Posts

Showing posts with the label အာနန္ဒစန္ဒြမင်း ၏ ဖခမည်းတော် “ဓမ္မစန္ဒြမင်း ကောင်းမှု ဓါတ်တော်စေတီ

အာနန္ဒစန္ဒြမင်း ၏ ဖခမည်းတော် “ဓမ္မစန္ဒြမင်း ကောင်းမှု ဓါတ်တော်စေတီ

Image
အာနန္ဒစန္ဒြမင်း ၏ ဖခမည်းတော် “ဓမ္မစန္ဒြမင်း ကောင်းမှု ဓါတ်တော်စေတီ” 3 MAY ·  (ပုံ-၁) ဤပုံကို မြောက်ဦး ဘုရားပေါ်ရပ်ကွက်မှ ရခိုင်လူငယ်တစ်ဦးဖြစ်သော Khine Murn Chun မှ ပေးပို့သည်။ ဤကြေးစတူပါစေတီငယ်သည် ရခိုင်ဝေသာလီခေတ်တွင် ပြုလုပ်ခဲ့သော စတူပါစေတီ ပုံစံငယ်ဖြစ်ပါသည်။ စတုပါစေတီငယ်သည် အမြင့် ၇ လက်မခန့်ရှိပါသည်။ အောက်ခြေပထမအရစ်တွင် ပတ်လည်၌ စာများ ရေးထိုးပါရှိသည်၊ (ပုံ -၁ ရှု )ထိုအပြင် အောက်ခံ ကြေးပြား၏ အောက်ဘက်တွင် လည်း စာသုံးကြောင်း ရေးထိုးပါရှိသည်။ (ပုံ-၃) ရှု ယခု မြောက်ဦးမြို့ ဘုရားပေါ်ဘုန်းကြီးကျောင်းတွင် ရှိသည်ဟု သိရပါသည်။ဤစတူပါစေတီငယ်၌ အေဒီ(၇) ရာစု၌ ရေးသားသော အက္ခရာများဖြင့် ရေးထိုးထားသော အက္ခရာများပါရှိသည်။ တိတိကျကျ ပြောရ လျှင် ဝေသာလီပြည်ကို စိုးစံအုပ်ချုပ်မင်းလုပ်ခဲ့သော ဓမ္မစန္ဒြမင်း (624-640 အေဒီ)အာနန္ဒစန္ဒြမင်း၏ဖခမည်း တော် လက်ထက်တွင် ရေးထိုးသော အက္ခရာများဖြစ်ပေသည်။ဤ စတူပါစေတီငယ်သည်လည်း အာနန္ဒစန္ဒြ မင်း၏ ဖခမည်းတော် ဓမ္မစန္ဒြမင်း ပြုလုပ်ခဲ့သော စတူပါစေတီငယ်ဖြစ်ပါသည်။ ဤစေတီငယ်သည် စေတီကြီး တစ်ဆူ တည်ရန်အတွက် ပြုလုပ်ထားသော ပုံစံငယ် ဖြစ်ဟန်ရှိပေသည်။ ဤပုံစံဖြင့် ဝေသာလီခေတ်တွင် စေတီ တော်ကြီးတစ်...