စတုတ္ထအကြိမ်သင်္ဂါယနာ(ရခိုင်ဝေသာလီ

စတုတ္ထအကြိမ်သင်္ဂါယနာ(ရခိုင်ဝေသာလီ) 11 APRIL · PUBLIC ရခိုင်ပြည်သို့ ထေရ၀ါဒ ဗုဒ္ဓသာသနာ ရောက်ရှိလာပုံ ရခိုင်ပြည်၌တွေ့ရှိရသော ကျောက်စာများအရ၊ ရခိုင်ရာဇ၀င်ကျမ်းစာများအရ၊သမိုင်းမှတ်တမ်းများအရ မဟာသက္ကရာဇ် (၁၂၃)ခု တတိယဓည၀တီပြည်ရှင် စန္ဒသူရိယမင်း (BC 569) လက်ထက်တွင် ဗုဒ္ဓဘုရားရှင်သည် နောက်ပါရဟန်း(၅၀၀)ဖြင့် ဓည၀တီရခိုင်ပြည်သို့ ကြွရောက်ခဲ့သည်၊ထိုသို့ ဗုဒ္ဓဘုရားရှင် ကြွရောက်ခဲ့သည်ကို မှတ်တမ်းတင်ထားသော အစောဆုံးကျောက်စာမှာ တောင်ပေါက်ကြီး ကျောက်စာပင် ဖြစ်ပေသည်။ ဤကျောက်စာကို ဓည၀တီမြို့ဟောင်း ၊မြို့တံတိုင်းအဖြစ်သုံးခဲ့သည့် ကျောက်တော်မြို့နှင့် မဟာမုနိဆင်းထုတော်ကြားရှိ မဟာမုနိသွားလမ်း တောင်ပေါက်ကြီးအနီးတွင် (1932)ခုနှစ် ဧပြီလတွင် ကျောက်စာဝန် ဦးစံရွှေဘုနှင့် ဦး ဦးသာထွန်းတို့ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဤကျောက်စာမှာ မူလက စာကြောင်းရေ (၂၅)ကြောင်းရှိခဲ့ပါသော်လည်း ဒုတိယကမ္ဘာစစ်က ဂျပန်တို့ ဗုံးခွဲမှုကြောင့် စာကြောင်းရေ (၅)ကြောင်းသာ ထင်ရှားစွာ ဖတ်ရှုနိုင်ပေသည်။ ထိုတောင်ပေါက်ကြီးကျောက်စာသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းသုံး ဗြဟ္မီအက္ခရာ ပါဠိဘာသာ(မာဂဓ)ဘာသာဖြင့် ရေးထိုးထားသော ကျောက်စာဖြစ်ပေသည်။ အဆိုပါကျောက်စာတွင် ရေးထ...