Posts

Showing posts with the label သမုဒ္ဒ ဂီရိမြို့ (ခေါ်) စစ်တွေမြို့

သမုဒ္ဒ ဂီရိမြို့ (ခေါ်) စစ်တွေမြို့

Image
သမုဒ္ဒ ဂီရိမြို့ (ခေါ်) စစ်တွေမြို့  ~~~~~~~~~~~~~ ဤမြို့သည် မြန်မာဘုရင်တို့ နောက်ဆုံးမြို့တော် မန္တလေးမြို့ ထက် အသက်သုံးဆယ် ပို၍ကြီးသည်၊  အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ (၁၈၂၄ /၂၅)တွင် စစ်နိုင်လိုက်သဖြင့် ရခိုင်နှင့် တနင်္သာရီကို အပိုင်ရရှိသော အင်္ဂလိပ်တို့သည် ရခိုင်တိုင်း မြို့တော်အဖြစ် စစ်တွေကျွန်း၏ အရှေ့အရပ်၌ စစ်တွေမြို့ကို ၁၈၂၆- ခု ဇန်နဝါရီလ ၁၂ရက်တွင် တည်ထောင်ခဲ့လေသည်၊ ဤမြို့ကို ဒေ သခံတို့က စိုက်တွယ်ဟု ခေါ်နေသော်လည်း ခေတ်သုံး မြန်မာဝေါဟာရတွင်မူ စစ်တွေဟုသာ ခေါ်သည်၊ စစ်တွေမြို့သည် ရခိုင်တို့၏ ပင်မသွေးကြောလည်းဖြစ်၊ ရခိုင်ယဉ်ကျေးမှုတို့ ဖွံ့ဖြိုးစည်ပင်ရာ အရပ်ဌာနလည်းဖြစ်သည့် ကစ္ဆပနဒီ ခေါ် ကုလားတန်မြစ်၏ မြစ်၀ပိုင်း လက်ဝဲကမ်းတွင် တည်ရှိသည်၊ မြို့၏တောင်ဘက်သည် ကား ဘင်္ဂလားပင်လယ်အော် ဖြစ်သည်၊ ပင်လယ်သမုဒ္ဒရာအနီး၌ မြို့တည်ခဲ့၍ ရှေ့ဟောင်းစာပေများတွင် သမုဒ္ဒဂီရိမြို့ ဟု တွေ့ရသည်၊ စာသုံးပေသုံးတွင် သမုဒ္ဒဂီရိ မြို့စစ်တွေဟုလည်း တွေ့ရသည်၊ စစ်တွေမြို့တည်ရှိရာ စစ်တွေကျွန်းသည် တောင်ဟူ၍မရှိ၊ ရခိုင်ကမ်းခြေတွင် တောင်မရှိသည့်မြို့ဟူ၍ စစ်တွေတစ်ခုတည်းသာ ရှိပေသည်၊ စစ်တွေကျွန်းသည် အရှေ့ဘက်တွင် ကုလားတန်မြစ်...