ဂင်္ဂါကိုပဲ ပြန်လည်စီးဆင်းပါရစေ ဧရာဝတီရယ်

ဂင်္ဂါကိုပဲ ပြန်လည်စီးဆင်းပါရစေ ဧရာဝတီရယ် •••••••••••••••••••••••••*********** ဒီဆောင်းပါးထဲမှာလက်ရှိရက္ခိုင်ပြည်အတွင်းမှာဖြစ်ပွားနေတဲ့ရက္ခိုင့်တပ်မတော်နဲ့ဗမာစစ်တပ်တိုရဲ့တိုက်ပွဲတွေနဲ့ပတ်သတ်ပြီးရက္ခိုင်လူမျိုးတွေရဲ့ အတိတ် ၊ ပစ္စုပ္ပာန် ၊အနာဂတ် စတဲ့အကြောင်းအရာတွေကို ဗမာကလောင်ရှင် တစ်ယောက်ပီပီပျားရည်ဆမ်းထား တဲ့ သံလျက်ကဲ့သို့ ကလောင်သွားနဲ့ထိထိမိမိရေးဖွဲ့ ထားပါတယ်။တစ်ခုလောက်ပြောချင်တာကသင်တို့ရဲ့ အဆိပ်လူးထားတဲ့ နားဝင်ချိုစကားလုံးတွေကြောင့် ငါတို့ရက္ခိုင်တွေလည်း ခေါတ်သစ်မှာနှစ်ပေါင်း၆၀ ကျော် ထောင်းထောင်းကြွေ ခဲ့ပြီးပါပြီ ။ သင်တို့ပြောသလိုရက္ခိုင်ရိုးမကိုရွှေချမလို့နဲ့တူပါ တယ်။ဒီလောက်သစ်ပင်ဝါးပင်တွေနဲ့ အုံဆိုင်းနေတဲ့ ရက္ခိုင်ရိုးမကြီးကို ပြောင်သလင်းခါသွားတဲ့ အထိ တောင်ကတုံးဘဝကိုအရောက်ပို့ခဲ့ပြီးပြီ ရှေးခေတ် ရခိုင့်ယဉ်ကျေးမှုဗိသုကာလက်ရာတွေလည်းအာဏာရှင် ဖက်ဆစ်ဧရာဝတီရဲ့ အကြမ်းဖက် ဖျက်ဆီးမှု အောက်မှာ ၇၀% ခန့် ပျက်စီးခဲ့ရပြီ။ ရခိုင့်ပင်လယ်ပြင် ရေအောက်ကြမ်းပြင်ကလည်း ဂလိုင်ခေါင်းကြီးတွေ ဖြစ်နေပြီ။တစ်နေ့ပင်လယ်ရေ အောက်ငလျင်လှုပ်ခဲ့ရင် ဆူနုာမီလို ရေတက်တဲ့ဒဏ် ကိုခံရမှာကဘယ်သူတွေဖြစ်မလဲမတွေးရဲတော့ပေ။ ရက္ခိုင...