ကျောက်ဖြူမြို့ ကံ့ကော်တောဘုရားသမိုင်း အကျဉ်းချုပ်

ကျောက်ဖြူမြို့ ကံ့ကော်တောဘုရားသမိုင်း အကျဉ်းချုပ် နမောတဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒဿ ပဉ္စဂုဏာ အဟံ ၀န္တာမိ။ဘုရားသမိုင်းလင်္ကာ ——————— ဇမ္ဗူဒီပါ၊ ကျွန်းတောင်ယာ၀ယ်၊ ရတနာထူပြော၊ စဉ်ပင်ပေါသည်၊ မနောရမ္မာ၊ ကျွန်းအောင်ချာထက်၊ ရှိကလူပေါင်း၊ ရှိလူဟောင်းရို့၊ ပျော်ကောင်းလူ့ဘောင်၊ သေလာတောင်၀ယ်၊ ခေါ်ဆောင်မှန်ကူ၊ ရွာကျောက်ဖြူထက်၊ ရှိမူမော်ကွန်း၊ တည်ထွန်းစဉ်လာ၊ ရွာချခါ၀ယ်၊ ခေါ်ရာပရေ။ ရပ်၀ယ်လူများ၊ အရပ်သားနှင့်၊ အောင်သားမည်ခါ၊ ငသထာဟု၊ ခေါ်မှုမှန်စွာ၊ ကွန်ဆရာသည်၊ လင်းခါချိန်ထေက်၊ မိုးလင်းရောက်က၊ မြစ်စယောင်ယောင်၊ ငပြီတောင်နား၊ ကွန်ပစ်လားရာ၊ ငသထာဟု၊ ခေါ်ရာထိုသူ၊ ပစ်သည်ဟူက၊ ကွန်မူထွီးယှက်၊ ငြိလျှက်ဟိရာ၊ စမ်းကြည့်ပါသော်၊ မြတ်စွာရုပ်ပွား၊ ဆင်းတုအားကို၊ တွိပြီးသောခါ၊ ရွာပြန်လာရောက်၊ ကြောက်မက်စဖွယ်၊ မြစ်ပင်လယ်မှာ၊ ဇာနှယ်ကဲ့သို့၊ ဖြစ်ဖို့သနည်း၊ ပုထိုးတဆူ၊ ဟိသည်ဟူ၍၊ လူများသိစီ၊ ပြောကြားလီသော်၊ ကြီးသူမောင်၀မ်း၊ ရွာဆော်ရွန်း၍၊ ရွှင်လန်းအားရ၊ ရပ်သားရွာသူ၊ ကျွက်ကျွက်ဆူမျှ၊ ပင့်ယူလတ်သော်၊ ခုမူတည်ရာ၊ ရက်ခံသာက၊ ပြောင်းကာတတိတ်၊ ပင့်ဖိတ်ကြရာ၊ မရပါသော်၊ လွန်သာထယ်ဆွဲ၊ ကြိုးစားပေလည်း၊ လွန်ကြိုးပြတ်ကျ၊ ပင့်မရတည်း။ မြတ...