Posts

Showing posts with the label ရခိုင်သား ဖြစ်ပေါ်လာပုံ နှင့် မြမ္မာ

ရခိုင်သား ဖြစ်ပေါ်လာပုံ နှင့် မြမ္မာ

Image
ရခိုင်သား ဖြစ်ပေါ်လာပုံနှင့် မြမ္မာ ရှေးထုံးဟောင်းဒဏ္ဍာရီဆန်သောရခိုင်သားဖြစ်ပေါ်လာပုံသမိုင်း ရှေးရခိုင်ကြီးများ၏ အဆိုအရ ဘတ္တကမ္ဘာဟု မဖြစ်ပေါ်မှီ ကမ္ဘာမီးလောင်၍ မီးငြိမ်းသောအခါ မြေသင်းနံ့ မွေးသည်ကို အကြောင်းပြု၍ ဗြာဟ္မာဘုံမှ ဗြာဟ္မာကြီးများဆင်းလာကါ မွေးသော မြေသင်းခဲကို စားသဖြင့် ကိုယ်ရောင်ပျောက်၍ လူဖြစ်သည်ဟူ၍ ပြောစမှတ်ပြုကြသည်။ ဤသို့ အယူရှိသော လူမျိုးတို့တွင် အိန္ဒိယ ဗြာဟ္မဏ များသည် အဓိကဖြစ်၍ ကမ္ဘာဦးကျမ်းကိုဘင် ဤသို့ဟူ၍ ရေးသားမှတ်တမ်းတင်ခဲ့ကြသည်။ ဗြာဟ္မာဟူသည် နူးညံ့ သိမ်မွေ့သည့် အတွက် ပါဠိဘာသာ အားဖြင့် မေ ရမ္မ ( မေ-ငါ၊ ရမ္မ-မွေ့ခြင်း၊ နှလုံးသိမ်မွေ့ နူးညံ့သည်ကို မြမ္မာဟုခေါ်သည်။) ဟုလည်းခေါ်ရာမှ မြမ္မာ ဟူ၍ ခေါ်ခြင်း ဖြစ်သည်။ ဤသို့ ဗြာဟ္မာမှ လူဖြစ်လာသည် ဆိုသည့် အယူအဆကို အိန္ဒိယနိုင်ငံ အပြင် ရခိုင်နိုင်ငံ၊ မွန်နိုင်ငံ၊ ကရင်နိုင်ငံ၊ ပျူနိုင်ငံ(ဗမာ)၊ တို့မှ ပညာရှိတို့ ရေးသားသော ကျမ်းမျိုးစုံတို့တွင်လည်း တွေ့ရသည်။   (က)    လူနှင့်ဇာတ် ၁။ မူလ ။ ။ လူ၏အစမူလသည် ဗြာဟ္မာ သို့မဟုတ် မြမ္မာ ဖြစ်သည်။ ၂။ ဇာတိ။ ။ ဗြာဟ္မာ (မြမ္မာ) မှ လူ ဇာတိ ဖြစ်လာသည်။ ၃။ ဇာတ်။ ။ ဇာတိ ရ၍ ဇာတ် ဖြစ်လာသည်။ ဇာတ် = လှုပ်ရှ...