Posts

Showing posts from April, 2026

အလောင်းမင်းတရား (ခ) ဦးအောင်ဇေယျမှ #မွန်ဘုရင်နှင့် (ပဲခူး)မွန်ဟံသာဝတီနန်းတော် မီးရှို့ ဖျက်စီးခြင်း..။

Image
(ပဲခူး)ဟံသာဝတီ မွန်နန်းတော် ပျက်သုန်ခြင်း (၂၆၉) နှစ်ပြည့် သတိရ အောက်မေ့ခြင်း * * * * * * * * * * * * * * * * * * * * * * * * *  မွန်လူမျိုးတို့၏ မြို့တော် ဟံသာဝတီသည် {ခရစ်နှစ် ၁၇၅၇၊ မေလ၊ (၇) ရက်နေ့} ကောဇာသက္ကရာဇ် - ၁၁၁၉ ခုနှစ်၊ ဆုန်လဆုတ်၊ (၈) ရက်နေ့တွင် အလောင်းမင်းတရား (ခေါ်) ဦးအောင်ဇေယျ ၏ လက်ချက်ဖြင့် မီးလောင်ပြာကျပြီး ပျက်သုန်းခဲ့ရသော ယနေ့ ( ၈ - ၅ - ၂၀၂၆) ရက်နေ့ {ကောဇာသက္ကရာဇ် - ၁၃၈၈ ခုနစ်၊ ကဆုန်လဆုတ်၊ (၈) ရက်နေ့ ) ဆိုလျှင် (၂၆၉) နှစ်ပြည် မွန်တို့၏အချုပ်အခြာအာဏာဆုံးရှုံးခဲ့ရသည်။ ••••••••••••••••########•••••••• #အလောင်းမင်းတရား (ခ) ဦးအောင်ဇေယျမှ #မွန်ဘုရင်နှင့် (ပဲခူး)မွန်ဟံသာဝတီနန်းတော် မီးရှို့ ဖျက်စီးခြင်း..။ ခရစ်သက္ကရာဇ် (၁၇၄၆) ခုနှစ်၊ ကောဇာသက္ကရာဇ် (၁၁ဝ၈) ခုနှစ်ရောက်သောအခါ ဟံသာဝတီ နိုင်ငံတော်ကို မွန်တို့ ပြန်လည် ထူထောင်ခဲ့သည်။ ဗညားဒလအား ဘုရင်အဖြစ် ကောဇာ သက္ကရာဇ် (၁၁ဝ၉) ခုနှစ်တွင် တင်မြှောက်လိုက်သည်။ အင်းဝတွင်အုပ်စိုးနေသော ဗမာဘုရင် တို့သည်လည်း မွန်ဘုရင်အခြေမခိုင်မီ ဖြိုခွဲပစ်ရန် ချီတက်လာသည်။ ဗညားဒလဘုရင်သည် စစ်သူကြီးဒလမာန်အား မွန်စစ်တပ်ကို ဦးစီးကွပ်ကဲစေပြီး၊ ဗမာဘုရင်တို့၏တပ်န...

ရခိုင် နှင့် တောင်ငူ ဆက်ဆံရေးသမိုင်း

Image
ရခိုင် နှင့် တောင်ငူ ဆက်ဆံရေးသမိုင်း။ တောင်ငူဘုရင်မှ ဟံသာဝတီကို တိုက်ခိုက်လို၍ ရခိုင်ဘုရင်မင်းရာဇာကြီးအား သမီးကညာနှင့် ဘဏ္ဍာများ ဆက်သက်ခြင်း။ •••••••••••••••••••••••••••••• သက္ကရာဇ် ၉၅၉ ခုတွင် မင်းရဲကျော်ထင် အမည်ရှိသော တောင်ငူမင်း သီဟသူသည် ဘကြီးတော် ကျော်ထင်အနော်ရထာ၏သား ဟံသဝတီပဲခူးမင်းကို လုပ်ကြံလို၍ ရခိုင်ဘုရင်မင်းရာဇာကြီးကို လက်ဆောင်ဘဏ္ဍာ နှင့် အကူအညီလာတောင်းသည်။ တောင်ငူမင်းသီဟသူက ရခိုင်ဘုရင်မင်းရာဇာကြီးအား ဟံသာဝတီကို ကူညီတိုက် ပေးတော်မူပါ ဟံသာဝတီကိုရလျှင် ဆင်ကြီး၊ မြင်းကြီး၊ သမီးကညာ နှင့် ဘဏ္ဍာများ  ဆက်သက်ပါမည်ဟု ရွှေပေလွှာဖြင့် ရခိုင်ဘုရင်ထံ အကူအညီလာတောင်းသည် ရခိုင်ဘုရင်မင်းရာဇာကြီးက တောင်ငူမင်းသီဟသူ တောင်းခံမူကို လက်ခံပြီး ရခိုင်ဘုရင်မင်းရာဇာကြီး နှင့် တောင်ငူမင်းသီဟသူတို့ ပေါင်းပြီး ဟံသာဝတီပဲခူးမြို့ကို တိုက်ခိုက်သိမ်းပစ်လိုက်တယ် အောင်မြင်တော်မှု၍ တောင်ငူမင်းသီဟသူသည် ရခိုင်ဘုရင်မင်းရာဇာကြီး တပ်တို့ကို အထူးထူးသော ပစ္စည်းများ ဆက်သက်ပြီး ဟံသာဝတီထီးနန်း ဘဏ္ဍာ အသီးသီးနှင့်တကွက် ပဲခူးမင်းသမီး ခင်မနှောင်းကို ရခိုင်ဘုရင်မင်းရာဇာကြီးကို ဆက်သက်လိုက်တယ်။ {{ #ဤနေရာမှာ....ဟံသာဝတီ ထီးနန်းက...