ရခိုင်တော်ဝင်မင်းသား ဒွန်မာတင်၏ သမိုင်းကြောင်း"

" ရခိုင်တော်ဝင်မင်းသား ဒွန်မာတင်၏ သမိုင်းကြောင်း" မြန်မာဘုရင် အနောက်ဖက်လွန်မင်းလက်ထက် အေဒီ ၁၆၀၅ – ၂၈ ၊ ၁၆၁၃ ခုနှစ်တွင် သန်လျင်ရှိ ပေါ်တူဂီခြေကုပ်စခန်းကို အလုံးအရင်းနှင့်ဖြိုခွင်းပြီး ပေါ်တူဂီလူရမ်းကားခေါင်းဆောင် ငဇင်ကာ ( ဖီလစ်ဒီဘရစ်တို) နှင့် ကြံရာပါ နတ်သျှင်နောင်တို့ကို အဆုံးစီရင်ကြောင်းနှင့် နောက်လိုက်နောက်ပါတို့အား သစ္စာပေးပြီး ရွှေဘို ၊ မုံရွာ ၊ အညာသို့ပြောင်းရွေ့ခြေရာချကာ အမှုတော်ထမ်းစေခဲ့သော သမိုင်းအကြောင်းကို ရဟန်းရှင်လူ မြန်မာပြည်သူတို့ အသိများသည် ။ သို့သော် ဤဆောင်းပါးတွင် ဖော်ပြမည့် ရခိုင်သမိုင်းဝင် ဖြစ်ရပ် ကိုမူ သိသူမများသေးဟုထင်ပါသည် ။ ရှေးခေတ်ရခိုင်ပညာတတ်တို့ကား သိကြသည် ။ ယနေ့ ရခိုင်တိုင်းရင်းသား မျိုးဆက်သစ်များအဖို့ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေပေလိမ့်မည် ။ ထို့ကြောင့် မယုံရင်ပုံပြင်ဟု မှတ်ဆိုလောက်သော အောက်ဖော်ပြပါသမိုင်းဖြစ်ရပ်များကို အကျဉ်းချုံးဖော်ပြလိုက်ပါသည် ။ ခရစ်နှစ် ၁၆၁၀ တွင် မြောက်ဦးမင်းဆက်မှ ခုနစ်ဆက်မြောက်မင်းဆက်ဖြစ်သော မင်းရာဇာကြီး၏ သားတော်ငယ် ၊ စစ်တကောင်း မင်းမန်ကြီး သည် နောင်တောင် အိမ်ရှေ့မင်း မင်းခေမောင်းနှင့် မသင့်မတင့် သော်ကြောင့် ထိုအချိန်က ရခိုင်ရေမြ...