သက္ကရာဇ်အကြောင်း တစ်စေ့တစ်စောင်း

သက္ကရာဇ်အကြောင်း တစ်စေ့တစ်စောင်း =========================== **************************************** သက္ကရာဇ်ဆိုသည်မှာ သျှက္ကရာဂျာ= သက္က + ရာဇာ စကားနှစ်လုံးမှ ရွေ့လာသော စကား လုံးဖြစ်သည်။ သကရာဇာ ဆိုသည်မှာ မင်းတစ်ပါး အမည်ဖြစ်သည်။ ထိုသကရာဇာမင်းကို ကနိသျှကမင်းဟူ၍ လည်းကောင်း၊ သာလိဝါဟန ဟုလည်းကောင်း ခေါ်ဝေါ်ကြသည်။ သကရာဇာမင်းဖြိုသောနှစ်မှရေတွက် လာသော သက္ကရာဇ်ဖြစ်ေ သာကြောင့် သက္ကရာဇ - သက္ကရာဇ်ဟု ခေါ်ကြခြင်းဖြစ် သည်ဟုဆိုကြသည်။ ထို့အပြင် သက္ကရာဇ်ဆိုသည်မှာ အချိန်ကာလ ပိုင်းခြား သတ်မှတ်ခြင်း၊ ရက်အပိုင်းအခြား၊ လအပိုင်းအခြား၊ ဥတုရာသီအ ပိုင်း အခြား၊နှစ်အပိုင်းအခြားတို့ကို သတ်မှတ်ထားသော စံတစ်ခုဖြစ်သည်။ ရှေးကာလက ရက်အပိုင်းအခြားသည် ပထမနေထွက်ချိန်မှ၊နောက်တစ်နေ့ နေထွက်ချိန်ထိကို တစ်ရက် ဟူ၍ သတ်မှတ်ကြ၏။နေထွက် မှ နေ၀င်ကို နေ့ပိုင်း၊ နေ၀င်မှ နောက်တစ်နေ့ နေထွက်သည်အထိညဉ့် ပိုင်းဟူ၍ တစ် ရက်ကို အချိန်နှစ်ပိုင်း သတ်မှတ်ကြသည်။ ...