောဓိပက္ခိယတရား ၃၇-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဣန္ဒြေ ၅-ပါး၊ ဗိုလ် ၅-ပါး ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး၊ လက္ခဏရေး ၃-ပါး၊ အပါယ် ၄-ပါး၊ စေတီ ၄-ပါး၊ ဂုဏ်တော် ၉-ပါး စသည်တို့ကို ပါဠိဘာသာနှင...

(1942 )ခုနှစ် ကုလားရခိုင် အထိကရုဏ်း

Image
1942 ငြို့ကာ 1984 ဖွားဆိုတော့ သမိုင်းက ဘယ်တော့မှ ခေတ်နောက်မကျပါံံံ....... သမိုင်းနှင့်တူရိုင်းခဲ့သူများ (သမိုင်းကိုသိ၍သတိထားကြရန်လို) ÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷ 1942 မေလ 13 ရက် ရခိုင်များ  လူမျိုးတုံးသတ်ဖြတ်ခံရတဲ့နေ့။ ~~~~~~~~~~~~~~~~~~~~~~~~  နိုင်ငံတကာ သမိုင်းပညာရှင်များ မသိချင်ယောင်ဆောင်ထားတဲ့ တကယ့်ဖြစ်ရပ်မှန်။ ။ ၁၉၄၂ ခုနှစ် ရခိုင်သမိုင်းမှာ ဒီလိုပုံရိပ်တွေ ရှိခဲ့တယ်။ (1942 )ခုနှစ် ကုလားရခိုင် အထိကရုဏ်း စတင်ဖြစ်ရခြင်း အကြောင်းတရားကား စစ်တွေမြို့မှ စတင်ဖြစ်ပွါးလေသည်။ အင်္ဂလိပ်တပ်ဖြစ်သော ရာခ်ျပုကုလားစစ်သားများက ရခိုင်အမျိုးသမီးများကို အဓမ္မပြုကျင့် ရခိုင်အမျိုးသားများကို ဘင်္ဂလီကုလားအရပ်သားများနှင့်ပူးပေါင်း၍ အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ရာမှ မခံမရပ်နိုင်ဖြစ်ပြီး စတင်ဖြစ်ပွါးလာ ရခြင်းဖြစ်လေသည်။ ယင်းပြဿနာသည် မြေပုံမြို့နယ်၊မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်များသို့ ကူးစက်သွားသည်။ ယင်းကိစ္စကို ရခိုင်နိုင်ငံရေးခေါင်းဆောင်များဖြစ်ကြသော ဦးပညာသီဟ ၊ ဦးသာကျော်(ဘုံပေါက်)တို့က ဖြန်ဖြေပေးသဖြင့် အထက်ပါမြို့များမှာ အေးဆေးငြိမ်သက်သွားခဲ့ပါသည်။ သို့သော် အထက်ပါမြို့နယ်များမှ ဘူးသီးတ...