Posts

Showing posts with the label ရခိုင်စကားပြောတတ်ရေ ဂျပန်ပြည်က ကျေးရွာ တစ်ရွာ

ရခိုင်စကားပြောတတ်ရေ ဂျပန်ပြည်က ကျေးရွာ တစ်ရွာ

Image
#ရခိုင်စကားပြောတတ်တေဂျပန်ပြည်က ကျေးရွာတရွာ ကွယ်လွန်သူ အဆင့်မြင့်ပညာ ညွှန်ကြားရေးမှုးချုပ် ဆရာကြီး ဦးစံသာအောင် ပြောပြ  စွာပါ။ ဆရာကြီး ဂျပန်ကိုလေ့လာရေးခရီးစဉ် တခုနန့် ရောက်ခခါ ဂျပန်ကျေးလက် ရွာတ ရွာကိုရောက်ခပါရေ။ ယင်းရွာက ဒုတိယကမ္ဘာစစ်ပြန် တပ် ခွဲတ ခွဲကစစ်သားတိ စုပေါင်း ရွာတည်ထားစွာပါ။ စစ်ကာလမှာ သူရို့တပ် ခွဲရေ စစ်တွေခရိုင်ဖက်မှာ တာ၀န်ကျခ ရေအတွက် ရခိုင်စကားတတ်ခကတ်ရေ။ သူရို့တတ်ခရေ ရခိုင်စကား မမိန့်ရ အောင်ရွာထဲမှာ အချင်းချင်းပြောကတ်၊သားသမီးတိကို သင်ပီးကတ်ရေ။ မြန်မာပြည်က လာလူတိကို သူရို့ရွာကိုဖိတ်လို့သူရို့တတ်ရေ ရခိုင်စကားနန့်ပြောဆိုနှတ်ဆက် ကတ်ရေ။ လာလူတိက သူရို့ပြောစွာ နားမလည်။သူရို့ကလည်း လာလူတိ ပြောစွာ နားမလည်ဖြစ်နီကတ်ရေ။ ဆရာကြီးရောက်လားခခါ သူရို့ပြောစွာနားလည်၊ ဆရာကြီးပြောစွာကိုလည်း သူရို့နားလည်ခါ က ကောင်း၀မ်းသာကတ်တေ။ ဆရာကြီးကမင်းရို့တတ်စွာဗမာစကားမဟုတ် မင်းရို့ရောက်ခစွာရခိုင်ပြည်၊ရခိုင်စကားရာ ပြောကတ်တေလို့မြေပုံတိနန့်ရှင်းပြခါ ငရို့ပြောတတ်တေ စကားကိုပြောရေ ဒေသက လူရောက်နီရေလို့ မိသားစုတိကိုခေါ်လို့ မိတ်ဆက်ပီးကတ်၊ အိမ်ကိုလည်ဖို့ခေါ်ကတ်ရေ။ ပြန်ခါလေ့တရွာလုံးလိုက်ပို့ကတ်ရေလတ်။ Credit  FB...