Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်သာသနာတော်နန့် သီဟိုဠ်သာသနာတော်

ရခိုင်သာသနာတော်နန့် သီဟိုဠ်သာသနာတော်
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

ရခိုင်ပြည် မြောက်ဦးဘုရင် မာရုပ္ပိယ ဂူဖြူမင်း
လက်ထက် သီဟိုဠ် ဒုတိယ ဝိမလဓမ္မသူရိယမင်းလက်ထက်တွင် ရခိုင်ပြည်မှ သံဃာတော် ( ၄၀ )
တို့ကို သာသနာပြုရန် သံအဖွဲများ ပင့်ဆောင်
လာသဖြင့် အဝ( ၂၀ )ရှိသော သဘ်ော( ၂ )စင်းဖြင့်
သက္ကရာဇ်( ၁၀၅၈ )ခုနှစ် ပြာသိုလ္ဆန်း ( ၆ )ရက်
တနဂ်နွေနေ့ သတ္တဌာန ဆရာတော် ဣန္ဒမဇ္စူ နန့်
လောင်းကြက် ဆရာတော် နန္ဒစက္က,တို့ သံဃာတော်
များကို ဦးဆောင်ကာ သီဟိုဠ်ကျွန်းသို့ သာသနာပြု
ရန် စေလွှတ်တောင်းပန်တော်မူသောကြောင့်
သီဟိုဠ်ကျွန်းသို့ ကြွရောက်ကာ သာသနာပြုပြီ၊
အနုရာဓမြို့သို့ ကြွရောက်ကာ အောက်လက်ဝဲ
စွယ်တော်ကို ဖူးမျော်ပြီးနောက် လက်ဝဲဖဝါးခြေ
တော်ရာရှိရာ စေတီပါဒတောင်ထိပ် ( ပေ-၇၃၆၀ )
အမြင့်သော စေတီပါဒ( သီရိပါဒ )တောင်၏
အံ့ချီးဖွယ်ရာနှင့် သာယာပုံတို့ကို ချီးကျူးလျက်
သတ္တဌာန ဆရာတော် ဣန္ဒမဇ္စူ,က အောက်ပါလက်ါ
( ၂ )ပုဒ်ကို စပ်ဆိုရေးသားခဲ့လေသည်။

နံပါတ်( ၁ ) လက်ာ
---------------------------
မကြားဘူးအောင် လူဘောင်လွန်ပြီး အံ့ဝှံ့ချီးသား
လျှံညီးရောင်ဝင်း သုံးလူမင်းလျှင် ကြွနန်းအမှတ်
ထိုတောင်ထွဋ်၌ အတတ်ဝိဇ္ဇာ အောင်ရာဇော်ဂျီ
တပဿီတို့ အမှီတံကဲ အနေမြဲသား ရဲရဲရောင်ဝါ
သူရိယာစန္ဒ၊ နေလထွက်ဝင် ကြည့်မမြင်တည်း
သစ်ပင်သစ်ရွက် ရွှမ်းရွှမ်းတက်မျှ ခက်လက်သံ
ညောင်း အရောင်းမရှိ တိတ္ထိမိစ္ဆာလူတကာတို့
တက်မှာမရောက် သံကောက် သံလွှင် ထက်ဝန်း
ကျင်သည် မစင်အပုတ် စက်ဆုပ် အကောင်လေ
မရောင်တည်း အခေါင်မိုးထိ သီရိပါဒင် လွှဲဝှမ်းထင်
သည် မဂ္ဂကရှစ်တန် နိဗ္ဗာန်အလယ် အချက်မ
သောက်။

နံပါတ်( ၂ ) လက်ာ
----------------------------
အထူးအထူး ကြားသော်မူးမျှ ကျေးဇူးငါးပါး
ထိုတောင်ဖျားဝယ် လေကားပြင်း၊ ထွေ-မသေဆီမီး
မိုးကြီးထန်ပြင်း ရနံ့ရွှင်းသား သလင်းအသွင်
တလင်းပြင်လည် ကျယ်တွင်မဟုတ် ငါတောင်မုခ်
တာ မြေမျက်နှာ ထက်အရာထောင်သောင်း
မြားမြောင်ကုဋေ သန်းတက်လေလည်း များထွေ
ရောင်ရှက် မြကျောက်ခွက်ကား ဖက်သော်နိုင်
လောက် အစောင့်မနက် လက်ရှစ်သက်ရှည်
တည်သည့်ရေလည်း သောက်လေမခန်း အံ့ဘနန်း
တည်း စောင်းတန်းမီးတား သံတံခါးအောက်
နတ်သို့မှောက်သား ရောင်ထောက်မညှိုး မိုးလည်း
မထောက် ချမ်းရိပ်အောက်တွင် ကျိန်းလှည့်ဝင်
သည်။ ဥမင်လှိုက်နန်း မဝယ်သော်။ 

သီဟိုဠ် မဟာဝံသ,ပါဠိလာ ရခိုင်မှ
        သာသနာပြု မှတ်တမ်း
--------------------------------------------------
လကျာဒီပမှိ သကလေ ဥပသမ်ပန်နဘိက်ခုနံ
အသန်တတ်တာအမစ်စမေိ ဒသေရေက်ခဂျသဝှယံ
ပေသေတွာနနိမန္တေတွာ နန္ဒိစက္ကာဒိဘိက္ခုဝေါ
လက်ာဒိပံသမာနေတွာ သီရိဝဎ္ဍနပုရေဝရေ
ဝသာပေတွာနသောရဇာ အာဒရောနဥပဌိယ
မဟာဝါဠုကဂဂျါယ တိတ်ထကေဒမ်ဗနာမကေ ----

