
အာနန္ဒစန္ဒမင်းကျောက်စာ (ဂါထာ-၃၃)ပါ မင်းအမည်သည် “မဟာဝီရမင်း” မဟုတ်ကြောင်းရှင်းလင်းချက် ******************************************* ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်းဘုရားရှိ “အာနန္ဒစန္ဒြမင်းသင်္ဂါယနာတင်မော်ကွန်းကျောက်စာ”တွင် ရခိုင်ဝေသာလီတွင် စိုးစံခဲ့သော မင်းဆက်သုံးဆက် ရေးထိုးပါရှိသည်။ ပထမမင်းဆက်သည် (ဂါထာ-၃)မှ (ဂါထာ- ၁၇)ထိဖြစ်ပြီး၊ ထိုမင်းဆက်၌ မင်း(၁၅)ပါး ရှိသည်။ ပထမမင်းဆက်တွင် အစဦးဆုံး မင်းအမည်မှာ ပျက်နေပြီး နောက်ဆုံးမင်းအမည်မှာ “လင်္ကီမင်း” ဖြစ်သည်။ ထိုမင်း(၁၅)ပါးတို့၏ နန်းစံနှစ်ကို (ဂါထာ-၁၈)တွင် “ တစ်ထောင်နှစ်ထက် ဆယ်ခြောက်ခါ ပိုသည်” (၁၀၆၀) ဟူ၍ ရေး ထိုးပါရှိသည်။ ဒုတိယမင်းဆက်သည် (ဂါထာ-၁၉)မှ (ဂါထာ-၃၁)ထိဖြစ်သည်။ ဤမင်းဆက်တွင် ဒွင်္စန္ဒြမင်းမှ အစပြုကာ ဓရိတိစန္ဒြမင်းထိ မင်း(၁၃)ပါး ရှိသည်။ ထိုမင်းတို့၏ နန်းစံနှစ်ပေါင်းကို (ဂါထာ-၃၂) တွင် “ တစ်ရာနှစ်ခါထက် သုံးဆယ်ပိုသည်” (၂၃၀) ဟုရေးထိုးထားသည်။ တတိယမင်းဆက်သည် (ဂါထာ-၃၃) မှ (ဂါထာ-၄၅) ထိဖြစ်သည်။ တတိယမင်းဆက်တွင် ဓမ္မရာဇမင်းမှ အစပြု ကာ အာနန္ဒစန္ဒြမင်းထိ မင်း(၉)ပါး ရှိသည်။ ကျောက်စာတွင် ရေးထိုးပါရှိသည့် ထိုမင်းတို့၏ နန်းစံနှစ်...