Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်စကားပြောတတ်ရေ ဂျပန်ပြည်က ကျေးရွာ တစ်ရွာ

#ရခိုင်စကားပြောတတ်တေဂျပန်ပြည်က ကျေးရွာတရွာ

ကွယ်လွန်သူ အဆင့်မြင့်ပညာ ညွှန်ကြားရေးမှုးချုပ် ဆရာကြီး ဦးစံသာအောင် ပြောပြ  စွာပါ။
ဆရာကြီး ဂျပန်ကိုလေ့လာရေးခရီးစဉ် တခုနန့်
ရောက်ခခါ ဂျပန်ကျေးလက် ရွာတ ရွာကိုရောက်ခပါရေ။
ယင်းရွာက ဒုတိယကမ္ဘာစစ်ပြန် တပ် ခွဲတ ခွဲကစစ်သားတိ
စုပေါင်း ရွာတည်ထားစွာပါ။ စစ်ကာလမှာ သူရို့တပ် ခွဲရေ
စစ်တွေခရိုင်ဖက်မှာ တာ၀န်ကျခ ရေအတွက်
ရခိုင်စကားတတ်ခကတ်ရေ။
သူရို့တတ်ခရေ ရခိုင်စကား မမိန့်ရ အောင်ရွာထဲမှာ
အချင်းချင်းပြောကတ်၊သားသမီးတိကို သင်ပီးကတ်ရေ။
မြန်မာပြည်က လာလူတိကို သူရို့ရွာကိုဖိတ်လို့သူရို့တတ်ရေ
ရခိုင်စကားနန့်ပြောဆိုနှတ်ဆက် ကတ်ရေ။
လာလူတိက သူရို့ပြောစွာ နားမလည်။သူရို့ကလည်း လာလူတိ
ပြောစွာ နားမလည်ဖြစ်နီကတ်ရေ။
ဆရာကြီးရောက်လားခခါ သူရို့ပြောစွာနားလည်၊
ဆရာကြီးပြောစွာကိုလည်း သူရို့နားလည်ခါ
က ကောင်း၀မ်းသာကတ်တေ။
ဆရာကြီးကမင်းရို့တတ်စွာဗမာစကားမဟုတ်
မင်းရို့ရောက်ခစွာရခိုင်ပြည်၊ရခိုင်စကားရာ
ပြောကတ်တေလို့မြေပုံတိနန့်ရှင်းပြခါ
ငရို့ပြောတတ်တေ စကားကိုပြောရေ ဒေသက လူရောက်နီရေလို့ မိသားစုတိကိုခေါ်လို့
မိတ်ဆက်ပီးကတ်၊ အိမ်ကိုလည်ဖို့ခေါ်ကတ်ရေ။ ပြန်ခါလေ့တရွာလုံးလိုက်ပို့ကတ်ရေလတ်။
Credit 
FB. . ဆရာကြီး Kyaw Maung




Comments