Posts

Showing posts with the label မတ္တရာမြို့နယ်မှ စကျင်ကျောက် ခြေတော်ရာ

မတ္တရာမြို့နယ်မှ စကျင်ကျောက် ခြေတော်ရာတစ်ဆူ

Image
သီတင်းကျွတ်လပြည့် နေ့ တွင်  မတ္တရာမြို့နယ် စကျင်တောင် မှ  ရှားပါး ၍ သမိုင်းတန်ဖိုးကြီးမားသော စကျင်ကျောက် ခြေတော်ရာ တဆူ၏  ပုံတော်ဖြင့် fb မိတ်ဆွေ အပေါင်းအတွက်  ပူဇော်ပေးလိုက်ပါသည် ။ စကျင်ကို မကြာခဏ ရောက်ဖူးသော်လည်း  ဤ ခြေတော်ရာကို ဖူးခွင့် မကြုံခဲ့ပါ။ ကြေးသွန်း ဆရာ ကိုအောင်အောင်မိုး က စကျင်ဒေသသို့ ဓာတ်ပုံရိုက်ထွက်ရင်း ကံကောင်းထောက်မစွာ တွေ့ ရှိခဲ့ခြင်းဖြစ်သည်။ ထူးခြားချက်များ  ============ =စတုရမ်းကွက်တွင်ထည့်မထားဘဲ အဝိုင်း ကလေးများကို လက်ယာရစ် လှည့်လည်ထည့်သွင်းထားခြင်း။ =ပုံးတောင်းနှင့် အကန် တထောင်ပါသော စက်လက္ခဏာ တော်သည် ခြေဖျားပိုင်း၌ တည်ရှိနေခြင်း။ =ပကတိ လူ့ ခြေရာကဲ့သို့ အချိုင့် ထွင်းထားခြင်း။ = အစဖြစ်သော "လှံမ" လက္ခဏာတော်သည် ပုံးတောင်း စက်ဝိုင်း၏ အောက် သုံးဆင့်မွ စ၍ အတွင်း၌ လက်ယာ ရစ် စတင်လှည့်ပတ်ပြီး၊ ပုံးတောင်းစက် ကို လက်ယာရစ် လှည့်ပတ်ခါ အထက်သို့ ပတ်၍ တက်သွားပြီး" ခြေမတော်" ၏ အောက်ခြေ၌ ၁၀၈ ကွက် ပြည့် အဆုံး သတ်ထားခြင်း။ = လက်ဝဲ ဖက် ခြေတော်ရာဖြစ်ခြင်း  = ဖဝါးတော် ရာမှာ လေးထောင့် လျှားလျှား မဟုတ်ဘဲ  သဘာဝ လူ့ ခြေရာကဲ့သို့ ဝ...