Posts

Showing posts with the label ကုန်းဘောင် နောက်ဆုံး မင်းဆက် သီပေါဘုရင်၏ မြေးတော် - တုတု

ကုန်းဘောင် နောက်ဆုံး မင်းဆက် သီပေါဘုရင်၏ မြေးတော် - တုတု

Image
ကုန်းဘောင် နောက်ဆုံး မင်းဆက် သီပေါဘုရင်၏ မြေးတော် - တုတု ………………………………………… ရတနာပုံမ် ဒုတိယနန်းစံ သီပေါမင်း ပါတော်မူ၍ အိန္ဒိယနိုင်ငံ ရတနာဂီရိစံအိမ် တွင် အကျယ်ချုပ်ဘဝဖြင့် စံနေစဉ်အခါက … သီပေါမင်း၏ သမီးတော် (၄)ဦး ရှိသည့်အနက်  ပထမ - သမီးတော် ထိပ်စုမြတ်ဖုရားကြီး က (ထိုခေတ် ဗြိတိသျှ ကုလားဖြူ) တွေရဲ့ ဝန်ထမ်း ဖြစ်သူ စံအိမ်တံခါးစောင့် ပုလိပ် - Shrimant Gopal Bhaurao Servant ဆိုသူ နှင့် အကြောင်းပါ၍ မွေးဖွားခဲ့သည့် တစ်ဦးတည်း သော သမီးတော် - တုတု (ခ) ဘိုင်စု … ။ သူ့ကို ၁၉၀၇ - ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၊ ၂၀၀၁ ခုနှစ်၌ အိန္ဒိယနိုင်ငံ ဆင်းရဲသားရပ်ကွက် တခုမှာ မထင်မရှား ကံကုန် အနိစ္စရောက်တယ် … ။ သက်ရှိထင်ရှား ရှိစဉ်အခါကလည်း ဗမာစကားကို မေ့လျော့သွားပြီး …  ဖိနပ်ချုပ်၊ အဝတ်ချုပ် အလုပ် လေးများနဲ့ ဝမ်းရေးကို ဖြည့်တင်းခဲ့ရကြောင်း သိရ။ ဤ ကုန်းဘောင် နောက်ဆုံးဘုရင် သီပေါမင်းရဲ့ မြေးတော် တုတု၏ ပုံရိပ်လွှာအား သုတေသန - ဓာတ်ပုံဆရာ Ajay Bashte မှ ၁၉၉၆ - ခုနှစ် ဝန်းကျင်က မှတ်တမ်းတင် ရိုက်ကူးခဲ့ပါသည် … ။ ------------- #James(ရှေးဟောင်းမော်ကွန်း မှတ်တမ်းအဖွဲ့)