ရခိုင်တို့ လူသေရင် သင်္ဂြိုလ်ပုံ အစဉ်အလာ။

ရခိုင်တို့ လူသေရင် သင်္ဂြိုလ်ပုံ အစဉ်အလာ။ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ဗဟုသုတ။..... မြင်းမိုရ် ဦးတိုက်နဲ့ နန်းတော်ဦးတိုက် ရခိုင်ပြည်မှာ အစဉ်အလာအရ အသုဘမီးသင်္ဂြိုလ်တယ်၊ မြေမြုပ်သင်္ဂြိုလ်တဲ့အခါ။ မြောက်အရပ်ကို ခေါင်းရင်းထား သင်္ဂြိုလ်လည့်ရှိကြတယ်။ မြောက်အရပ်မှာ မြင်းမိုရ်တောင် ရှိတဲ့အရပ်လို့ ယူဆပြီး အဲ့လို သင်္ဂြိုလ်တာဖြစ်တယ်။ ဒါကို မြင်းမိုရ် ဦးတိုက်သင်္ဂြိုလ်တယ်လို့ဆိုပါတယ်။ ရခိုင်ပြည် ဗမာ(အောက်သား)မောင်ဝိုင်းလက်အောက် ကျရောက်ပြီး လေးမြို့ဝန်ခေတ်မှာ ရခိုင်တို့၏ အစဉ်အလာအတိုင်း မြင်းမိုရ် ဦးတိုက်သင်္ဂြိုလ်ခွင့်မပြုဘဲ၊ အမရပူရနန်းတော်ရှိရာ အရှေ့အရပ်ကို ခေါင်းရင်းထား ဦးတိုက်လို့သင်္ဂြိုလ်ရပါတယ်။ အဲ့ဒါကို နန်းတော်ဦးတိုက် သင်္ဂြိုလ်တယ်လို့ခေါ်ပါတယ်။ ဗြိတသျှအင်္ဂလိပ် ရခိုင်ပြည်ကို သိမ်းခါမှ ရခိုင်တို့၏ အစဉ်လာအတိုင်း မြင်းမိုရ်ဦးတိုက် သင်္ဂြိုလ်ခွင့်ကို ပြန်ရလာကြတယ်။ အစဉ်အလာအတိုင်းပြန်ဖြစ်သွားတယ်။ ဒါပေမယ့် တချို့နေရာတွေမှာ အောက်သားတွေ ချမှတ်ခဲ့တဲ့အတိုင်း နန်းတော်ဦးတိုက် အရှေ့အရပ်ကို ခေါင်းရင်းထား ဦးတိုက်လို့သင်္ဂြိုလ်ကြတာတွေလဲ့ ရှိကြသေးတယ်။ Credit -ဆြာ Kyaw Maung ...