ရခိုင်ဘုရင် မင်းရာဇာကြီး နန့် သီဟိုဠ်ဘုရင် ပထမ ဝိမလဓမ္မ သူရီယ,မင်းတို့ သာသနာပြု မှတ်တမ်း

ရခိုင်ဘုရင် မင်းရာဇာကြီး နန့် သီဟိုဠ်ဘုရင် ပထမ ဝိမလဓမ္မ သူရီယ,မင်းတို့ သာသနာပြု မှတ်တမ်း =-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-= သီဟိုဠ်နိုင်ငံမှ သာသနာပြုစေလွှတ်ရန် တောင်းပန် လား၍ ရခိုင်နိုင်ငံတော် ရခိုင်ပြည် မြောက်ဦးမြို့ တော် ရခိုင်ဘုရင် မင်းရာဇာကြီးလက်ထက် အေဒီ (1593-ခု မှ 1612)ခု ၊ ကောဇာသက္ကရာဇ်( ၉၅၅-ခု မှ ၉၇၄ )ခု ၊ မြောက်တန်ဆောင် ဆရာတော် စန္ဒဝိလာသ,သည် အရံသံဃာတော် (၂၀)နန့်တကွ သီဟိုဠ်ကျွန်းသို့ သာသနာပြု ကြွရောက်ရန် မင်းရာ ဇာကြီး လျှောက်ထားတောင်းပန်ချက်-အရ (၉၆၈)ခု တန်ဆောင်မုန်းလတွင် သီဟိုဠ်သို့ ကြွတော်မူ၍ သီဟိုဠ်နိုင်ငံသူ/သားတို့အား ရဟန်း/ပဉ္ဇင်းခံစေ တော်မူ၍ သာသနာပြုတော်မူသည်။ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးသောဘန,ရဲ့ မဟာဒွါရ နိကာယ သာသနဝံသဒီပနီတွင် ------------------------------------------------------------------ သာသနာတော်နှစ် ၂၁၃၅-ခုနှစ် နန်းထက်လာသော ပထမ ဝိမလဓမ္မ သူရိယမင်း,လက်ထက် ရဟန်းတို့ ပင် လျင်းမရှိခြင်းကြောင့် ရခိုင်တိုင်းမှ ရဟန်းတို့ကို ပင့်ဆောင်၍ သီရိဝဎ္ဍနမြို့၌ နေစေလျက် ရိုသေစွာ လုပ်ကျွေးသည်။ သာသနာတော်(၂၁၄၀)ပြည့်နှစ်၌ မဟာဝါဠုကမြစ်က ကာဒမ္ဗမည်သောဆိပ်၌ နှလုံး မွေ့လျော်ဖ...