လက်ာဒီပ သီဟိုဠ်ကျွန်း ( သီရိလက်ာ ) ( ၁ )ကျွန်း
လုံးတွင် ရဟန်းခံ ဥပသမ္ပဒကံဆောင်ရန် ရဟန်းတို့
မရှိခြင်းကြောင်း သီဟိုဠ်အမတ်တို့ကို ရခိုင်ပြည်
မြောက်ဦးမြို့တော်သို့ စေလွှတ်တော်မူ၍ အသျှင်
နန္ဒိစက္ကမထေရ် အစရှိကုန်သော ရဟန်းက ဦးဆောင်
ပြီး သာသနာပြုရန်အတွက် လျှောက်ထားတောင်း
ပန် ပင့်ဖိတ်တော်မူပြီး သီဟိုဠ်ကျွန်းသို့ ကောင်းမွန်
စွာ လှေသဘ်ောတို့ဖြင့် ပင့်ဆောင်တော်မူလျက်
မြတ်သော သီရိဝဎ္ဍနမြို့တော်၌ ကောင်းမွန်စွာ
သီတင်းသုံးနေတော်မူစေပြီး၍ သီဟိုဠ်ဘုရင် ဝလမ
ဓမ္မ သူရိယမင်းက ရိုသေလေးမြတ်စွာ ဆည်းကပ်
သမှုလုပ်ကျွေးပြုစုပြီး မဟာဝါဠုက ကဒမ္ဗမည်
သော ဂဂ်ါမြစ်ဆိပ်ကမ်း၌ ဥဒကုက္ခေပ ရေသိမ်ကို
ပြု၍ ရဟန်းတို့ကို ထိုအရပ်သို့ ပင့်ဆောင်လျက်
သီဟိုဠ်အမျိုးကောင်းသားတို့ကို ရှင်ပြု ရဟန်းခံ
စေ၍ ရခိုင်ပြည်မှ ရဟန်းတော်များ ထေရဝါဒ
သာသနာပြု လုပ်ငန်းကြီးကို ဆောင်ရွက်တော်
မူကြကုန်သည်။ 

မှတ်ချက်
--------------
ရခိုင်ရာဇဝင်လာ-အရ ရဟန်း သံဃာတော် အပါး
( ၄၀ )သာ ဖြစ်ပြီး၊ ရာဇဝင်လာ အပါး လေးဆယ်
မဟုတ်ဘဲ လက်ာဒီပ( ခေါ် )သီဟိုဠ် သီဟိုဠ်( ခေါ် )
သီရိလကျာ၊ သီဟိုဠျ မဟာဝံသ,ပါဠိ-အရ ( ၃၃ ) ပါး
သာ ရခိုင်သာသနာပြု ရဟန်းများ ဖြစ်ကြောင်း

"ရက္ခဝသယံခိပ္ပံ ပေသေတွာသစိဝေတကော
  နန္ဒိစက္ကာ ဒိယတယော အာဟုနေတွာသုပေသလေ
  "ဟူ၍လည်းကောင်း

"ရက္ခဝိသယံပေသေတွာန အမစ္စေမိဝိစက္ခဏေ
 ဘိက်ခုသံယံနိမန်တတှော သန်တာနထရေမာဒိကံ
 ကေတ္တိံသဘိက္ခုအာနေတွာ ပစ္စယေဟိစတူဟိစ

ဂါထာ-အရ သာသနာပြု ရခိုင်ဆရာတော်အဖွဲ့
( ၃၃ )ပါးတွင် သန္တာနမထေရ်ကိုလည်း ပါဝင်
ကြောင်း တွေ့ရသည်။

ရခိုင်ပြည် မြောက်ဦးဘုရင်များ ဖြစ်ကြသော
မင်းရာဇာကြီးနန့် မာရုပ္ပိယမင်းလက်ထက်
သီဟိုဠ်သို့ သာသနာပြု ( ၂ )နှစ်ကြိမ်ကို

( ၁ ) တတောပစ္ဆာစ ဝိမလ ဓမ္မသူရိယဿရညော
        ကာလေ ရက္ခပူရ ရဌတောသံဃံ အာနေတွာ
          သာ သနံ ပတိဌာပတေိ။

( ၂ ) တတောပစ္ဆာစ ဝိမလဿနာမရညောကာလေ
         တတောယေဝသံဃံ အာနေတွာ သာသနံ
         ပတိဌာ ပေသိ,ဟူ၍ ရေးသားထားသည်ကို
         တွေ့ရသည်။ 

ယခု ဖော်ပြထားသော မြောက်ဦးဘုရင် မာရုပ္ပိယ
ဂူဖြူမင်းကိုသာ ဖြစ်ပြီး မကြာမှီ မင်းရာဇာကြီးကို
ဖော်ပြမှာပါ။ 

မှတ်ချက်
--------------
ဓညဝတီသိမ်း ( ၂ )သိမ်း
ရှိခဲ့ကြောင်း သိရသည်။ 

ဓါတ်ပုံ
----------
သီဟိုဠ် ဓညဝတီ ရေသိမ်
Credit 
                                    
သိမ်တည်ရှိရာ နေရာနှင့်ဓါတ်ပုများကို ဖော်ပြထားသော Link 

https://www.google.com/maps/uv?pb=!1s0x3ae368eec0ebae17%3A0x19168aa0d1479836&hl=en-US&viewerState=gaမ









Comments