မြန်မာဘာသာစကားဖြင့် ရေးထိုးထားသော ကျောက်စာဆိုတာ မြန်မာနိုင်ငံမှာ မရှိပါ။

မြန်မာဘာသာစကားဖြင့် ရေးထိုးထားသော ကျောက်စာဆိုတာ မြန်မာနိုင်ငံမှာ မရှိပါ။ ◤◢◣◥◤◢◣◥◤◢◣◥◤◢◣◥◤◢◣◥◤◢◣ ◢◣◥ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ဗမာသမိုင်းဆရာအသီးသီးတို့သည် ရှေးစာပေ၊ ရှေးကျောက်စာ စသည့် စာပေအကြောင်းကို ပြောတဲ့အခါ ပါဠိ ၊ သက္ကတ၊ မွန် ၊ ပျူ ၊ မြန်မာ ။ ဒီလောက်ပဲ ပြောလေ့ပြောထားရှိတယ်။ အဲ့လောက်ပဲ အဆုံးသတ်ထားတယ်။ ရခိုင်ကို ထည့်မပြောဘူး။ အခုတော့ မြန်မာနိုင်ငံ မောင်သာ(ရှေးဟောင်းသုတေသန)မှရေးတဲ့ ဆောင်းပါးတစ်ခုမှာ (မြန်မာအလင်း သတင်းစာပါ)မှာ မြန်မာနိုင်ငံရှေးဟောင်းကျောက်စာများမှာ ပါဠိ ၊ သက္ကတ၊ မွန်၊ ပျူ ၊ မြန်မာ ၊ ရခိုင် စသဖြင့် (ရခိုင် )ကိုပါ ထည့်ပြောထားတာ ရှားရှားပါးပါးတွေ့ရနေရတယ်။ ဒါအလွန် တွေ့ရခဲ့သော အရာတစ်ခုပဲ။ ရခိုင်ကို သိပ်ပြီး ထည့်ပြောလေ့ပြောထား မရှိကြပါဘူး။ ရခိုင်ကိုပဲ မြန်မာ၊ ဗမာ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ထည့်ထားတာလား။ ဒါမှမဟုတ် ရခိုင်ကို သီးသန့် ဥပေက္ခာပြုထားတာလားပေါ့လည့်။ ဒါပေမယ့် တကယ့် အစစ်အမှန် မြန်မာနိုင်ငံမှာ ဘာသာစကားဖြင့် ရေးထိုးထာသော ရှေးကျောက်စာများမှာ.. ပါဠိ ၊ သက္ကတ၊ ရခိုင် ၊ ပျူ ၊ မွန် ၊ ဒီလောက်ပဲ တွေ့ရပါတယ်။ မြန်မာဆိုတာ မရှိပါဘူး။ မြန်မာဘာသာစကားဆိုတာ ဘာကိုခ...