Posts

Showing posts with the label ရခိုင်သာသနာတော်နန့် သီဟိုဠ်သာသနာတော်

ရခိုင်သာသနာတော်နန့် သီဟိုဠ်သာသနာတော်

Image
ရခိုင်သာသနာတော်နန့် သီဟိုဠ်သာသနာတော် =-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-= ရခိုင်ပြည် မြောက်ဦးဘုရင် မာရုပ္ပိယ ဂူဖြူမင်း လက်ထက် သီဟိုဠ် ဒုတိယ ဝိမလဓမ္မသူရိယမင်းလက်ထက်တွင် ရခိုင်ပြည်မှ သံဃာတော် ( ၄၀ ) တို့ကို သာသနာပြုရန် သံအဖွဲများ ပင့်ဆောင် လာသဖြင့် အဝ( ၂၀ )ရှိသော သဘ်ော( ၂ )စင်းဖြင့် သက္ကရာဇ်( ၁၀၅၈ )ခုနှစ် ပြာသိုလ္ဆန်း ( ၆ )ရက် တနဂ်နွေနေ့ သတ္တဌာန ဆရာတော် ဣန္ဒမဇ္စူ နန့် လောင်းကြက် ဆရာတော် နန္ဒစက္က,တို့ သံဃာတော် များကို ဦးဆောင်ကာ သီဟိုဠ်ကျွန်းသို့ သာသနာပြု ရန် စေလွှတ်တောင်းပန်တော်မူသောကြောင့် သီဟိုဠ်ကျွန်းသို့ ကြွရောက်ကာ သာသနာပြုပြီ၊ အနုရာဓမြို့သို့ ကြွရောက်ကာ အောက်လက်ဝဲ စွယ်တော်ကို ဖူးမျော်ပြီးနောက် လက်ဝဲဖဝါးခြေ တော်ရာရှိရာ စေတီပါဒတောင်ထိပ် ( ပေ-၇၃၆၀ ) အမြင့်သော စေတီပါဒ( သီရိပါဒ )တောင်၏ အံ့ချီးဖွယ်ရာနှင့် သာယာပုံတို့ကို ချီးကျူးလျက် သတ္တဌာန ဆရာတော် ဣန္ဒမဇ္စူ,က အောက်ပါလက်ါ ( ၂ )ပုဒ်ကို စပ်ဆိုရေးသားခဲ့လေသည်။ နံပါတ်( ၁ ) လက်ာ --------------------------- မကြားဘူးအောင် လူဘောင်လွန်ပြီး အံ့ဝှံ့ချီးသား လျှံညီးရောင်ဝင်း သုံးလူမင်းလျှင် ကြွနန်းအမှတ် ထိုတောင်ထွဋ်၌ အတတ်ဝိဇ္ဇာ အောင်ရာဇော်ဂျီ တ...