လောကသာရပျို့ မူပိုင်ရှင်

လေးမြို့ခေတ်ရဲ့ရခိုင့်မဟာတန်ဆောင်(သို့မဟုတ်) လောကသာရပျို့ ဗိမာန်ကြီး =========================== { လောကသာရပျို့ မူပိုင်ရှင် } ●●●●●●●●●●●●●●●●●●●●● လေးမြို့ခေတ်ကို (AD-818) ခုနှစ်မှာ စူဠစနြ္ဒား ရဲ့ တူတော်သူ စန္ဒကူး နဲ့ စန္ဒာဒေဝီတို့ရဲ့သား မဟာနွယ် ရခိုင်ဘုရင်မျိုး ဆက် ခေတ္တာသင်က စတင်ထူထောင်ခဲ့တာပါ။ ရခိုင့်သမိုင်းထက်မှာ ကြီးမြတ်ကျော်ဇောတဲ့ ဘုရင်တွေ ၊ ရဟန်းပညာရှိ လူပညာရှိတွေ ပေါ များပေါ်ထွန်းခဲ့တဲ့ ခေတ်တစ်ခေတ်ဖြစ်ပါတယ်။ (AD-1430) မှာ မင်းစောမွန်ဘုရင်က မြောက်ဦး ကို ပြောင်းရွှေ့နန်းစိုက်ပြီး လေးမြို့ခေတ် အဆုံး သတ်သွားခဲ့ပါတယ် ။ လေးမြို့ခေတ်ရဲ့ထင်ရှားမှုတွေထဲက အထင် ကရဖြစ်တဲ့ ဘုရင်မင်းထီးလက်ထက်က အဖြစ် ပျက်လေးတစ်ခုကို ပြောပြချင်ပါတယ် ။ မင်းထီးဘုရင် လက်ထက်မှာ စာဆိုပညာရှိအ ဖြစ်ရော ရခိုင့်ကျက်သရေဆောင်အဖြစ်ပါ ထင် ရှားကျော်ကြားခဲ့တဲ့ ရခိုင်သူမြတ် အကြောင်းပါ။ ရခိုင်သူမြတ်ဟာ ရခိုင်မှာသာမက အထက်ဗမာ တစ်ဝှမ်းကို ထင်ရှားကျော်ကြားပါတယ် ။ သက္ကရာဇ် (၆၈၈) ခုနှစ် (AD-1300) ဝန်းကျင်မှာ သက်မင်းရှင်စောဟာ သရက်မြို့( ရခိုင်ကျမ်းလာ မစ္ဆဂီရိမြို့) ကို သားတော် သုံးပါး နဲံ့ အုပ်ချုပ်စိုးစံနေပါတယ် ။ တစ်ချိန်မှာ သက်...