Posts

Showing posts with the label ရခိုင် သို့မဟုတ် မရမာ သို့မဟုတ် မြမ္မာ ( မြန်မာ )

ရခိုင် သို့မဟုတ် မရမာ သို့မဟုတ် မြမ္မာ ( မြန်မာ )

Image
ရခိုင် သို့မဟုတ် မရမာ သို့မဟုတ်မြမ္မာ *==========================* ဝေသာလီ ကျောက်လှေကါးခေတ်တွင် ရခိုင်သားကို မရမာ ဟုခေါ်ကြောင်း တွေ့ရှိ ရသည်။ မြန်မာ ဟူသော စကါးလုံးကို မြမ္မာ ဟူ၍ ရခိုင်ပညာရှင်များ ရေးသားခဲ့ကြသည်။ ပဖဗဘမ ကြာသပတေး သောမဂြိုလ် စိုးသော မြမ္မာဟု ဆျန်းနိမိတ်ဖြင့် အဓိပ္ပါယ် ယူခဲ့ကြသည်။ တိုင်းပြည်ကို ထူထောင်သောရက်မှာ ဗုဒ္ဓဟူးနေ့ ဖြစ်သည်။ ပုဂံခေတ် မြန်မာသက္ကရာဇ် ၅၅၂ ခု အေဒီ ၁၁၉၀ ခုတွင် မြမ္မာဟူသော ဝေါဟါရ အသုံးကို တွေ့ရသည်။ထို့ပြင် ကျောက်စာ၏ မူရင်း အပြည့်အစုံကို မသိရသော်လည်း ကျန်စစ်သားမင်း လက်ထက် ၁၁၀၂ ခုတွင် ရေးထိုးသော ရှေးမွန် ကျောက်စာ၌ မိရမာ ဟုရေး ထိုးထားလေသည်။ မရမာ အကြောင်းကို အေဒီသက္ကရာဇ် ၁၂၈၃ ခုနှစ်တွင် လောင်းကြတ်မြို့ကို အစိုးရသော ဘုရင်မင်းထီးသည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာတွင် ကုသိုလ် ကောင်းမှုပြုစဉ် ကျောက်စာရေးထိုး၍ မှတ်တမ်းတင်ခဲ့ပါသည်။ ထိုကျောက်စာ၌ မရမာမင်း လာလတ်၍ ဟု ပါရှိလေရာ ရခိုင်ကိုပင် မရမာ ဟုခေါ်ကြောင်း ထင်ရှားလေသည်။ ထို့ပြင် သက္ကတ ဘာသာဖြင့် ရေးထားသော သရောဒယ (သရဒွေး) ကျမ်းကို မရမာ ဘာသာ ဖြင့် ဖွင့်ပေလတ္တံ့ ဟု စာရေးသူ က ချီးထားလေရာ မရမာဆိုသည်မှာ ရခိုင်ကို ဆိုကြောင်း သိသာလေသည်။...