စာရေးသားနည်း၏ “ စံ ” အဖြစ် အားထားရာ အာနန္ဒစန္ဒြမင်းကျောက်စာ
စာရေးသားနည်း၏ “ စံ ” အဖြစ် အားထားရာ အာနန္ဒစန္ဒြမင်းကျောက်စာ ****************************** =============================== ယနေ့မြန်မာနိုင်ငံတွင် ရေးသားနေကြသော စာအရေးအသား ရေးသားနည်းများသည် ခေတ်အဆက်ဆက် သုတ်သင်တည်းဖြတ်လာခဲ့သောကြောင့် စနစ်ကျသော စာရေးသားနည်းပုံစံ ရောက်ရှိလာခြင်းဖြစ်ပေသည်။ ထိုစာရေးသားနည်းများသည် ရှေးက မင်း၊ ပညာရှိ၊ စာဆိုတော်၊ စာပေပညာရှင် က၀ိကျော် ဆရာ့ ဆရာကြီးများ က ကျောက်စာ ပေစာ၊ မော်ကွန်းစာ၊ ကြေးပြားစာ၊ အုတ်ချပ်စာ၊ ပေစာများတွင် ရေးထိုးထားခဲ့သော ရေးနည်း များ ကို မှီငြမ်းအတုယူက ပြုပြင်လာသောကြောင့် စနစ်ကျသော ရေးနည်း( စံ ) တစ်ခုအဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဆိုလျှင် မှားမည်မဟုတ်ပေ။ * ထို စနစ်ကျသော စာရေးနည်း (စံ)တစ်ခု အဖြစ် ရေးသားနည်းကို ခြေရာခံ လေ့လာကြည့်ရာ၌ ယနေ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်း ဘုရားမုခ်ဝ ဘယ်ဘက်တွင် (649 A.D) တွင် ရခိုင်ဝေသာလီပြည်ရှင် အာနန္ဒစန္ဒြမင်းကြီးသည် နာဂရီအက္ခရာ သက္ကတဘာသာဖြင့် ရေးထိုးခဲ့သော အာနန္ဒစန္ဒြကျောက်စာပါ စာအရေးအသားများ သည် စာရေးနည်း“ စံ ” တစ်ခုအတွင်းမှာ စနစ်တကျ ရှိနေသည်ကို အထက်ဇယားပါ ကျောက်စာမင်ကူးပုံများကို ကြည့်ခြင်း အာ...