Posts

Showing posts with the label ရှားပါး ဆင့်ထိုးကျောက်စာ။ (လေးမျက်နှာ)

ဘုရင်နှစ်ပါး မိဖုရားတစ်ပါး ရေးထိုးသော သက္ကရာဇ်ပါ ရှားပါး ဆင့်ထိုးကျောက်စာ။ (လေးမျက်နှာ)

Image
ဘုရင်နှစ်ပါး မိဖုရားတစ်ပါး ရေးထိုးသော သက္ကရာဇ်ပါ ရှားပါး ဆင့်ထိုးကျောက်စာ။ (လေးမျက်နှာ) ########################### အလှူရှင် နှင့် အလှူပြုချိန် ============== (၁) ဘုရင်မင်းစောမွန် သက္ကရာဇ် (၇၈၃) ခု တပေါင်း လပြည့်နေ့ သီတင်းအဖိတ်နေ့။ (၂) ဘုရင် မင်းခေါင်ရာဇာ သက္ကရာဇ် (၈၆၅) ခု တပေါင်းလဆန်း(၁၄)ရက် ကြာသပတေးနေ့။ (၃) မိဖုရား မင်းစိုးလတ် သက္ကရာဇ် (၈၈၇) ခု သင်္ကြန် လဆန်း (၇)ရက် သောကြာနေ့။ အလှူပစ္စည်း = စေတီ, ကျောင်း, လမ်း, ကျွန်အိမ်ထောင်, စိုက်ပျိုးရ သောမြေ, လှေ, နွားသားအမိ စသည်တိုကိုလှူသည်။ ရည်ရွယ်ချက် = အလှူ ရှင်သည် နိဗ္ဗာန်ဆုကို ရလို၏။ ဆုတောင်း = အလှူကိုချီးမြှင့်သောသူတို့သည် မိမိနှင့်အတူ အလှူ အကျိုးကိုရရှိပြီးအရိမေတ္တိယျသာသနာတွင် အကြားရပြီး နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ပါစေ။ ကျိန်စာ = အလှူကိုဖျက်သော် အဝီစိငရဲ, သင်္ခါရခါနကငရဲ သစ်ငုတ်ဖြစ်ပြီး မြေမျို စေ, မိုးကြိုးကျစေ, ကျားစားစေ, ဘီလူးစားစေ, မီးကျောင်းစားစေ, အရိမေတ္တိယ သာသနာ၌လည်း လူမဖြစ် လူဖြစ်လာလျှင် လည်း အကုန်း, အကွ, အနူ, အဝဲ, အရည်စက်စက်စို၍ စွန်တဝဲဝဲနှင့် ရွာထဲမဝင်နိုင် လူစံမမှီသော ငရဲကျစေ ဟုဆို...