အာနန္ဒစန္ဒြကျောက်စာတွင် #သီဝနတ် မျိုးရိုး မဟုတ်ကြောင်းနှင့် ဘာသာပြန်လွဲမှားခြင်း၏ အကျိုးဆက်
အာနန္ဒစန္ဒြကျောက်စာတွင် #သီဝနတ် မျိုးရိုး မဟုတ်ကြောင်းနှင့် ဘာသာပြန်လွဲမှားခြင်း၏ အကျိုးဆက် ✪▬▬▬▬▬▬▬๑۩۩๑▬▬▬▬▬▬✪ အာနန္ဒစန္ဒြ ကျောက်စာနှင့်ပတ်သက်၍ ယခင်မှတ်တမ်းများ အားလုံးမှာ ပါရှိတဲ့ သီဝနတ် ဆိုတဲ့ အရာတွေက ( သက္ကရာဇ် ၆၄၉.. အာနန္ဒစနြ္ဒကျောက်စာကို မှေးမှိန်အောင်လုပ်ပစ်လိုက်လေသည်။ သီဝနတ် ဟု အဓိပ္ပာယ်အယူအဆ လွဲမှားမှု တခုက သမိုင်းတခုလုံးကို သီဝနတ်မင်းအနွယ်ဖြစ်သွားစေတယ်။ ( ယေက်ျားအင်္ဂါ ကိုးကွယ်တဲ့ အနွယ်ယောင်ယောင်၊ မဟာယာနယောင်ယောင် ဖြစ်သွားစေတယ် )။ သက္ကဋစာပေမှာ သီဝနတ်ကိုခေါ်တဲ့ စကားလုံးဟာ သီးခြား စာလုံးပေါင်း ပါရှိပြီးသားဖြစ်ပါတယ်။ အဲ့ဒါကို ရှေးက ဆရာတွေ သတိမပြုခဲ့သောကြောင်း အာနန္ဒစန္ဒြကျောက်စာ တစ်ခုကို သီဝနတ် ဟုတ် လွဲမှား ဘာသာပြန်ခဲ့မိလေသည်။ ပညာရှိသတိဖြစ်ခဲဟု ဆိုရမယ်။ မမှားသော ရှေ့နေ မရှိသလိုပဲ ယူဆရပေမယ်။ အပြစ်မဆိုသာပါ။ အာနန္ဒစန္ဒြကျောက်စာသည် သက္ကဋဘာသာဖြင့် ရေးထိုးထားသော ကျောက်စာတစ်ချပ်ဖြစ်သည်။ သက္ကဋ စာပေမှာ #ဂီ့ဝ နှင့် #ဤသာ( ဤဂ့ါနွယ) တို့သည် စာလုံးပေါင်းလည်း မတူသလို အနက်အဓိပ္ပာယ်လည်း မတူပဲ ဂီ့ဝ>ဂဲ့ဝါ=Shiva သျှီဝ(ရှီဝ) သီ...