Posts

Showing posts with the label တြိပူရဒေသမှ ရခိုင်များအကြောင်း Tripura

တြိပူရဒေသမှ ရခိုင်များအကြောင်း Tripura

Image
အိန္ဒိယနိုင်ငံထုတ် Times of India သတင်းစာ (၆ ဧပြီ ၂၀၁၇) တွင်ပါရှိသော  “တြိပူရဒေသမှ ရခိုင်များအကြောင်း မြန်မာနိုင်ငံ [ရခိုင်ပြည်]မှ ပညာရှင်တစ်ဦး ဖော်ထုတ်” ခေါင်းစဉ်ဖြင့် ဖော်ပြထားသည့် သတင်းဆောင်းပါးတစ်ပုဒ်။  (ဂူဝါဟာတီမြို့မှ သတင်းပေးပို့သည်)  အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းသို့ အရှေ့တောင်အာရှနှင့် တောင်အာရှဒေသများမှ လူမျိုးစုတို့ ပြောင်းရွှေ့နေထိုင်မှု သမိုင်းဖြစ်စဉ်တွင် ရခိုင်ပြည်နယ်မှ တြိပူရသို့ မောဂ်လူမှုအဖွဲ့အစည်းတို့ ရွှေ့ပြောင်းမှုမှာ လေ့လာမှု အနည်းဆုံး ကဏ္ဍတစ်ခု အဖြစ် တည်ရှိနေကြောင်း သမိုင်းပညာရှင်များက ဆိုကြသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ [ရခိုင်ပြည်]မှ ပညာရှင်တစ်ဦးဖြစ်သူ ဦးကျော်မင်းထင် အနေဖြင့် သမိုင်းဖြစ်စဉ်အဆင့်ဆင့်အတွင်း တြိပူရသို့ ရခိုင်လူမျိုးတို့ ရွှေ့ပြောင်းမှု သမိုင်းကွင်းဆက်များကို ဖော်ထုတ်ရန် အထူးစိတ်ဝင်စား ခဲ့ခြင်း ဖြစ်သည်။ ရခိုင်များကို တြိပူရတွင် မောဂ်ဟု လည်းကောင်း၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ စစ်တကောင်း တောင်တန်းဒေသတွင် မရမာ ဟု လည်းကောင်း ခေါ်ဝေါ်ကြကြောင်း စင်ကာပူ အမျိုးသား တက္ကသိုလ် (National University of Singapore) တွင် ဒေါက်တာဘွဲ့ အတွက် သုတေသနပြုနေ...