Posts

Showing posts with the label အလွန်ရှေးကျသော မုနိတစ်ဆူ

အလွန်ရှေးကျသော မုနိတစ်ဆူ

Image
အလွန်​​ရှေးကျတဲ့ မုနိတဆူ  ::::::::::::::::::::::::::::::::::::::: AD.၇၆၉.မှာ သိင်္ဂစန္ဒြားနဲ့ သုဝဏ္ဏ​ဒေဝီ​စောပြည့်​ညိုရဲ့သား စူဠစန္ဒြား နတ်​ရွာစံ​တော့ ​ဝေသာလီပြည်​ကြီး တခုလုံး တစစီပျက်​စီးသွားပါတယ်​။ အမြကူတို့ ၃​ယောက်​က နိုင်​ငံ့အာဏာကို သိမ်းယူဖို့ အဆင့်​ဆင့်​ ကြိုးစားလာကြတယ်​။ နန်းတွင်း ပညာရှိ​တွေက ​တော်​ဝင်​မိသားစုနဲ့ သူတို့၃​ယောက်​ကြားမှာ နိုင်​ငံ​တော်​ ပျက်​စီး မသွားရ​အောင်​ ထိမ်းဖို့ ကြိုးစားကြတယ်​။ အမြကူ သား ပဲဖြူကို စူလစန္ဒြားမိဖုရားနဲ့ လက်​ဆက်​ပြီး နန်းတင်​ကြတယ်​။ ငြိမ်းချမ်း​ရေး တခု ပြုလုပ်​လိုက်​တဲ့ သ​ဘော​ပေါ့။ ဒါ​ပေမယ့်​ ကံကြမ္မာက မျက်​နှာသာ မ​ပေး။ နိုင်​ငံကို ၁၇နှစ်​ပဲ ထိမ်းနိုင်​ခဲ့တယ်​။ ပဲဖြူ နတ်​ရွာ စံသွား​တော့ ​ဝေသာလီဟာ အိမ်​​ထောင်​ဦးစီး မရှိတဲ့ မုဆိုးမ အိမ်​လို ဖြစ်​သွားခဲ့တယ်​။ ဒါကို အခွင့်​​ကောင်းယူပြီး * ​မေတ္တယျ ရုပ်​တု၊  ​ရွှေဆင်းတု ​ပြောင်​​ပြောင်​၊ အ​တောင်​ ရှစ်​ဆယ်​၊  ကြီးကျယ်​ နှင့်​နှင့်​၊  လွှားလွှား မြင့်​ကို၊  ဖိုကျင့်​ ထိုး၍၊  ရ​သေ့မြို့ အားလုံး၊ ယူကြသုံးသဖြင့်​၊ သုဉ်းဖူးသည်​ တဝ... (ရာ​ဇောဝါဒကျမ်း) (ဦးဖိုးကျား​...