စစ်ရှုံးသော်လည်း အမျိုးဂုဏ်ကို တောက်ပြောင်စေသော မဟာဘုရင်မင်း မြတ်တစ်ပါး

အတုယူစရာ ရခိုင့်တော်လှန်ရေးနှင့် ရခိုင်ပြည်သူများ ===================================== ( စစ်ရှုံးသော်လည်း အမျိုးဂုဏ်ကို တောက်ပြောင်စေသော မဟာဘုရင်မင်း မြတ်တစ်ပါး ) ~~~~~~~~~~~~~~~~~~~~~~ အမရပူရမင်း ရက္ခိုင်ပြည်ကို စစ်ချီလာစဉ် ရက္ခိုင်ပြည်ကို အစိုးရသော မဟာသမ္မာတရာဇာမင်းတရားသည်လည့် ၎င်းစစ်ချီလာမည့်အကြောင်းကို ဆွေတော်မျိုးတော် မှူးမတ်အပေါင်း၊ရဟန်းပညာရှိ ၊လူပညာရှိတို့နဲ့ တိုင်ပင်တော်မှုလေသောအခါ ယောက်ဖက်တော် ဓားပိုင်ကြီးကျော်ပုံက ဤသို့လျှောက်တင်သည်👉👉 အမရပူရမင်း၏ စစ်ချီလာသော စစ်ရေးသည် အင်အားကြီးကျယ်လှသည်ဖြစ်သွားကြောင်း အမရပူရမင်းအား လက်ဆောင်ပဏ္ဏာနှင့် သမီးကညာ တို့ကို ဆက်သက်တော်မှုလျှင် မဟာမိတ်ဖြစ်ပြီး စစ်ရေးငြိမ်း မည်ဟု လျှောက်တင်သည် ။ ထိုအခါ ရက္ခိုင်ပြည်ကို အစိုးရသော မဟာသမ္မတရာဇာမင်းသည်ဤသို့ မိန့်တော်မူ၏။ 👉👉 ငါ့၏ ရှေ့ဘေးလောင်းတော် ၊ ဘိုးလောင်းတော်တို့ လက်ထက်တော်၌ ဤရက္ခိုင်ပြည်ကို တစ်တိုင်းတစ်နိုင်ငံက စစ်ပြိုင်လာသော မင်းတို့ကို လက်ဆောင်ပဏ္ဏာ နှင့် သမီးကညာ ဆက်သက်ဖူးသည် မရှိလေ။ ငါတို့ ရက္ခိုင်ပြည်သို့သာ ထိုထိုသို့သော တိုင်းပြည်တို့က လက်ဆောင်ပဏ္ဏာ နှင့် သမီးကညာ ဆက်သက်...