ငစည်ကပွဲ (စဆုံး) #မာန်အောင်ပီယ

ငစည်ကပွဲ (စဆုံး) #မာန်အောင်ပီယ ငစည်ကပွဲသည် ရခိုင်၏ ယဉ်ကျေးမှုတရပ်ဖြစ်ပေသည်။ ယဉ်ကျေးမှုဟူသည်မှာလည်း လူတမျိုးသည် အခြားလူမျိုးများနှင့် မတူသော ထုံးစံဓလေ့ အကအခုန် အနုပညာစသည်တို့ပင်ဖြစ်သည်။ ငစည်ကပွဲမှာ ရခိုင်၏ ယဉ်ကျေးမှုတရပ်ဖြစ်သည်သာမက ရဇ၀င်အထောက်အထားရသော ကပွဲလည်းဖြစ်၊ အနုပညာမြောက် ဂုဏ်ရသမြောက် ကပွဲလည်းဖြစ်သဖြင့် လူတိုင်းပင် ကြိုက်နှစ်သက်ကြသည်။ ရှေးရခိုင်ဘုရင်များ လက်ထက်အခါကမူ ဘုရင်မင်းမြတ်၊ မိဖုရားနှင့် မောင်းမမိဿံ အခြွေအရံတို့အား နန်းတော်တွင်းတွင် ကပြအသုံးခံသော ကပွဲလည်းဖြစ်သည်။ နန်းတွင်းကပွဲတခုဖြစ်ပေသည်။ ဤငစည်ကပွဲကို နန်းတော်တွင်း၌ ကပြရခြင်းမှာ စိတ်လက် ညစ်ညူးသော နန်းတော်သူ၊ နန်းတော်သားများအား ရွှင်လန်းရယ်မောစေလိုသောကြောင့်၎င်း၊ ငစည်ဇာတ်လမ်း၏ အခြေခံမှာလည်း မိမိလင်ယောက်ျား ဘုရင်မင်းမြတ်အပေါ်တွင် မကောင်းကြံသော မိဖုရားသည် နောက်ဆုံး ဒုက္ခရောက်ရသည်ဖြစ်ရာ ထိုဇာတ်လမ်းဖြင့် မိဖုရား၊ မောင်းမတို့အား ဆုံးမသွန်သင်ခြင်းတရပ်ဖြစ်စေလိုသောကြောင့်၎င်း ဖြစ်ဟန်တူသည်။ ငစည်သီချင်းမှာ သာချင်းခေါ် ရခိုင်လင်္ကာတမျိုးဖြင့် စပ်ဆိုထားရာ ညီညွတ်ပြေပြစ်သော ကာရန်များကြောင့် နားထောင်ရသူများအဖို့ နားဝင်ချိုလှပေသည်။ "ဤ...